Monday, November 29, 2010

ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၂)

သမိုင်းအမြင်မှန်ပြဿနာ၊ ကျန်းမာရေးဗဟုသုတနှင့် ခေါက်ဆွဲဒဿန (အမှာစာ)


လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ - ၁၉၆၂ အတွင်း Democratic Republic ဖြစ်ဖို.ရာ ဦးနု၊ ဦးသန်.တို.က ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း ကောင်းစွာအမြစ်မတွယ်ခဲ့ဘဲ ထိုကာလတ၀ိုက်ကို မီလိုက်သူ (သက်ကြီးပိုင်း) လူဦးရေမှာ ယခုအချိန်တွင် လက်တစ်ဆုပ်စာမျှသာ ကျန်တော့မည်ကို တွေးကြည့်မိသည့်အခါ မျိုးဆက် ပြတ်တောက်မှု၊ ကွာဟမှုပြဿနာ (သို.) သမိုင်းအမြင်မှန်ရှိသူနှင့် မရှိသူကြား ဂယက်များ မကြာခင် ဆိုးဆိုးရွားရွား ရိုက်ခတ်တော့မည်ဟု ကြိုမြင်မိ၏။ (သက်ဦးဆံပိုင်ဘုရင်စနစ် မရှိသော နိုင်ငံတိုင်းကို Republic ဟု အလွယ်ခေါ်နိုင်လေသည်။ A Republic = A State without A Monarch /// Republic မှာမှ အမျိုးမျိုးကွဲနေသေးသည့် အကြောင်းကို နောင်ကြုံရင် ရေးပါဦးမည်)

နိုင်ငံရေးဗဟုသုတ (Political Knowledge) ဆိုသည် ကျန်းမာရေးဗဟုသုတ (Health Knowledge) နှင့် အတူတူပဲဟု ထင်သည်။ ဥပမာအလွယ်ပေးရရင် မကျန်းမာတဲ့လူတစ်ယောက်အဖို. နေပြန်ကောင်းအောင် ဘယ်လိုဆေးမျိုး သောက်ရမလဲ၊ အားရှိအောင် ဘယ်လို အစားအစာမျိုး စားသင့်သလဲ၊ ဘယ်လိုဟာမျိုး ရှောင်စားသင့်သလဲ၊ ဘယ်လိုအနေအထိုင်မျိုး ဆင်ခြင်သင့်သလဲဆိုတာ စဉ်းစား လုပ်ရသလိုမျိုးပဲ နိုင်ငံရေးမှာလည်း ဘယ်လိုပါတီတွေကို မဲပေးသင့်သလဲ၊ ဘယ်လို ၀ါဒတွေကို ရှောင်ရှားသင့်သလဲ၊ ဘယ်လို အယူအဆတွေကို နားမယောင်သင့်ဘူးလဲ စသည်တို.ကို စဉ်းစား ဆုံးဖြတ် ရွေးချယ်ရခြင်းမျှသာ။ ဆေးမှားသောက်မိပါက ရောဂါပိုဆိုး၊ ပိုတိုးနိုင်ပါသည်။ အစားမှားလျှင်လည်း နာတာရှည်၊ နလံမထနိုင်အောင် ဖြစ်သွားနိုင်သည်။ ဆေးမြီးတိုများ၊ တရားမ၀င်တိုင်းရင်းဆေးများကို အထူးရှောင်ရှားသင့်သည်။ မင်းသား၊ မင်းသမီးများနှင့် ဝေေ၀ဆာဆာကြော်ငြာထားတိုင်းလည်း ဆေးမှာ ကောင်းချင်မှ ကောင်းတတ်၏။ အင်္ဂလိပ်ဆေးဆိုတိုင်းလည်း ယုံကြည်လို.မရဘဲ Expired Date စစ်ကြည့်ရန်၊ ကိုယ့်ရောဂါနှင့် ကိုက်မကိုက် ကြည့်ရန်လည်း မပေါ့လျော့သင့်ပါ။ ဆေးဆိုင်မှ ညာရောင်းတိုင်း မယုံကြည်မိဖို. အင်မတန်အရေးကြီးပါသည်။ မြန်မာပြည်နိုင်ငံရေးသည်လည်း ထိုသဘောမျှပင် ဖြစ်သည်ဟု ထင်မြင်မိ၏။

နိုင်ငံရေးပါတီဆိုသည်မှာ တကယ်တော့ ခေါက်ဆွဲခြောက်အမှတ်တံဆိပ်မျိုးစုံသဘောပင် ဖြစ်ပါသည်။ ပြည်သူလူထုဆိုသည်မှာ ခေါက်ဆွဲ ရွေးချယ်ဝယ်စားကြရသူများ ဖြစ်၏။ ၀ယ်စားရသည့် ကုန်ကျစရိတ်နှင့်တန်အောင် လုပ်ပေးရမည့် ခေါက်ဆွဲတို.၏ အလုပ်မှာ အရသာကောင်းကောင်းနှင့် တကယ်ဗိုက်ပြည့်စေရန်ဖြစ်၏။ ရွေးကောက်ပွဲဆိုသည်မှာ ခေါက်ဆွဲမျိုးစုံကို ခင်းကျင်းပြသ ရောင်းချသော ပွဲဖြစ်၏။ တချို.ခေါက်ဆွဲများမှာ Soda များ၍ အစားများလျှင် ခေါင်းဖြူနိုင်၏။ တချို.ခေါက်ဆွဲများမှာ ကိုရီးယားမှ လာသည့် (Kimchi) ဟု ကြော်ငြာထားသော်လည်း ခေါက်ဆွဲထုပ်အဖုံးစာလုံးသာ ကိုရီးယားဖြစ်ပြီး အထဲမှာ အတုအယောင်ပေါက်တတ်ကရတွေသာ ဖြစ်တတ်၏။ တချို.ခေါက်ဆွဲတွေကျတော့ ဈေးပေါလွန်း၍ အပြင်ပန်းအရ ရောင်းအကောင်းဆုံးဟု ထင်ရသည်။ (ဈေးပေါသော်လည်း အရသာမှာတော့ ဆွဲဆောင်မှု လုံးဝမရှိ) တချို.ခေါက်ဆွဲတို.မှာ ကုမ္ပဏီ ဒေ၀ါလီခံကြရပြီး ဖျက်သိမ်းခံကြရ၏။ တချို.ကျတော့ တကယ်ကောင်းအောင် လုပ်ထားသော်လည်း ဈေးကွက်ဝေစုကန်.သတ်ချက်များ၊ ငွေအရင်းအနှီးမတတ်နိုင်မှုများကြောင့် မတွင်ကျယ်နိုင်ဖြစ်နေရ၏။ တချို.မှာမူ ဈေးကွက်ဝေစုနည်းသော သီးသန်.ဈေးကွက် (Niche Market) ကိုသာ အာရုံစိုက် စီးပွားရှာကြသည်ကို တွေ.ရ၏။ တချို.မှာ ဈေးကွက်ကို လက်ဝါးကြီးအုပ် (Monopolization) လုပ်ထားကြ၏။ တချို.ကျတော့ ဈေးကွက်ဦးဆောင်သူ (Leaders) တို.၏ နောက်လိုက် (Followers) လုပ်တတ်ကြကာ တချို.ကတော့ ဈေးကွက်စိန်ခေါ်သူများ (Challengers) နေရာမှ ဦးဆောင်သူတို.နေရာကို ၀င်ယူနိုင်ရန် စိန်ခေါ်နေကြဆဲ။ ဤသည်တို.ကား အတက်အကျ၊ အကွေ.အကောက်၊ ပေါက်ကွဲမှုများစွာ၊ ရှုပ်ထွေးမှုများစွာတို.ဖြင့် ပြည့်နှက်ရောပြွမ်းနေသော မြန်မာပြည်နိုင်ငံရေး အခြေအနေအရပ်ရပ်တို.ကို ခေါက်ဆွဲဖြင့် နှိုင်းယှဉ်ကြည့်မိခြင်းပင် ဖြစ်လေတော့သတည်း။

တပ်မတော်ဆိုသည်မှာ CCTV လုံခြုံရေးကင်မရာ ဖြစ်သလို အချက်ပြသံပေးရန်တို.အတွက်လည်း လိုအပ်၏။ ဆိုင်တွင်း ဖောက်ထွင်းကျူးကျော်သူတို.ကို စောင့်ကြည့်ဖမ်းဆီးပေးနိုင်ရန်လည်း ဖြစ်၏။ ဆိုင်တွင်း၌ ကျင်းပသော ခေါက်ဆွဲအရောင်းခန်းမအပြင်ဘက်နှင့် ဆိုင်ပေါက်ဝကိုသာ စောင့်ကြည့်ပေးရန် မဖြစ်မနေ လိုအပ်ခြင်းမျိုးလည်း ဖြစ်၏။



အပိုင်း (၁) ကောက်ကြောင်း

အပိုင်း (၁) မှာတုန်းက ဒီမိုကရေစီ စကားလုံးဖွင့်ဆိုချက်၊ ပြည်သူ.ဆန္ဒ တိုက်ရိုက်ခံယူတဲ့ (Direct Referendum) ကျင့်သုံးတဲ့ Direct Democracy ဖြစ်တဲ့ Athenian Democracy အကြောင်း၊ သက်ဦးဆံပိုင်စနစ် (Autocracy/Oligarchy/Monarchy/Aristocracy) တို. လူ.သမိုင်းအဆက်ဆက်တွင် အုပ်စိုးခဲ့ရာမှ ဒီမိုကရေစီ ပွင့်ထွက်ပေါက်ဖွားလာပုံနှင့် ဖြတ်သန်းရာသမိုင်းအကျဉ်းချုပ်နှင့် ခေတ်သုံးဆက် (အကျဉ်းပဲ ကောင်းပါတယ်၊ သမိုင်းမှန်သမျှ အကုန်သိနေစရာ မလိုဘူးလေ၊ အကုန်လည်း မမှတ်မိနိုင်ဘူး) နဲ. တစ်ကမ္ဘာလုံးနဲ. ဆိုင်တဲ့ စံသတ်မှတ်ချက်တန်ဖိုး (ဒီမိုကရေစီ တန်ဖိုး) တို.ကို ရေးခဲ့ပါတယ်။ အမှာစာကတည်းက ရေးထားခဲ့သလို Primer အဆင့်၊ မူကြိုဖတ်စာအဆင့်လို. ကြိုတင် ထပ်စကားခံပါရစေ။ ကျွန်တော့်မှာ နိုင်ငံရေးစာအုပ်ကျမ်းဂန်တွေ မရှိပါဘူး။ မှီငြမ်းဝက်ဘ်ဆိုက်လိပ်စာတွေကလည်း လက်တစ်ဆုပ်စာလောက်လေး။ စာအုပ်လည်း မဖတ်ဖြစ်ပါဘူး။ စာအုပ်ဈေးတွေလည်း ခေါင်ခိုက်ပါတယ်။ လိုချင်တဲ့ စာအုပ်တစ်အုပ် လက်ထဲရောက်လာဖို.ဆိုတာ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ရပါတယ်။ ဥပမာ - The World is Flat လို၊ Huntington ရေးတဲ့ The Third Wave: Democratization in the Late Twentieth Century လို စာအုပ်တွေကို တကယ့်စာအုပ်အနေနဲ. မဖတ်ဖူး၊ မမြင်ဖူးသေးပေမယ့် အဲဒီစာအုပ်အကြောင်း အကျဉ်းချုံး (Summary) ရေးထားတဲ့ ဆောင်းပါးတွေနဲ. ဝေဖန်ရေးမှတ်ချက်တွေကို အွန်လိုင်းပေါ်မှာ ကြည့်လို.ရတဲ့အတွက် အဆင်ပြေရပါတယ်။ အဲဒီလိုဟာမျိုးလေးတွေကို အခြေခံပြီး ဒီမှတ်စုတွေ ရေးဖြစ်ပါတယ်။ တချို.ဆောင်းပါးတွေက ၀ါဒဖြန်.ရေးသဘောတွေ ပါတာရှိတတ်လို. ဓမ္မဓိဌာန်ကျကျ ရေးထားတဲ့ ဆောင်းပါးတွေကို ရှာဖတ်ရပါတယ်။ ကောက်ကြောင်းထဲမှာ ကြုံတုန်း အသံထွက်ကိစ္စပါ ပြောချင်ပါတယ်။ Democracy ကို `ဒမော့ကရေစီ´ လို. UK English Accent အသံထွက်အတိုင်း မရေးဘဲ၊ မြန်မာစာအဘိဓာန်တွေမှာ တွေ.ရသလို `ဒီမိုကရေစီ´ လို.ပဲ အလွယ်တကူ ဆက်သုံးသွားပါမယ်။


၂းဝ။ ။ ကျောရိုးထောက်တိုင်များနှင့် အဓိက အုပ်ချုပ်မှုစနစ်နှစ်မျိုး



၂း၁ ။ ။ ဒီမိုကရေစီ ကျောရိုးထောက်တိုင်များ


နိုင်ငံရေးဖွင့်ဆိုချက်အမျိုးမျိုးအနက် လူသည် နိုင်ငံရေးသတ္တ၀ါ (Political Animal by Aristotle) ဟု ကြားဖူးသလို နိုင်ငံရေး၏ သားကောင်ဟုလည်း ကြားဖူး၏။ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရပ်တည်ရခြင်းသည်ပင် နိုင်ငံရေးဟု ဆိုကြသည်။ ယင်းတို.မှာ အပေါ်ယံဖွင့်ဆိုချက်များသာ ဖြစ်၍ ပါတီနိုင်ငံရေး (Party Politics) နှင့် အမျိုးသားနိုင်ငံရေး (National Politics) ကြား နယ်နိမိတ်ခြား၊ သတ်မှတ်ရန်လိုသည်။ အမျိုးသားရေးရှုထောင့်မှ ကြည့်၍ အဆင့်မြှင့်ဖွင့်ဆိုထားသော နိုင်ငံရေး (Politics) တွင် တိုင်းပြည်အရင်းအမြစ်များ၊ လုပ်အားများ၊ ကြွယ်ဝမှုများကို စီမံခန်.ခွဲမှု ဖြစ်၏။ Governance of a country of area နိုင်ငံဒေသတစ်ခုကိုသာ အုပ်ချုပ်ခြင်းကို ရည်ညွှန်းသည်။ ထိုသို. အုပ်ချုပ်ရာတွင် အုပ်ချုပ်သူတို.မှာ အားကောင်းလွန်းသော နိုင်ငံရေးပါဝါအဆင့်ကို ကောင်းကျိုးသုံးနိုင်သလို အလွဲသုံးစားပြုမှုများ ဖြစ်လာနိုင်သည်။ ထို.ကြောင့် ဒီမိုကရေစီအစိုးရပုံစံတွင် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ရေး (Free, fair and open elections)၊ တရားဥပဒေစိုးမိုးရေး (Rule of law) တို.အပြင် အာဏာခွဲဝေ၊ ခြားနားရေး (Separation of powers) သည်လည်း ၀ိသေသလက္ခဏာတစ်ရပ်ပင် ဖြစ်လေသည်။ ထုံးစံအတိုင်း ရှေးခေတ်ဂရိတွင် ပထမဆုံး အာဏာခွဲဝေမှု ရှိခဲ့ပြီး ထိုမှ ရောမသို. ရောက်သည်။ အများသိကြသည့်အတွက် အကြမ်းဖျင်းမျှသာ ပြောပါရစေ။ ဒီမိုကရေစီ၏ အဓိက ပုံမှန်မဏ္ဍိုင်နှင့် အာဏာကိုင်းခွဲ ၃ ခုတို.မှာ -

- ဥပဒေပြုအာဏာ (Legislative Power/ Law-making)
- အုပ်ချုပ်ရေးအာဏာ (Executive Power)
- တရားစီရင်ရေးအာဏာ (Judiciary Power) တို.ဖြစ်လေသည်။


အစိုးရကို အုပ်ချုပ်ရေးအာဏာ ပေး၍ ကျန်ပါဝါနှစ်ခုကို ဆိုင်ရာသို. လွှဲပြောင်းအပ်နှင်းရ၏။ အုပ်ချုပ်ရေးအာဏာဆိုသည် ဥပဒေပြုအာဏာမှ ပြဌာန်းထားသော ဥပဒေများအတွင်းသာ တိုင်းပြည်အုပ်ချုပ်ရန် ဖြစ်သည်။ တရားစီရင်ရေးအာဏာသည် တရားရုံးတော်အစုအဝေးကြီး (System of Courts) ၏ အာဏာဖြစ်ပြီး ဥပဒေပြုထားသည်များနှင့် ကိုက်ညီစွာ တရားသဖြင့် တရားစီရင်ရန် ဖြစ်သည်။ ထို ပါဝါသုံးမျိုးစလုံးသည် တစ်ခုနှင့်တစ်ခု သြဇာသက်ရောက်မှု မရှိစေရ။ ပါဝါသုံးခုစလုံး သီးခြားရပ်တည်ရှင်သန်နေခြင်းကပင် ဒီမိုကရေစီသဘောဆောင်သည်။ ထိုသို. ပါဝါခွဲခြားထားခြင်းသည် မင်းဆိုးမင်းညစ်တို.နှင့် အာဏာရှင်စနစ်တို.ကို ကာကွယ်ရာလည်း ရောက်စေသည်။ ဖွဲ.စည်းပုံအခြေခံဥပဒေပြဌာန်းချက်များကို ထိုအာဏာသုံးခုစလုံး အတိအကျလိုက်နာရန် လိုအပ်လေသည်။ ဖွဲ.စည်းပုံအခြေခံဥပဒေ (Constitution) ဆိုသည် ကလီကမာ လုပ်၍ မရ။ သူ.ပြဌာန်းချက်အတွင်းက ဥပဒေနှင့်သာ သူ.ကို လက်ဆော့၍ ရနိုင်သည်။ ဒီမိုကရေစီနိုင်ငံ တော်တော်များများတွင် အခြေခံဖွဲ.စည်းပုံတို.ကို အခြေအနေနှင့် လိုက်လျောညီထွေစွာ အနည်းနှင့်အများ ပြောင်းလဲလာခဲ့ကြသည်။ တစ်ခုရှိသည်မှာ စစ်မှန်သော ပြည်သူ.ဆန္ဒသည်သာ အဓိက အထွတ်အထိပ်ဖြစ်၍ မျိုးဆက်သစ်တို.၏ကောင်းကျိုးအတွက် ဖွဲ.စည်းပုံ ပြောင်းလဲလိုပါက ဘယ်အရာကမှ ပြည်သူတို.ကို တားဆီးနိုင်လိမ့်မည် မဟုတ်ကြောင်းကို ချက်နိုင်ငံ၊ ရိုမေးနီးယား၊ ပေါ်တူဂီ၊ စပိန်နှင့် ဖိလစ်ပိုင်နိုင်ငံတို.က သက်သေပြခဲ့ပြီး ဖြစ်သည်။ ဒီမိုကရေစီ၏ တခြားအရေးပါသော ကျောရိုးများမှာ -

- စစ်တပ်ကို အရပ်ဘက်မှ ထိန်းချုပ်ခြင်း (Civilian Control of the military)
- တာဝန်ခံနိုင်စွမ်း စောင့်ထိန်းမှု (Accountability)
- ကြည်လင်ရှင်းလင်းမှု (Transparency)

စစ်တပ်ကို အရပ်ဘက်ထိန်းချုပ်မှုမှာ ပဓာနကျ၏။ စစ်တပ်နှင့် အပေးအယူ မျှတရန်လိုပြီး စစ်တပ်မှလည်း ဒီမိုကရက်တစ် အရပ်ဘက်အစိုးရအပေါ် ယုံကြည်လေးစားမှု အပြည့်ရှိရသလို အစိုးရမှလည်း စစ်တပ်အပေါ် တာဝန်ခံ စောင့်ထိန်းပေးရ၏။ ထိုသို. တစ်ယောက်အလုပ်အပေါ် တစ်ယောက် အပြန်အလှန်ယုံကြည်လေးစားမှုများ တည်ဆောက်ခြင်းဖြင့် တိုင်းပြည်မငြိမ်သက်မှုများကြောင့် စစ်တပ်အာဏာသိမ်းမှုများ မဖြစ်ပွားအောင် ရှောင်ရှားကြရမည် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အလွန် သဘောတူညီချက်များအရ စစ်ရှုံးနိုင်ငံများဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ အီတလီတို.မှလွဲ၍ ကျန်နိုင်ငံများမှာ စစ်တပ်အင်အား အနည်းနှင့်အများ ပိုင်ဆိုင်ကြလေသည်။ တချို.နိုင်ငံများသည် မိမိနိုင်ငံကို ကမ္ဘာ.စင်မြင့်ပေါ် ဆွဲတင်လိုသဖြင့် စစ်အင်အားကို ဂုဏ်ကြန်အင်တစ်ရပ်အနေနှင့် အားဖြည့်သုံးစွဲကြ၍ ကမ္ဘာ.ဆင်းရဲမွဲတေမှုစာရင်းများမှာ လျော့ကျမသွား၊ တိုး၍သာ လာသည်။ လူအများ ငတ်ပြီးရင်း ငတ်လာကြချိန်မှာ တချို.နိုင်ငံတို.မှာ နျူးကလီးယားလုပ်သူလုပ်၊ စစ်သုံးလေယာဉ် ၀ယ်သူဝယ်နှင့် အလုပ်ရှုပ်၊ အရှုပ်လုပ်နေကြလေသည်။ ဆင်းရဲမွဲတေမှု၊ ပညာမတတ်မြောက်မှု၊ ရေရှားပါးမှု၊ သဘာဝ ဘေးအန္တရာယ်များ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ သယံဇာတပြတ်လပ်မှု၊ အလုပ်လက်မဲ့ပြဿနာများ၊ တိုင်းပြည် မတိုးတက်မှုပြဿနာတို.ကို ဖြေရှင်းရာတွင်မူ `အလုပ်ဖြစ်´ရုံသာ `အဖြစ်လုပ်´ နေကြသည်ကို တွေ.ရသောအခါ ကမ္ဘာကြီးအပေါ် စိတ်မကောင်းဖြစ်မိ၏။

စတုတ္ထမဏ္ဍိုင်

ကြည်လင်ပွင့်လင်းမှုထောက်တိုင်များကို ရရှိဖို.ရာ အစိုးရနှင့် လွတ်ကင်းသော စတုတ္ထမဏ္ဍိုင်ဟု တင်စားသတ်မှတ်ကြသည့် စာနယ်ဇင်းနှင့် ရုပ်သံ (Free Press/Free Media) လိုအပ်၏။ (E-democracy ပင်ဖြစ်ထွန်းနေသော အခုလို အိုင်တီခေတ်ကြီးတွင် အင်တာနက်ကိုလည်း အရေးပါသော စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်နိုင်သည်) မီဒီယာများမှ လွတ်လပ်စွာ ဖော်ပြချက်၊ လွတ်လပ်စွာ ရေးသားပြောဆိုခြင်းတို.ဖြင့် ပြည်သူလူထု မျက်စိကြီး နားကြီးစေရန် မှန်မှန်ကန်ကန် အသိပေးရမည် ဖြစ်သလို ကိုယ်စားပြုရမည် ဖြစ်သည်။ မီဒီယာတို.မှာ လွတ်လပ်ခွင့် ရှိရမည်ဆိုသော်လည်း အသိနှင့် ယှဉ်သည့် လွတ်လပ်မှုမျိုးကိုသာ အဓိက ရည်ညွှန်းလိုခြင်း ဖြစ်သည်။ တစ်စပ်တည်းမှာပင် နိုင်ငံရေးစကားနပန်းများကို ထုတ်လွှင့်ပြသ ရေးသားခွင့် ပြုပေးမှသာ ပြည်သူတို.မှာ လွတ်လပ်စွာ ရွေးချယ် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ထိုနိုင်ငံရေးဖြစ်စဉ်များ၊ ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ထားရန် လိုအပ်ပြီး အများပြည်သူရှေ. ဖွင့်ချပြသောအခါ တာဝန်ခံမှုများ၊ ကြည်လင်ပွင့်လင်းမှုများကို စောင့်ထိန်းနိုင်ရန် မီဒီယာတို.တွင် တာဝန်ရှိလေသည်။ ထိုမှသာ အစိုးရ၏ အသုံးမကျမှုများ၊ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းမှုများကို သိရှိ နားလည်နိုင်ပြီး နောင် ရွေးကောက်ပွဲ ကျင်းပ၍ မဲပေးကြသောအခါ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်၏။ အစိုးရ၏ လုပ်ရည်ကိုင်ရည် ကောင်းမကောင်း ဆိုသည်မှာ တိုင်းပြည်ပြဿနာတို.ကို မြန်မြန် ဖြေရှင်းနိုင်ခြင်း၊ ဘဏ္ဍာငွေ အများကြီး သုံးပြီး ဖြေရှင်းနိုင်ခြင်းတို.ကို ကြည့်၍ မရဘဲ ရေရှည်အကျိုးဆက်တို.ကို ကြိုတင်တွက်ချက် ဖြေရှင်းနိုင်ခြင်း ရှိမရှိ ၊ အမျိုးသားရေး အကျိုးစီးပွား (Public Interest/ National Interest) ဖြစ်စေခြင်း ရှိမရှိ ၊ လွတ်လပ် ပွင့်လင်း ကြည်လင်မှု (Transparency) တို.၏ အနာဂတ် ကောင်းမကောင်း တို.အပေါ် မူတည်၍ ပြည်သူတို.မှ ချိန်ထိုး ဆုံးဖြတ်တတ်ရမည် ဖြစ်၏။

ထိုသို. ချိန်ထိုး ဆုံးဖြတ်နိုင်ရန် ပြည်သူလူထုကို နိုင်ငံရေး အသိပညာ မျှဝေ ပို.ချပေးနိုင်ရန် လိုအပ်လာသည်။ အမေရိကတွင် ကျောင်းနေကလေးငယ်များကို တိုင်းပြည်အုပ်ချုပ်မှုစနစ်ကိုပါ တွဲဖက်သင်ကြားနိုင်ရန် ကြိုးပမ်းကြသည်။ ထို.ကြောင့် အမေရိကန်ဒီမိုကရေစီ၏ အာဏာခွဲခြားမှု (Separation of Powers) အောင်မြင် အဓွန်.ရှည်ရသည်ဟု ဆိုကြသည်။ ဒီမိုကရေစီနှင့် ကြာရှည်စွာ အသားကျနေပြီ ဖြစ်သော ဥရောပနိုင်ငံတို.အတွက်မူ နောက်ခံသမိုင်းကြောင်းတို.ကိုပါ ထည့်စဉ်းစားရန် လိုအပ်သည်။ မျိုးစုံသော လူမျိုးနွယ်စုတို. နေထိုင်ရာ အာဖရိကတိုက်၏ နယ်နိမိတ်သတ်မှတ်ချက်အများစုကို ၁၈၈၅ ဘာလင်ညီလာခံမှ ချမှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အာဖရိကန်တို.အတွက် မဟုတ်ဘဲ ကိုလိုနီအုပ်ချုပ်သူတို. အဆင်ပြေစေရန်သာ ရည်ရွယ်သည်။ ထိုသို.သော အာဖရိကနိုင်ငံများမှာ အစိုးရအမျိုးမျိုးကြား ပြဿနာမျိုးစုံနှင့် ယနေ.ထိ ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ တချို.အစိုးရများမှာ ဒီမိုကရေစီ အလေ့အထများကို မြေတောင်မြှောက်ပေးသည်များ ရှိသလို ထိုသို. မြေတောင်မြှောက်ပေးခြင်းမှ အကျင့်ပျက် ချစားမှုများ (Corruption/ Bribery)၊ ဘက်လိုက်မှု (Favoritism) များကို ဖြစ်စေတတ်၏။ များသောအားဖြင့် ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သောနိုင်ငံတို.မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အာဏာရှင်တို.၏ အုပ်ချုပ်မှုပုံစံခွက်ထဲမှာပင် ရှိနေတတ်၏။ တစ်ခါတစ်ရံ တိုင်းရင်းသား ပြိုကွဲမှု ပြဿနာများ၊ လူမှုရေးပဠိပက္ခများသည်လည်း အာဏာရှင်စနစ်၏ တင်းကျပ်ဖိနှိပ်မှုများကြောင့် ဖြစ်ပေါ်ရတတ်၏။

ပဉ္စမမြောက် မဏ္ဍိုင်

ပြည်သူလူထုကြီးတစ်ရပ်လုံးကို ပဉ္စမမြောက် မဏ္ဍိုင် ဟု သတ်မှတ်နိုင်လေသည်။ အင်အား အတောင်းတင်းဆုံး မဏ္ဍိုင် ဟုလည်း ဆိုနိုင်သည်။ ပြည်သူလူထု မရှိဘဲ ဒီမိုကရေစီလည်း ရှိစရာအကြောင်း မရှိပေ။ တစ်ဦးချင်းစီ၏ အလေ့အထများကို ပြုပြင်ပြောင်းလဲကာ အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေး-လာဘ်ယူမှုများကို တိုက်ဖျက်နိုင်ရန်နှင့် စဉ်းစား ဆင်ခြင် နှိုင်းချိန်မှုများ ပြုလုပ်တတ်ရန်အလို.ငှာ ပဉ္စမမြောက် မဏ္ဍိုင်ဖြစ်သော ပြည်သူလူထု၏ တာဝန်စောင့်သိမှု အခန်းကဏ္ဍမှာ တစ်မျိုးသားလုံး၏ နောင်ရေးအတွက် လွန်စွာအရေးပါလေသည်။


ကျောရိုး ခိုင်မာရေး

ဒီမိုကရေစီ ကျောရိုးခိုင်ရေးအတွက် လူ.စွမ်းအားအရင်းအမြစ် (Manpower/ Human Resources) ကောင်းစွာ ဖွံ.ဖြိုးရန် လိုအပ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရန်၊ ဖြစ်ထွန်းနိုင်ရန်၊ အားကောင်းခိုင်မာစေရန် အရင်းအမြစ်မျိုးစုံ ဖွံ.ဖြိုးရန် လိုအပ်ပါသည်။

ကြွယ်ဝမှု (Wealth) ။      ။ GDP/Per capita income တို.နှင့် ဒီမိုကရေစီတို.မှာ ကျောရိုးဆက်နွယ်မှု ကြီးမားသည်။
[GDP = Gross Domestic Product = The monetary value of all the goods and services produced by an economy over a specific period = ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုအထွေထွေတို.အပါ် ငွေကြေးဆိုင်ရာ တန်ဖိုး /
Per capita income = Average income of a group, obtained by dividing the group’s total income by its number of members = လူ.အဖွဲ.အစည်းတစ်ခုအတွင်းရှိ လူတစ်ဦးချင်း၏ ပျမ်းမျှ ၀င်ငွေ // Ref: Oxford Dictionary (4th Edition, 2006) of Business and Management] အင်မတန် ချမ်းသာသော နိုင်ငံတို.တွင် အာဏာရှင်စနစ်ထဲ သွတ်သွင်းခံရသည်ဟူ၍ မကြားဖူးသေးပါ။ သို.သော် ဒီမိုကရေစီသည် ကြွယ်ဝခြင်းကို ဖြစ်စေနိုင်သလား၊ ကြွယ်ဝခြင်းက ဒီမိုကရေစီကို ဖြစ်စေသလားဆိုတာ မသေချာသေးပါ။ ဒီမိုကရေစီနှင့် ပတ်သက်၍ စစ်တမ်းများ အမြဲတစေ ပြုလုပ်နေသော Freedom House Think Tank ၏ လေ့လာချက်တစ်ခုအရ စီးပွားရေး လွတ်လပ်မှု (Economic Freedom) သည် GDP/Capita တို.ကို တက်စေပြီး အပြန်အလှန်အားဖြင့် GDP/Capita တိုးတက်မှုကြောင့် စီးပွားရေး လွတ်လပ်မှုကို တိုးတက်စေသလို နိုင်ငံရေး လွတ်လပ်မှု (Political Freedom) ကိုလည်း တိုးတက်စေသည် ဟု ဆိုသည်။ နိုင်ငံရေး လွတ်လပ်မှုကြောင့်တော့ GDP/Capita မတက်နိုင် ဟုလည်း ဆိုသည်။ GDP/Capita တို.ကို Constant ပုံသေထားပါက နိုင်ငံရေး လွတ်လပ်မှုနှင့် စီးပွားရေး လွတ်လပ်မှုကြား တိုက်ရိုက်ဆက်နွယ်မှု လုံးဝမရှိနိုင်တော့ ဟုဆိုသည်။ စီးပွားရေး လွတ်လပ်မှုသည် လူလတ်တန်းစား တိုးပွားမှုကို ဖြစ်ထွန်း အားပေးသည်။ ချုပ်ပြောရရင် တစ်ဦးချင်းစီနှင့် တစ်နိုင်ငံလုံး၏ ကြွယ်ဝချမ်းသာမှု အရေးပါပုံနှင့် ဒီမိုကရေစီ တည်မြဲရေး ဆက်နွယ်မှုပင် ဖြစ်ပါတော့သည်။

ပညာရေး (Education) ။ ။ ကြွယ်ဝမှုသည် ပညာရေးနှင့် ဆက်စပ်သည်ကို အထူးပြောရန် မလို။ ဒီမိုကရေစီ၏ အသက်သည် ပညာတတ်လူတန်းစားတို.အပေါ် ကြီးစွာ မှီခိုအားထားရ၏။ ပညာတတ်တို.မည်သည် လစ်ဘရယ်တန်ဖိုး (Liberal Value) နှင့် ဒီမိုကရေစီတန်ဖိုးတို.ကို ကောင်းစွာ နားလည်နိုင်သူများ မဟုတ်ပါလော။ ပညာမတတ်သူများသော တိုင်းပြည်အနာဂတ်မှာလည်း အာဏာရှင်စနစ်ကို တိမ်းညွတ်ဖြစ်ထွန်းစေနိုင်သည်ကို တွေ.ရသည်။ ထို.ကြောင့် ပြည်သူ.နီတိ (Civics) ကို ကျောင်းများတွင် အလေးထား သင်ကြားသင့်ပေသည်။

သဘာဝ သယံဇာတများ (Natural Resources) ။ ။ အတိုချုံးပြောရလျှင် ရေနံများများ ထွက်လျှင် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (ခေါ်) Gross Domestic Product (GDP) လည်း တက်ကာ ဒီမိုကရေစီ ကျောရိုးများ ခိုင်မာနိုင်သည်။

အရင်းရှင်စနစ် (Capitalism) ။ ။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီကို `အမွှာပူး´ဟု တချို.က သတ်မှတ်ကြ၏။ အခြေခံထားသော အချက်မှာ စနစ်နှစ်ခုစလုံးသည် လွတ်လပ်မှုကို အသားပေးပုံမှာ တူညီကြ၍ ဖြစ်သည်။ အရင်းရှင်စနစ် ထွန်းကားလာမှုသည် ပုဂ္ဂလိက ကဏ္ဍများ၊ ညှိနှိုင်းဆွေးနွေးမှုများ၊ ဥပဒေလေးစားမှုများ၊ အတိုးအလျှော့/အပေးအယူ (Give & Take) လုပ်တတ်မှုများနှင့် ဥပဒေဘောင်အတွင်း သာတူညီမျှ ရှိမှု (Equality before the law) တို.ကို ထွန်းကား တိုးပွားစေသည်။ မာ့က်ခ်ဝါဒီ (Marxists) တို.၏ အဆိုအရ အရင်းရှင်စနစ်သည် ပင်ကိုအားဖြင့် ဒီမိုကရေစီ မဆန်ဟု ပြောဆိုတတ်ကြသည်။ ပုဂ္ဂလိက ငွေရှင် ကြေးရှင် လုပ်ငန်းရှင်တို.ကသာ လက်ဝါးကြီးအုပ်ထားတတ်သော အရင်းရှင်စနစ်သည် “By the people, Of the people, For the people” ဟု ကြွေးကြော်ထားသော ဒီမိုကရေစီနှင့် လားလားမျှ မနီးစပ်ဟု ပြောတတ်ကြ၏။ (မာ့က်ခ်ဝါဒီနှင့် ဆိုရှယ်လစ်ဝါဒီတို.သည် ၀ါဒ ဝေဖန်ခြင်းအလုပ်၌ အင်မတန် ထူးချွန်ကြသူများ ဖြစ်၏။)

လုပ်ပိုင်ခွင့် လွှဲပြောင်းခြင်းနှင့် လွတ်မြောက်မှုတန်ဖိုးများ (Human Empowerment and Emancipative Values) ။ ။

[Human Empowerment = The Giving of increased responsibility and a measure of control to people, based on the view that people need personal satisfaction and fulfillment in their work and life and that responsibility and control increase satisfaction /
Emancipative Values = Accumulated Values of being set free from especially legal, social and political restrictions] (ဘာသာပြန်လျှင် လျော့တိလျော့ရဲ ပေါ့ရွှတ်သွားမှာ စိုး၍ ဒီအတိုင်းပဲ အင်္ဂလိပ်လိုသာ နားလည်ပေးကြပါရန်)

Ronald Inlgehart နှင့် Christian Welzel တို.၏ အဆိုအရ ဒီမိုကရေစီ အသွင်ကူးပြောင်းသော ဖြစ်စဉ်တစ်ရပ်လုံး (Process of Democratization) သည် ကျယ်ပြန်.သော လူသားဖွံ.ဖြိုးမှုဖြစ်စဉ် (Broader Process of Human Development) ဟု ဆိုပြီး ထိုဖြစ်စဉ်သည် အဆင့် ၃ ဆင့်ဖြင့် သာမန်လူထုကို လုပ်ပိုင်ခွင့် လွှဲပြောင်းပေး (Empowerment) လုပ်သည်ဟု ဆိုသည်။

ခေတ်နှင့် အမီ ရင်ဘောင်တန်းရခြင်း (Modernization) ကြောင့် လူသားတို.တွင် အရင်းအမြစ်များ (More Resources) တိုးပွားလာရသည်နှင့်အမျှ လုပ်နိုင်စွမ်းအပေါ် (Capability-wise) မူတည်၍ လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေး (Empowerment) လုပ်ကာ လူတို.အား လွတ်လပ်မှု (Freedom) ကို ကျင့်သုံးလာနိုင်စေသည်။ ထိုအခါ လွတ်လပ်စွာ ထုတ်ဖော်တင်ပြခြင်း (Freedom of Expression) နှင့် အခွင့်အရေး သာတူညီမျှ ရှိစေရေး (Equality of Opportunities) တို.ကို အလေးထား၊ စောင့်ရှောက်သည့် လွတ်မြောက်မှုတန်ဖိုးများ (Emancipative Values) ဖြစ်တည်လာရသည်။ ထိုတန်ဖိုးများသည် စိတ်ဓာတ် စေ့ဆော်မှု (Motivation-wise) အရ လူတို.အား လွတ်လပ်မှု (Freedom) ကို ကျင့်သုံးချင်လာအောင်/ကျင့်သုံးနိုင်လာအောင် Empowerment လုပ်ပေးရပြန်သည်။ Empowerment နှစ်ကြိမ် လုပ်ပြီးသောအခါ တတိယအဆင့် Empowerment တွင် ဒီမိုကရေစီ စတင် အသွင်ကူးပြောင်း၏။ တစ်ဦးချင်းစီ၌ ခံစားပိုင်ခွင့် ရှိသည့်အလျောက် လွတ်လပ်မှု (Freedom) ကို ကျင့်သုံးလာနိုင်ရန် လူတို.ကို တရားဝင် Legal Empowerment လုပ်ပေးခြင်းမှာ တတိယအဆင့် ဖြစ်စဉ် ဖြစ်၏။ အထက်တန်းလွှာတို.ကို စိန်ခေါ်ရာတွင်လည်းကောင်း၊ ဒီမိုကရေစီ ထိန်းသိမ်းခြင်းနှင့် တိုးတက်ရေး (သို.) ထူထောင်ရေးတို. လုပ်ရာတွင်လည်းကောင်း လွတ်မြောက်မှုတန်ဖိုး (Emancipative Values) များမှာ လွန်စွာ အရေးပါလေသည်။

မျိုးနွယ်တူ လူဦးရေများပြားခြင်း (Homogeneous Population) ။ ။ ဂျပန်ကဲ့သို. နိုင်ငံမျိုးကို ရည်ညွှန်းလိုခြင်းဟု ထင်သည်။ လူမျိုးကွဲ၊ ဘာသာကွဲ၊ ဘာသာစကားကွဲ သိပ်မရှိလေ၊ ဒီမိုကရေစီ ထိန်းသိမ်းရ ပိုလွယ်လေ၊ ပိုအောင်မြင်လေ ဟူသော အယူအဆမျိုး ဖြစ်သည်။ သို.သော် ဒီမိုကရေစီနိုင်ငံပင် ဖြစ်သည့် အိန္ဒိယကဲ့သို. လူမျိုးစုံ ဘာသာမျိုးစုံ သောင်းပြောင်းထွေလာ ဖြစ်နေသော နိုင်ငံမျိုးကို ခြွင်းချက် ဥပမာ ထားရမည်။

လူမှုရေးညီမျှချက် (Social Equality) ။ ။ သာတူညီမျှ လူ.အဖွဲ.အစည်း (Egalitarian Society) ကို ပိုင်ဆိုင်ထားပါသည်ဆိုသော စင်ကာပူနိုင်ငံတွင်ပင် ပြည်သူအများ မက်လုံး (Incentive) ရရှိမှုမှာ နည်းလွန်းသဖြင့် နိုင်ငံရေးစနစ် သိပ် အားမကောင်းလှသည်ကို တွေ.ရ၏။ လူမျိုးရေး ခွဲခြားမှုများ ရှိနေဆဲ တောင်အာဖရိကနိုင်ငံသည်လည်း လူမှုညီမျှချက်ပြဿနာ မဆုံးနိုင်သေး။

လူလတ်တန်းစား (Middle Class) ။ ။ လူလတ်တန်းစားများပြားမှုကလည်း ဒီမိုကရေစီကို ခိုင်မာတောင့်တင်းစေသည်။ အကြောင်းမှာ ပညာတတ်အများစုမှာ လူလတ်တန်းစားများ ဖြစ်နေသောကြောင့်ပင်တည်း။ အထက်တန်းစား များလျှင် နိုင်ငံရေး ပါဝါကို အပိုင်စီးမှုများ၊ ၀ါဒဖြန်.မှုများ ဖြစ်ပွားနိုင်သလို အခြေခံလူတန်းစားများလျှင်လည်း သူပုန်ထကြွမှုများ ဖြစ်ပွားနိုင်သည်။ လူလတ်တန်းစားတို.က ထိုအစွန်းနှစ်ဖက်စလုံးကို ထိန်းညှိပေးနိုင်လေသည်။ ပါလီမန်စနစ်နှင့် Representative Democracy ကျင့်သုံးပြီး ၁၉၅၉ ကတည်းက ရွေးကောက်ပွဲတိုင်း အနိုင်ရကာ ယနေ.ထိ PAP (People’s Action Party) ပါတီတစ်ခုတည်းမှသာ အာဏာရယူ၊ အုပ်ချုပ်နေသော စင်ကာပူနိုင်ငံတွင် လူလတ်တန်းစား အားကောင်းသည်ကိုတော့ တွေ.ရ၏။ မဇ္ဈိမပဋိပဒါ သဘောပင် ဖြစ်၍ ဘုရားရှင်ကို လေးစားကြည်ညိုနေရ၏။ [The Economist Magazine ၏ သတ်မှတ်ချက်အရ စင်ကာပူအစိုးရပုံစံသည် Hybrid Regime ဖြစ်သည်။ `ကပြား အစိုးရအုပ်ချုပ်ရေးစနစ်´ ဟု ခေါ်နိုင်ပေမည်။ “Singapura” ဟူသော နာမည်ကိုက မလေး (Malay) ကပြားစကားလုံးဖြစ်သည်။ ဤကား စာကြွင်း]

ဖွံ.ဖြိုးတိုးတက်သော လူ.ဘောင်အဖွဲ.အစည်း (Civil Society) ။ ။ အကျဉ်းချုံးပြောရလျှင် NGO များ၊ သမဂ္ဂများ (Unions)၊ ပညာရပ်ဝန်းများ (Academia)၊ လူ.အခွင့်အရေးဆိုင်ရာ အဖွဲ.အစည်း (Human Rights Organizations) များသည် တိုးတက်သော လူ.အဖွဲ.အစည်း ရှေးရှုရာတွင် လိုအပ်သည်။ လူမှုကွန်ရက် (Social Networks) များ တည်ဆောက်ကြခြင်းဖြင့် နိုင်ငံရေး အသိအမြင် အားကောင်းလာနိုင်ပြီး ဒီမိုကရေစီ ကျောရိုး ခိုင်မာစေရန် ဖြစ်သည်။ Ohio State University မှ လက်ထောက်ပါမောက္ခ Pamela Paxton ၏ လေ့လာတွေ.ရှိချက်အရ လူ.အသိုင်းအ၀ိုင်းနှင့် ချိတ်ဆက်နေသော ကလပ်အသင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ.အစည်းများကို ၀င်ရောက် အဖွဲ.၀င်ထားသူ တိုးပွားလာပါက ဒီမိုကရေစီ ပိုမိုအားကောင်းနိုင်သည်ဟု ဆိုသည်။ အကြောင်းမှာ ဘယ်အဖွဲ.အစည်းတွင်မဆို တိုင်းပြည်တွင်း ဖြစ်ပျက်နေမှုများ၊ နိုင်ငံရေးဖြစ်စဉ်များအပေါ် အဖွဲ.၀င်အချင်းချင်း ပြောဆိုမှုများ အဆက်မပြတ် ရှိနေနိုင်သောကြောင့်ဟု ဆိုသည်။ (Group Membership) အဖွဲ.၀င်ခြင်းနှင့် ဒီမိုကရေစီကြား အပြန်အလှန် ဆက်နွယ်မှု ရှိခြင်းပင် ဖြစ်လေသည်။ တစ်ခုတော့ ရှိပါသည်။ ဒီမိုကရေစီ အားပေးအားမြှောက်ပြုသော အဖွဲ.ဖြစ်ရန်တော့ လိုသေးသည်။ ထိုမှသာ နိုင်ငံတကာ အထောက်အပံ့တို.ကို ရရှိရန် သေချာနိုင်လေသည်။

ယဉ်ကျေးမှု (Culture) နှင့် မြို.ပြယဉ်ကျေးမှု (Civic Culture) ။ ။ အနောက်တိုင်းယဉ်ကျေးမှုစံနှုန်းများသည် ဒီမိုကရေစီနှင့် အသင့်တော်ဆုံး (Best-suited) ဟု ပညာရှင်တို. ၀န်ခံထားကြ၏။ လိုက်လျောညီထွေရှိမှု (Flexibility) နှင့် ကမ္ဘာဆန်မှု (Universality) အားကောင်း၍ ဖြစ်၏။ ဒီမိုကရေစီ မကျင့်သုံးချင်သော (သို.) ကျင့်သုံးသော်လည်း မအောင်မြင်သော အစိုးရများသည် ယဉ်ကျေးမှုစံနှုန်းပြဿနာတို.ကို အကြောင်းပြတတ်ကြ၏။ ကိုယ့်ယဉ်ကျေးမှု ကိုယ်ဗဟိုပြု၍ ဒီမိုကရေစီ ခိုင်မာနေသော အိန္ဒိယ၊ ထိုင်ဝမ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဘော့ဆွာနာ၊ နမ်မီဘီးယား နိုင်ငံများလည်း အထိုက်အလျောက် ရှိနေပါသည်။

ဒီမိုကရေစီနှင့် ယခင်အတွေ.အကြုံရှိဖူးခြင်း၊ မရှိဖူးခြင်း (Previous Experience with Democracy) ။ ။ တချို.ပညာရှင်တို.၏ အဆိုအရ ဒီမိုကရေစီနှင့် ယခင် အတွေ.အကြုံရှိခဲ့ဖူးခြင်းသည်လည်း နောင်တစ်ချိန် အဆင်ပြေနိုင်သည်ဟု ဆိုသည်။ အတွေ.အကြုံမရှိခဲ့ဖူးပါက ရုတ်တရက် ဒီမိုကရေစီ အသွင်ပြောင်းရန်မှာ မဖြစ်နိုင်လောက်အောင်ပင် ခက်ခဲတတ်သော သဘာဝရှိသောကြောင့် ဖြစ်သည်။ သို.သော်လည်း ပါကစ္စတန်ကဲ့သို. အတွေ.အကြုံ ရှိခဲ့ဖူးပါလျက်နှင့် ယနေ.တိုင် မအောင်မြင်သော အနေအထားကိုလည်း ခြွင်းချက် ဥပမာ ထားရမည်။

ပြည်ပမှ ၀င်ရောက်စွက်ဖက်ခြင်း (Foreign Intervention) ။ ။ ဒီမိုကရေစီနှင့် အသားကျနေပြီးသော နိုင်ငံများ၏ ကြားဝင် စွက်ဖက်ပေးမှုဖြင့် အောင်မြင် အဓွန်.ရှည်နိုင်သည် ဟူသော အယူအဆဖြစ်သည်။ သို.သော် ဒီမိုကရေစီ ဆိုသည်မှာ အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်စနစ်တို.ကဲသို. အထက်-အောက် (Top-down) နှင့် ပြင်ပ/ပြည်ပမှ (Outside) ၀င်ရောက်၍ မရ။ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း အစစ်အမှန်သည် အောက်-အထက် (Bottom-Up) နိုင်ငံသားပြည်သူလူထုထံမှသာ လာနိုင်၍ ထိုကြားဝင် စွက်ဖက်သည့်နည်း (Intervention) မှာ ကျရှုံးမှုများနှင့်သာ ရင်ဆိုင်ရနိုင်မည် ဖြစ်ကြောင်းကို အီရတ်၊ အာဖဂန်နစ္စတန်နှင့် ဗီယက်နမ်တို.က သက်သေပြခဲ့ပြီး ဖြစ်သည်။ ထင်ရှားသည့် နောက်ဥပမာတစ်ခုမှာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နှင့် ဂျာမနီတို.၏ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့မှု ဖြစ်သည်။ ကိုလိုနီစနစ်ကလည်း ဖွံ.ဖြိုးဆဲနိုင်ငံတို.ကို တည်ငြိမ်သည့် ဒီမိုကရေစီ ရရှိအောင် မကူးပြောင်းပေးနိုင်ခဲ့ဘဲ လွတ်လပ်ရေး ရပြီးနောက် ထိုနိုင်ငံတို.တွင် အာဏာရှင်စနစ်သာ အမြစ်တွယ်လာခဲ့သည်ကို တွေ.ရ၏။

အသက်အရွယ်ဖြန်.ကျက်မှု (Age Distribution) ။ ။ သက်ကြီးပိုင်းအများစုရှိသော နိုင်ငံများသည် ဒီမိုကရေစီကို ပို၍ ထိန်းသိမ်းနိုင်စွမ်း ရှိသည်ကို တွေ.ရ၏။ (ဥပမာ - ဂျပန်၊ အမေရိကန်) Richard P.Concotta ပြုလုပ်သော စစ်တမ်းအရ အသက် ၂၉ နှင့် အောက် လူငယ်အများစုရှိသော နိုင်ငံသည် ဒီမိုကရေစီ ပုံမှန်လုံခြုံရမည်ထက် ၄၀ ရာခိုင်နှုန်းအောက် လျော့နည်းသည် ဟု ဆိုသည်။

ခွန်းချို

(ဆက်ရန်)

No comments:

Post a Comment