Wednesday, January 19, 2011

ဝါဒတွေကပဲ ခေတ်ကိုဖန်တီးတာလား ??? ခေတ်ကပဲ ၀ါဒတွေကိုဖန်တီးတာလား ???

ဝါဒတွေက ဖန်တီးထားတဲ့ခေတ်ကို ငြီးငွေ.စိတ်ကုန်(သို.) လက်မခံနိုင်တော့လို. နောက်ဝါဒတစ်ခုကို လုပ်တယ်၊ လူအများလက်ခံရင် ခေတ်ဖြစ်တယ်၊ အဲဒီခေတ်က ၀ါဒကို ရောင်ပြန်ထင်ဟပ်တယ်။ အဲဒီဝါဒနဲ. ခေတ်ကိုလည်း ငြီးငွေ.လာကြပြန်ပြီး နောက်ဝါဒတစ်ခုလုပ်ကြတယ်၊ ခေတ်တစ်ခု...ထပ်ဖြစ်၊ အဲလိုနဲ. သံသရာလည်နေကြတယ် လို.ထင်တယ်။ အဲဒီတော့ မေးခွန်းပြန်ကောက်ရရင် နှစ်ခုစလုံး လို.ပဲထင်တယ်။ မေးခွန်းကိုက မရှင်းတော့ ဘယ်နယ်ပယ်နဲ. ပြောရမလဲခက်တယ်။ ဒီကိစ္စက တော်တော်ကြီးကို ကျယ်ကျယ်ပြန်.ပြန်.ပြောရမှ ရမယ်။ ဒီ Note လောက်လေးနဲ. အဆင်ပြေမှာ မဟုတ်ဘူး။ သမိုင်းပေါင်းများစွာ ပြန်ကောက်ရမယ်။ နိုင်ငံရေးဝါဒတွေလား၊ အနုပညာဝါဒတွေလား.....(ကဗျာဆိုရင် Homer, Shakespeare, Dante တို.ကနေ အခု Postmodernism, Language Poetry, အခုနောက်ဆုံး သတင်းအရေးအသားကို ကဗျာထဲထည့်ရေးတယ် ဆိုတဲ့ဂိုဏ်းတောင် Western မှာပေါ်လာပြီ၊ ပန်းချီဆိုလည်း အများကြီးမှ အများကြီး၊ ဟိုးကမ္ဘာဦးအစက Plato ရဲ့ Imitation ပုံတူချွတ်စွတ်ဆွဲတဲ့ ၀ါဒကနေ စပြောရမယ်၊ ၀တ္ထုဆိုလည်း ၀တ္ထုအလျောက် Fiction, Non-fiction, Literary Theories တွေ၊ ၀ါဒတွေ၊ ဝေဖန်ရေးဆိုလည်း New Criticism, Paracriticism, Marxist Criticism,.....စသဖြင့်။ ရုပ်ရှင်ဆိုရင် အသံတိတ်ရုပ်ရှင်တွေ၊ ရုပ်ရှင်တိုတွေကနေ Montage, Autuer, Screen, Formalist, Art Film, Continuity Theory,.........စသဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ပြောမှ ရမယ်) ဘာသာရေးဝါဒတွေလည်း ရှိတာပဲ.......၊ Confucius, Islamic, Buddhism, Protestant, Zen, Atheism, ....ဘာသာမဲ့ဝါဒ...စသဖြင့်၊ Philosophy မှာဆိုလည်း (သိသလောက်) Descartes, Kant, Sartre, Camus, God is Dead လို.ကြွေးကြော်ခဲ့တဲ့ နစ်ရှေး၊ ဟိုက်ဒေးဂါး၊ Existentialism, Aristotle ရဲ့ Logic...........စသဖြင့်၊ Freud ရဲ့ Psycho အယူအဆလွှမ်းမိုးမှုတွေ၊.......................သိပ္ပံမှာလည်း Determinism, Quantum, Super String Theory,................စသဖြင့်............။ အသေချာဆုံးအချက်လို. (ကျွန်တော်ထင်တာက) ခေတ်ကပဲ ၀ါဒလုပ်လုပ်၊ ၀ါဒကပဲ ခေတ်လုပ်လုပ်.................ပုံနှိပ်လုပ်ငန်းတိုးတက်မှုတွေက အဓိကနေရာ ကနေပါဝင်ခဲ့တယ် လို. (သေချာပေါက်) ပြောလို.ရမယ် ထင်တယ်။

အထင်ရှားဆုံးလို.ကျွန်တော်ထင်တဲ့ ဥပမာတစ်ခုပေးလိုပါတယ်။ မြန်မာပြည်ရဲ့ အနုပညာ စာပေလောကမှာ Realism (သရုပ်မှန်ဝါဒ) ဟာ တော်တော် ကြာကြာလေးကို သြဇာညောင်းခဲ့ပြီး ခေတ်တစ်ခေတ်ကို ထူတောင်နိုင်ထားတုန်းပဲလို. ဆိုနိုင်တယ်။ တက္ကသိုလ်ဘုန်းနိုင်၊ မိုးမိုး(အင်းလျား)၊ သိန်းဖေမြင့်၊ ခုခေတ်ထိ ၀တ္ထုရေးသမားအများစု.........စသဖြင့် သူတို.တွေက ၀တ္ထုမှာ Realism သမားတွေပါပဲ။ ကဗျာမှာတော့ ခေတ်စမ်းကဗျာ (မင်းသုဝဏ်နဲ. ဇော်ဂျီ)ကနေ ရွေ.လျားပြီး တာရာခေတ် (ဒဂုန်တာရာက လေးလုံးစပ်ကို အပြောင်းအလဲနည်းနည်းလုပ်ပြီး) ခေတ်အသေးစားတစ်ခုဖြစ်ခဲ့.........အဲဒီကနေမှ လေးချိုးတို. လေးလုံးစပ်တို.ကို အာရုံငြီးငွေ.ပြီး (ကိုယ့်ရည်းစားအပေါ် အချစ်ရည်တွေ ကုန်သွားသလို) ဖြစ်သွားကြပြီး..........မိုးဝေခေတ် (၁၉၇၀ တ၀ိုက်) မှာစတင်ပြီး ဆရာ(ဦး)သာနိုးရဲ့ ထင်းရှူးပင်ရိပ်စာအုပ်ထွက်ပြီးနောက်ပိုင်း ကဗျာဝပ်ရှော့တွေလုပ်ကြပြီး ကဗျာမှာ Realism ကနေ Modernism ဆီကို အကူးအပြောင်း စဖြစ်ပြီး ၁၉၇၀ နောက်ပိုင်းကနေ ခုခေတ်ထိကို Modernism ကဗျာခေတ်လို. (Postmodernism အရေးအသား၊ အယူအဆတွေ ၁၉၇၅ နောက်ပိုင်းလောက်ကတည်းက ရှိလာပြီဆိုပေမယ့် အများစုက မော်ဒန်နေကြသေးတဲ့အတွက်) အကြမ်းဖျင်းသတ်မှတ်နိုင်တယ်။ ၁၉၇၀ နောက်ပိုင်းကနေ ယခုထိကို Contemporary Art တွေလို. သတ်မှတ်နိုင်မယ် ထင်တယ်။ (မြန်မာပြည်ရဲ့ Modernism ဆိုတာလည်း ပြည်တွင်းဖြစ် နိုင်င့ခြားချက်အရက်မျှသာ ဖြစ်တယ်၊ Japan ကဗျာမှာဆိုရင် Haiku ဆို Haiku ပဲ၊ Tanka ဆို Tanka ပဲ၊ မော်ဒန်ကို မော်ဒန်လို.တောင် မခေါ်ကြဘူးတဲ့၊ Shii (ကဗျာ) လို.ပဲ ခေါ်ကြတယ်တဲ့) Postmodernism, L+A+N+G+U+A+G+E Poetry တို.တွေကလည်း Modernism ရဲ့အယူအဆတွေကို စိတ်ကုန်ငြီးငွေ.ပြီး ဖြစ်ပေါ်လာကြတာမျိုး။ သူတို.၀ါဒတွေ အချင်းချင်းမှာတောင် ကွဲလွဲမှုတွေ၊ ဂိုဏ်းကွဲတာတွေ တော်တော်ရှိတယ်။ ပန်းချီဂိုဏ်းကွဲတာကတော့ အဆိုးဆုံးပဲ။ Abstract Expressionism ကိုတောင်မှ New York ဂိုဏ်းနဲ. San Francisco ဂိုဏ်း၊ ရုရှားဂိုဏ်းနဲ. ...........ဆိုပြီး ရှုပ်နေကြတာပဲ။ အဲဒီတော့ ခြုံငုံပြောနိုင်တာက ၀ါဒတစ်ခုလက်အောက်မှာ ကြာညောင်းအီလည်နေတဲ့ခေတ်ကို ငြီးငွေ.တယ် (သို.) ၀ါဒကို ငြီးငွေ.တယ် (သို.) မကြိုက်ဘူး၊ လက်မခံနိုင်ဘူး၊ သဘောမတူနိုင်တော့ဘူး၊ မလုပ်ချင်တော့ဘူး............ စသဖြင့်........အဲတော့ ၀ါဒအသစ်လုပ်ပြီး အယူအဆတွေဖြန်.တယ်၊ ရေးတယ်၊ လူအများက အဲဒီဝါဒကို လက်ခံရင် ခေတ်ဖြစ်တယ်၊ လက်မခံရင် လူသိများတဲ့ ငပေါကြီး ဖြစ်သွားရောပေါ့။ အဲဒီတော့ ယေဘုယျကောက်ချက်ချနိုင်တာက လက်ရှိခေတ်နဲ.၀ါဒကို ငြီးငွေ.လို.(လက်မခံနိုင်လို.) ၀ါဒအသစ်လုပ်မယ် ဆိုရင်တောင် ခေတ်နဲ.သင့်တော်တဲ့ဝါဒ ဖြစ်ဖို.လိုမယ်၊ Smooth Transition ဖြစ်ဖို.လိုမယ်၊ လူအများအကျိုးရှိမယ့် ၀ါဒမျိုး ဖြစ်ဖို.လိုမယ် ထင်တယ်။ ကောင်းရဲ့သားနဲ.(သင့်တော်ရဲ့သားနဲ.) လူအများလက်မခံနိုင်တာမျိုးလည်း သမိုင်းမှာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရှားမယ် လို.ထင်တယ်။ နောက်တစ်ချက်က ၀ါဒတစ်ခုရဲ့ ခေတ်အပေါ်လွှမ်းမိုးမှုကို ဘယ်နှခုနှစ်ကနေ ဘယ်လောက်ထိ ဆိုတာကို အတိအကျကြီး ပြောဖို. တော်တော်ခက်နိုင်ပါတယ်။ ၀ါဒတစ်ခုကနေ နောက်ဝါဒတစ်ခု ၊ ခေတ်တစ်ခုကနေ နောက်ခေတ်တစ်ခေတ်ကို ကူးပြောင်းတာကိုလည်း အတိအကျ ပြောဖို.ခက်ပါတယ်။ 

အဲဒီတော့ ဘယ်နယ်ပယ် (Area/Field of Quest) ကို ပင်တိုင်ထားမလဲ ဆိုတာလေးတော့ (မရှိမဖြစ်) လိုမယ်။ ဥပမာ - ဘာသာရေးဆိုရင် ၀ါဒတွေက ပေါ်နေတာ နှစ်ထောင်ပေါင်းများစွာ ရှိနေပြီ။ သူတို.က ခေတ်တစ်ခေတ် (သို.) တစ်ခေတ်မက ကို ဖြစ်စေသလား၊ မဖြစ်စေသလားကို ဘယ်လိုနားလည်ကြမတုန်း.................???

In general, there are 6 Ages of Western Philosophy which should not be neglected when talking about beliefs, doctrines, ideologies, and -isms:

(1) The Age of Belief
(2) The Age of Adventure (Renaissance)
(3) The Age of Reason (17th Century)
(4) The Age of Enlightenment (18th Century)
(5) The Age of Ideology (19th Century)
(6) The Age of Analysis (20th Century)


ခုခေတ်ကြီးက Technology, Science, Communication, Globalization...တို.တွေ သိပ်တိုးတက်လာ၊ အိုင်ဒီယိုလိုဂျီ အားပြိုင်မှုတွေလည်း ပြီးဆုံးသွား (Liberal/Pluralistic Democracy က Socialism/Communism/Marxism/Dictatorship တို.ကို သိသိသာသာ ပြတ်ပြတ်သားသား အနိုင်ရသွားပြီ၊ တစ်နည်း - Open Society တွေက Closed Society တွေကို အနိုင်ပိုင်းသွားပြီ) စစ်အေးတိုက်ပွဲတွေလည်း ချုပ်ငြိမ်းသွားပြီ၊ ယဉ်ကျေးမှု ကူးလူးရောယှက်မှုတွေ တော်တော်ရှိလာပြီ၊ ဘယ်အရာကိုမှ ဆုပ်ကိုင်ပြီး တရားသေပြောလို. မရတော့ဘူး၊ အရာရာဟာ နေရာတကာမှာ အရောရောအထွေးထွေး ဖြစ်လာပြီကိုး၊ Chaos သဘောတရားတွေ ခေတ်စားလာတယ်၊ အရာရာဟာ ရှုပ်ထွေးလာပြီး Undecidability သဘောတွေ ရှိလာတယ်၊ Determinism ရှိလာသလို Indeterminacy လို. တစ်ဘက်မှာ ကြေညာသူတွေ ရှိလာတယ်၊ အမှန်တရားဟာ Plural သဘောဆန်လာပြီး Multiple Realities ဖြစ်လာတယ်။ အရာရာကို Analyze လုပ်နိုင်မှ တော်ကာကျမယ့် ခေတ် (တစ်နည်း - Analytical Philosophy ခေတ်စားလာပြီ) အဲဒီတော့ အခုလက်ရှိခေတ်ကို ပညာရှင်တွေက The Age of Analysis လို.သတ်မှတ်ထားကြတယ်။

ဝါဒတစ်ခုရဲ့ သြဇာလွှမ်းမိုးမှု (ကြာမြင့်ချိန်) ကို အတိအကျပြောဖို. ခက်တယ်။ ဥပမာ - ၁၉၂၀ တ၀ိုက်က ရုတ်တရက် ပေါကြောင်ကြောင်နဲ. ပေါ်ခဲ့တဲ့ Dadaism ဆိုရင် အခုချိန်မှာ ချုပ်ငြိမ်းသွားပြီ ဆိုနိုင်ပေမယ့် အခု လက်ရှိ Postmodernist Philosophical Literature တချို.မှာ Dadaist အမြင်တွေ ရောယှက်ပါဝင်နေတာ တွေ.ရတယ်။ ၁၉၆၀ တ၀ိုက်က ပေါ်ခဲ့တဲ့ Marcel Duchamp ကြွေးကြော်ခဲ့တဲ့ "Art is Idea" ဆိုတဲ့ Conceptualism လည်း ထိုနည်းလည်းကောင်းပါပဲ။ 

ခေတ်တစ်ခုထဲမှာပဲ ၀ါဒ ၃၊ ၄၊ ၅ ခုမက ထွန်းကားနိုင်သေးတယ်။ ၀ါဒတစ်ခုထဲအောက်မှာပဲ ဂိုဏ်းအမျိုးမျိုး ကွဲနေနိုင်သေးတယ်။ ဒီထက် ပိုပြီးပြည်ုစုံအောင် ပြောရရင်တော့ အများကြီး ပြောစရာကျန်ပါသေးတယ်။ စာအုပ်တစ်အုပ်စာ မကကို ကျယ်ပြန်.တဲ့ အကြောင်းအရာကြီး ဖြစ်နေတာကိုး။ အများကြီး ဆက်လေ့လာရပါဦးမယ်။
Albert the Great, patron saint of Roman Catholic theologians
Karl Marx posits that a society’s dominant ideology is integral to its superstructure.

Khun Cho

Friday, December 24, 2010

စိတ်ပြေလက်ပျောက် ၁၂ ကြောင်း

အထီးကျန်မှုကြောင့် ငြီးငွေ.ဖွယ်ကောင်းအောင် တမင် ငြီးငွေ.မိသလို
ငြီးငွေ.ဖွယ်ကောင်းမှုကြောင့် အထီးကျန်ဖြစ်အောင် တမင် အထီးကျန်မိလာတယ်

စိတ်နာနာနဲ. အဓိပ္ပာယ်ရှိမယ်ထင်တာတွေကို လျှောက် စိတ်နာမိတော့
ရှိတယ်ထင်ရတဲ့ အဓိပ္ပာယ်တွေက စိတ်နာနာကို စိတ်နာစပြုလာတယ်

လောကကြီးအပေါ် အကောင်းမြင်စိတ်နဲ. သုံးသပ်မိတဲ့အခါ
အကောင်းမြင်စိတ်ဟာ လောကကြီးအပေါ် သုံးသပ်မိလာတယ်

ထိုက်တန်မှုအတွက် လောဘကို နားလည်ဖို. ကြိုးစားခိုက်
နားလည်မှုဟာ ထိုက်တန်မှုအတွက် လောဘအပြည့်နဲ. ကြိုးစားလာတယ်

သတိရခြင်းတွေကို မမေ့မလျော့ သယ်ဆောင်ရင်း
မေ့လျော့ခြင်းတွေကို သတိတရ သယ်ဆောင်မိလာတယ်

တကယ် တန်ဖိုးရှိခဲ့လို. ဖြစ်တည်မှုတစ်ခုဟာ နေပျော်သေပျော်ခဲ့ရင်
ဖြစ်တည်မှုတစ်ခုဟာ နေပျော်သေပျော်တိုင်း တကယ် တန်ဖိုးရှိခဲ့ရဲ.လား…..။          ။



 ခွန်းချို
ဒီ၊ ၂၀၁၀ ။ (မွေးနေ.အမှတ်တရ)

Saturday, December 18, 2010

သမဂ္ဂများနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၃)

၁း၂ ။           ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ.ချုပ်၏ သမိုင်းကောက်ကြောင်း



                      မြန်မာနိုင်ငံမှာ တစ်ချိန်က ကျောင်းသားသမဂ္ဂပေါင်းများစွာ ရှိခဲ့ပေမယ့် အထင်ရှားဆုံးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ.ချုပ် (All Burma Federation of Student Unions) (ABFSU) တစ်ခုတည်းရဲ. သမိုင်းကောက်ကြောင်းကိုသာ ပြောသွားမှာ ဖြစ်ပါတယ်။

                       ဓမ္မနဲ. အဓမ္မ ထိပ်တိုက်တွေ.ဆုံတိုင်း ပြည်သူလူထုဘက်ကသာ အစဉ်တစိုက် ရပ်တည်ပေးခဲ့တဲ့ ABFSU ရဲ. ဇစ်မြစ်ကို လေ့လာကြည့်ရင် ၁၉၃၀ ခုနှစ်တ၀ိုက်၊ ဗမာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့စဉ်ကာလတွေအထိ ပြန်ဖော်ထုတ်ရမှာပါ။ ၁၉၃၀ မှာ တို.ဗမာအစည်းအရုံးကို သခင်ဘစိန်နဲ. သခင်ကိုယ်တော်မှိုင်းတို.က ဖွဲ.စည်းခဲ့အပြီး နောက်တစ်နှစ် ၁၉၃၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Rangoon University Students’ Union) (RUSU) ကို လူမှုရေးအဖွဲ.အစည်းတစ်ခုအနေနဲ. ကိုအောင်ဆန်း (နောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာပြီး ဗမာ့လွတ်လပ်ရေးဗိသုကာရှင် `လွတ်လပ်ရေး ဖခင်´ ၊ ၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ. မွေးဖခင် ဖြစ်လာသူ) က ဦးဆောင် ဖွဲ.စည်းခဲ့တယ်။ ၁၉၃၅ ခုနှစ်မှာတော့ ကိုအောင်ဆန်းနဲ. သူ.သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုနု (နောင်တွင် ပထမဆုံးနှင့် နောက်ဆုံးသော ဒီမိုကရေစီနည်းကျ ရွေးမြှောက်ခြင်း ခံရပြီး ၀န်ကြီးချုပ် ဦးနု ဖြစ်လာသူ) ၊ ကိုသိန်းဖေ (နောင်တွင် ဗမာပြည်ကွန်မြူနစ်ပါတီရဲ. အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ) နဲ. ကိုကျော်ငြိမ်း (နောင်တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်လာသူ) တို.က RUSU ရဲ. ခေါင်းဆောင်တွေ ဖြစ်လာကြပြီး ဗြိတိသျှကိုလိုနီအစိုးရကို ဆန်.ကျင်တဲ့ ဒုတိယမြောက် တက္ကသိုလ်ကျောင်းသားသပိတ်ကြီးကို ဦးဆောင်ခဲ့ကြတယ်။ ၁၉၃၆၊ မေလ ၈ ရက်နေ.မှာ ပထမဆုံးသော ကျောင်းသားညီလာခံကြီးကို ရန်ကုန်မှာ RUSU မှ စီစဉ် ကျင်းပနိုင်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) (All Burma Students’ Union) (ABSU) အဖြစ် ညီလာခံမှာ ပြောင်းလဲ ဖွဲ.စည်းခဲ့တယ်။ အဲဒီညီလာခံကြီးမှာ ကိုရာရှစ်က ABSU ရဲ. ဥက္ကဌအဖြစ်လည်းကောင်း၊ ကိုအောင်ဆန်းက ဒုတိယဥက္ကဌအဖြစ်လည်းကောင်း ရွေးကောက် တင်မြှောက်ခံခဲ့ရတယ်။

                          ၁၉၅၁ ခုနှစ်မှာ ဗမာတစ်နိုင်ငံလုံးက ကျောင်းသားအားလုံးကို ကိုယ်စားပြုနိုင်ဖို.အတွက် ABSU ကို ABFSU အဖြစ် အမည်ပြောင်းလဲခဲ့တယ်။ ABFSU ဟာ ပညာရေးစနစ် ပြင်ဆင်ဖွဲ.စည်းရေး၊ ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေး၊ လူတိုင်း လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရေးတို.အတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့တယ်။ ၁၉၆၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ABFSU ရဲ. ၆ ကြိမ်မြောက် ညီလာခံအတွင်း သူတို.ရဲ. မူဝါဒ ၅ ရပ်နဲ. အလံ ၃ မျိုးတို.ကို တစ်ညီတစ်ညွတ်တည်း အတည်ပြု လက်ခံ ကျင့်သုံးခဲ့ပြီး ဒီမိုကရေစီပညာရေးစနစ် ဖြစ်မြောက်လာရေး၊ ကျောင်းသားရပိုင်ခွင့်၊ ဒီမိုကရေစီ၊ အမျိုးသားငြိမ်းချမ်းရေးနဲ. ရင်ကြားစေ့ရေးတို.ကို ကာကွယ်စောင့်ရှောက်နိုင်ရေးတို.အတွက် လုပ်ကိုင် ဆောင်ရွက်နိုင်ဖို. သဘောတူညီခဲ့ကြတယ်။

                         ၁၉၆၂၊ မတ်လ ၂ ရက်နေ.မှာတော့ ဗမာတို.ရဲ. အပျံသင်စ ပါလီမန်ဒီမိုကရေစီစနစ်ဟာ ဖျက်သိမ်းခြင်း ခံခဲ့ရပြီး ဗိုလ်ချုပ်နေ၀င်းနဲ. အပေါင်းအပါတို.ရဲ. အတင်း အဓမ္မ အာဏာသိမ်းယူခြင်း ခံခဲ့ရတယ်။ (အတင်း အဓမ္မ အာဏာသိမ်းယူခြင်း ခံခဲ့ရတယ်လို. ရေးရတာက မြန်မာနိုင်ငံရဲ. ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲဟာ မာ့က်စ်ဝါဒနဲ. ဒီမိုကရေစီတို.ကြား လွန်ဆွဲခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံရေးမှာလိုပဲ ပါတီမူဝါဒတွေကို ဘေးချိတ်ပြီး မြန်မာ့နိုင်ငံရေး လူ.မလိုင်လွှာအတွင်း “လူကို ခင်တော့ မူကို ပြင်တယ်၊ လူကို မုန်းတော့ မူကို သုံးတယ်” ဆိုတဲ့ စကားပုံအတိုင်း မဲပေးခဲ့မှုတွေ ရှိခဲ့သလို ပါလီမန်အတွင်း အကွဲအပြဲတွေဖြစ်၊ စည်းလုံးမှုတွေ ပြိုကွဲခဲ့ပေမယ့် စစ်တပ်ဆိုတာ ဒီမိုကရေစီအရပ်သားအစိုးရရဲ. လက်အောက်မှာသာ တရားဥပဒေအရ တည်ရှိထားတဲ့ အရာဖြစ်လို. ကိုယ့်တိုင်းပြည် နယ်ချဲ.ကျူးကျော်ခံရမှုနဲ. သူပုန်ထကြွသောင်းကျန်းမှုတို.မဟုတ်ရင် တခြား ဘယ်ကိစ္စမှာမှ ၀င်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူးလို. ကျွန်တော့်အနေနဲ. အပြည့်အ၀ ယူဆပြီး အဲလို ရေးဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေ၀င်းလို မြာပွေတဲ့ လူမျိုးကို (အကြောင်းသိနေရဲ.သားနဲ.) စစ်ဦးစီးချုပ်အဖြစ် ခန်.အပ်ပြီး ဗိုလ်မှူးချုပ်အောင်ကြီးနဲ. နောက်က ထိန်းမယ်လို. တွက်တဲ့ ဦးနုရဲ. နိုင်ငံရေးညံ့ဖျင်းမှုတချို.လည်း ပါမယ် ထင်ပါတယ်)

                            စစ်တပ် အာဏာသိမ်းပွဲကို ABFSU က ကျောင်းသားသပိတ်နဲ. ကြိုဆိုခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်ရဲ. တစ်ခုတည်းသော ရန်သူဟာ လက်ဝဲယိမ်း၊ လက်ယာယိမ်းဝါဒီတို.လည်း မဟုတ်၊ အဖျက်အမှောင့် လက်နက်ကိုင် သူပုန်တွေလည်း မဟုတ်၊ နယ်ချဲ.၀ါဒီတွေလည်း မဟုတ်ဘဲ ကိုယ့်မြန်မာပြည်တွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လေးတွေ ဖြစ်လာခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းပရ၀ုဏ်တစ်ခုလုံးကို သူ.တပ်သားတွေနဲ. တပ်စွဲ သိမ်းပိုက်ပြီး ကျောင်းသားသပိတ်ကို ဗိုလ်ချုပ်နေ၀င်း ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ် ဖြိုခွင်းခဲ့တယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ.မှာတော့ စစ်တပ်က ရုတ်တရက် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသားရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာလည်း အကျဉ်းကျခံခဲ့ရသလို ကျောင်းသားသမဂ္ဂ အဆောက်အအုံလည်း ဖြိုချ ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ အဲဒီအချိန်ကစပြီး Kleptocracy (တိုင်းပြည်အရင်းအမြစ်တွေကို အာဏာနဲ. အပိုင်စီး ခိုးထုတ် အုပ်ချုပ်ခြင်း) နဲ. တစ်ဦးအပေါ်တစ်ဦး ယုံမှားသံသယ လွန်ကဲပြီး အကြွင်းမဲ့အာဏာရှင်ပုံစံ အုပ်ချုပ်ခြင်းတို.နဲ.ပဲ နိုင်ငံရေးအခြေအနေတွေဟာ လှိုင်းထန် ကြမ်းတမ်းနေခဲ့တယ်။ အဲလိုနဲ. ABFSU လည်း မြေအောက်အဖွဲ.တစ်ခုအသွင် ဖြစ်သွားခဲ့ပြီး လျှို.၀ှက် ဆောင်ရွက်နေခဲ့တယ်။

                           ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီအရေးနဲ. အပြောင်းအလဲတို.အတွက် နှိုးဆော်မှုတွေကနေ လူထုအုံကြွမှုကြီးဖြစ်လာပြီး အကြီးအကျယ်ဆန္ဒပြမှုတွေဟာ ရန်ကုန်မြို.တော် လမ်းမများပေါ် တစ်ဖန် ပြန်လည်ရောက်ရှိလာတယ်။ ၈ လေးလုံး အရေးအခင်းကြီးရဲ. တစ်စိတ်တစ်ပိုင်းအနေနဲ. ၁၉၈၈ မှာ ABFSU ကို လူသိထင်ရှား ပြန်လည် ဖွဲ.စည်းခဲ့တယ်။ ၁၉၈၈၊ သြဂုတ်လ ၂၈ ရက်နေ.မှာ (ကို)မင်းကိုနိုင်နဲ. နီးစပ်ရာသူငယ်ချင်းတို.ကို ကျောင်းသားညီလာခံတစ်ခုကို ယခင်ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာမှာ ကျင်းပခဲ့ကြပြီး (ကို)မင်းကိုနိုင်ကို ABFSU ဥက္ကဌအဖြစ် တစ်ညီတစ်ညွတ်တည်း ထောက်ခံ ရွေးမြှောက်ခဲ့ကြတယ်။ ကျောင်းသားလှုပ်ရှားမှုတွေ အရှိန်ရလာချိန်မှာပဲ (ကို)မင်းကိုနိုင်နဲ. တခြားကျောင်းသားခေါင်းဆောင်တွေဟာ စစ်တပ်ရဲ. ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်။ တချို.ကျောင်းသားခေါင်းဆောင်တွေ နယ်စပ်ကို ထွက်ပြေးသွားခဲ့ကြပေမယ့် ABFSU ဟာ သူတို.ရဲ. လှုပ်ရှားမှုတွေကို ရှေ.ဆက်ခဲ့တယ်။

                           ၁၉၉၀ ရွေးကောက်ပွဲကတည်းက ABFSU ဟာ အဲဒီနှစ် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် (National League for Democracy) (NLD) အပေါ် သူတို.ရဲ. ထောက်ခံမှုတွေ ပုံအောခဲ့ပြီး လူထုအစိုးရတစ်ရပ် ပေါ်ထွန်းလာဖို.အတွက် NLD ကို ထောက်ခံတဲ့ ဆန္ဒပြပွဲကြီးတွေ စီစဉ် ပြုလုပ်ခဲ့ကြတယ်။ ၁၉၉၀၊ ဒီဇင်ဘာမှာ ABFSU ရဲ. ကျောင်းသားခေါင်းဆောင်အားလုံး ဖမ်းဆီးခံခဲ့ရပြီး နှစ်ရှည်လများ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတယ်။ [သူတို.ကို ထောင်ဒဏ် နှစ်ရှည်ချမှတ်ခဲ့တဲ့ ဥပဒေက လုံးထွေးစွာ စကားလုံးစီထားတဲ့ ၁၉၅၀ ခုနှစ်၊ အရေးပေါ်အခြေအနေ ပြဌာန်းချက် အက်ဥပဒေပုဒ်မ ၅ (ည) ဖြစ်ပါတယ်။ သွေးထိုး ဆူပူ အုံကြွမှုတို.ကို ပြုလုပ်ပါတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီး ထောင်ချနိုင်ဖို.အတွက် မကြာခဏ အသုံးချလေ့ရှိတဲ့ ဥပဒေလည်း ဖြစ်ပါတယ်]

                             ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ.၊ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိကြောင်းလည်း ကြားရော ကျောင်းသားတွေ အောင်ပွဲခံခဲ့ပြီး သူမကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးဖို.ကို တောင်းဆို ဆန္ဒပြခဲ့ကြတယ်။ ၁၉၉၆ ခုနှစ်တုန်းကလည်း ဒီမိုကရေစီအရေးနဲ. ကျောင်းသားရပိုင်ခွင့်တို.အတွက် တောင်းဆို ဆန္ဒပြခဲ့ကြသေးတယ်။

                               ABSFU နဲ. ဆက်နွယ်ခဲ့သူ အများစုဟာ မြန်မာ့နိုင်ငံရေးလောကမှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ပြီး တရားမျှတမှုနဲ. လွတ်လပ်ရေးတို.ကို ကတိပြု နှစ်မြှုပ်ထားခဲ့ကြတယ်။ ABFSU ရဲ. အထင်ရှားဆုံး ခေါင်းဆောင်တချို.ကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးသိန်းဖေမြင့် (နောင်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ) ဦးကျော်ငြိမ်းနဲ. (ကို)မင်းကိုနိုင် [လက်ရှိတွင် ရှမ်းပြည်နယ် အကျဉ်းထောင်တစ်ခု၌ ထောင်ဒဏ် ၆၅ နှစ် အကျဉ်းကျခံနေရပြီး ABFSU ရဲ. ခေါင်းဆောင် (တစ်ဖြစ်လဲ) ထင်ရှားတဲ့ နိုင်ငံရေးအတိုက်အခံခေါင်းဆောင်တစ်ဦး] တို. ဖြစ်ကြပါတယ်။ (ခေါင်းဆောင်အများစုမှာ ထောင်ထဲ ရောက်နေကြပြီး တချို.က မြေအောက်လှုပ်ရှားမှုတွေ ပြုလုပ်နေသေးသလို တချို.ကတော့ နယ်စပ်တွေမှာ လုပ်ကိုင် ဆောင်ရွက်နေကြဆဲ)

                             ၁၉၈၈ ခုနှစ်ကတည်းက ABFSU ရဲ. လက်ရုံး အဖွဲ.ခွဲတစ်ခုဟာ မြန်မာနိုင်ငံပြင်ပမှာ လှုပ်ရှားနေခဲ့ပြီး လူ.အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း၊ ပညာရေးပဠိပက္ခတွေအကြောင်း နိုင်ငံတကာကို အသိပေးနိုင်ခဲ့တယ်။ ဥပမာ - ABFSU ရဲ. နိုင်ငံခြားရေးရာ ကော်မတီ (Foreign Affairs Committee) (ABFSU - FAC) ဆိုရင် မြန်မာပြည်ကိစ္စတွေကို လူအများ ပိုမို သိရှိ နားလည်လာရေး ၊ နိုင်ငံတကာကျောင်းသားအဖွဲ.အစည်းတို.ရဲ. လှုပ်ရှားမှုတွေ ပိုမိုတိုးတက် ကျယ်ပြန်.လာဖို.အတွက် အရှိန်အဟုန် မြှင့်တင်နိုင်ရေးနဲ. ကမ္ဘာတစ်ဝန်း ကျောင်းသားလှုပ်ရှားမှုတွေကို အထောက်အကူပြုပေးနိုင်ရေးတို.ကို ရည်မှန်းချက်ထား ၊ ဆောင်ရွက်လျက် ရှိနေတာ တွေ.ရတယ်။     

                            အနှစ်ပြန်ချုပ်ရရင် ABFSU ဆိုတာ မြန်မာပြည်မှာ ရှိတဲ့ ကျောင်းသားသမဂ္ဂတွေအားလုံးကို စုစည်း တည်ထောင်ထားတဲ့ အဖွဲ.ချုပ်ဖြစ်ခဲ့ပြီး ပညာရေးသင်ကြားရေး လွတ်လပ်ခွင့်နဲ. ကျောင်းသားရပိုင်ခွင့်တို.အတွက် နိုးကြားတက်ကြွတဲ့ လော်စပီကာတစ်လုံးသဖွယ် ဖြစ်ခဲ့တယ်။ ကျောင်းသားအရေးကိစ္စတို.အတွက် ဟောပြောရာ စင်မြင့်တစ်ခုဖြစ်သလို စကားရည်လုရာ စည်းဝေး ဆွေးနွေးပွဲ (ဖိုရမ်) တစ်ခု ဖြစ်ခဲ့တယ်။ အသွင်အမျိုးမျိုးနဲ. နိုင်ငံရေးဖိနှိပ်သူ အင်အားစုတွေကို တွန်းလှန်ရာမှာ ရှေ.တန်းကနေ နှစ် ၈၀ နီးပါး ပါဝင်နေဆဲ ဖြစ်တယ်။ ABFSU ဦးဆောင်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေဟာ ပြည်သူလူထုရဲ. သဘောထားနဲ. အခြေအနေတွေကိုလည်း အမြဲတစေ မီးမောင်းထိုး ၊ ကိုယ်စားပြုနိုင်ခဲ့တယ်။ ဗြိတိသျှကိုလိုနီစနစ်ကို ဆန်.ကျင် တော်လှန်တာကအစ၊ ဖက်ဆစ်ဂျပန် အလယ်၊ တပ်မတော်အစိုးရကို သပိတ်မှောက်တာအဆုံး အားလုံးကို လေ့လာကြည့်ရင် အလွယ်တကူ တွေ.မြင်နိုင်တယ်။ အချိန်ကာလတွေ ရွေ.လျား ပြောင်းလဲလာတာနဲ.အမျှ ABFSU ရဲ. ရည်မှန်းချက်တွေလည်း ပြောင်းလဲလာခဲ့တယ်။ ကနဦးတည်ထောင်စ လွတ်လပ်ရေးကြိုးပမ်းချက်တွေကနေ လက်ရှိအခြေအနေတွေအရ ဒီမိုကရေစီအရေး၊ တရားမျှတမှုနဲ. အမျိုးသား ရင်ကြားစေ့ရေးတို.ကို (မလွှဲမရှောင်) ပြောင်းလဲ အာရုံစိုက်ခဲ့တော့တယ်။

                           နောက်ဆုံးသိထားရသလောက်တော့ ၂၀၀၇ (သြဂုတ် + စက်တင်ဘာ) ၊ စက်သုံးဆီ ဈေးတက်မှုကို အကြောင်းပြု ၊ ဖြစ်ပွားခဲ့တဲ့ အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားမှုကြီးရဲ. ဆန္ဒပြပွဲကာလအတွင်း ABFSU ကို တက္ကသိုလ်ကျောင်းသားတို.က လျှို.၀ှက်စွာ ပြန်လည် ဖွဲ.စည်းခဲ့တယ်လို. သိရှိရပါတယ်။

                          [ “သမဂ္ဂများနှင့် စပ်လျဉ်းသော အရေးအသားများ” အပိုင်း (၃) ဒီတွင် ပြီးပါပြီ။]


                          [ဒီလထဲ ခရီးသွားစရာတွေ ရှိနေလို. အပိုင်း (၄ + ၅) ကို အချောသပ် ရေးတင်နိုင်ဖို. ၂ ပတ်၊ ၃ ပတ်လောက် ကြာဦးမယ် ထင်တယ်။ အခုလို စိတ်ရှည် လက်ရှည်နဲ. ပြီးတဲ့အထိ ဖတ်ရှုပေးတာကို ကျေးဇူးတင်ပါတယ်။ ဝေဖန် ထောက်ပြပေးနိုင်ရင် အများကြီး ပိုကျေးဇူးတင်ပါဦးမယ်]  :)


လိုရာခရီး ရောက်နိုင်ကြပါစေ။

ခွန်းချို

ဒီဇင်ဘာ ၁၂၊ ၂၀၁၀ (တနင်္ဂနွေနေ.)



<span> </span>
<span>မှီငြမ်း ကိုးကားချက်များ စာရင်း </span>

  1. http://news.bbc.co.uk/2/hi/asia-pacific/261968.stm
  2. www.redpepper.org.uk/Burma-crisis
  3. www.aappb.org/2007_April_Eng.pdf
  4. http://fmccb.tripod.com/abfsu.htm
  5. http://www.irrawaddy.org/article.php?art_id=8410
  6. http://www.aungsan.com/
  7. http://burmadigest.wordpress.com/2006/07/02/seventh-july-student-massacre/
  8. http://news.bbc.co.uk/2/hi/asia-pacific/4051235.stm
  9. http://www.washingtonpost.com/wp-dyn/content/article/2008/07/19/AR2008071901609.html
  10.  http://myamarnews.blogspot.com/2008/06/abfsu-aid-workers-remain-in-detention.html
  11.  http://www.burmacampaign.org.uk/mkn_action.html
  12.  http://peoplewinthrough.com/
  13.  http://www.myanmar.gov.mm/Perspective/persp2002/4-2002/bio.htm
  14.  http://www.time.com/time/magazine/article/0,9171,862231,00.html
  15. http://www.myanmar.gov.mm/Article/Article2005/April05/April03.htm
  16.  http://www.irrawaddymedia.com/article.php?art_id=683
  17.  http://www.ftub.org/FTUBBackground
  18.  Kyaw Zaw Win, A history of Burma Socialist Party (Ph.D thesis)
  19.  Norman Nyun-Han, Burma’s Experiment In Socialism(Ph.D thesis)
  20.  Nay Nyunt Ba Swe, A history of the Peoples’ Revolutionary Party (1939 – 1946), (M.A. thesis)
  21.  Robert H.Taylor, “Burma” : Haruhiro Fukui (Editor-in-Chief), “Political Parties Of Asia And the Pacific” ,
  22.  “Burma” , (British Empire History) edited by Sir Reginald Coupland.
  23. http://www.ide.go.jp/English/Publish/Periodicals/De/pdf/74_04_03.pdf
  24. Oliver Hensengerth (2005). “The Burmese Communist Party and the State-to-State Relations between China and Burma”
  25.  International Confederation of Free Trade Unions (1987), “Violations of Trade Union Rights in Asia and the Pacific”
  26.  `မြန်မာ့သမိုင်းဖတ်စာ၊ စတုတ္ထတန်း´ ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီ
  27.  သိန်းဖေမြင့်၊ `တော်လှန်ရေးကာလ နိုင်ငံရေးအတွေ.အကြုံများ´
  28.  ကျော်ဇော်ဝင်း၊ `ပြည်သူ.လွတ်လပ်ရေး (ဆိုရှယ်လစ်)ပါတီသမိုင်း (၁၉၄၄ - ၁၉၄၈) ၊ မဟာဝိဇ္ဇာဘွဲ.ယူကျမ်း
  29.  Khai Suu, “Burma badly needs trade unions for workers”  edited by Ye Yint Aung, an article on Mizzima news website as at February 12, 2010 (Friday)
  30.  Khun Sam, “Historic Student Union ABFSU Revived in Burma” , an article on Irrawaddy news website as at August 28, 2007 (Tuesday)
  31.  ခွန်းချို၊ `ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၂)´
  32.  Countless Articles on Wikipedia
Khun Cho

Thursday, December 16, 2010

သမဂ္ဂများနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၂)

၁းဝ ။      ။ မြန်မာနိုင်ငံတွင် တစ်ချိန်က ရှိခဲ့ဖူးသော အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတို.၏ သမိုင်းအနှစ်ချုပ်   

၁း၁ ။           ။ အလုပ်သမားသမဂ္ဂတို.၏ သမိုင်းကောက်ကြောင်း


(က) နိဒါန်း


                     ပြောချင်တာတွေ သိပ်များနေလို. အမှာစာမှာ မဆိုင်တာတွေရော ဆိုင်တာတွေရော နည်းနည်း ပေရှည်သွားတာကို သည်းခံပေးပါ။

                     အခုလို သမဂ္ဂတွေအကြောင်း ရေးရာမှာ လက်လှမ်းမီသလောက် ရရှိတဲ့ မြန်မာ့နိုင်ငံရေးသမိုင်း အထူးပြု မဟာဝိဇ္ဇာဘွဲ.ယူ ကျမ်း၊ ပါရဂူဘွဲ.ယူ ကျမ်း (Dissertations/ Theses) တချို.၊ စာအုပ်တချို.နဲ. ဆောင်းပါး (Article items) ပေါင်း ၄၀ လောက်ကိုပဲ နှစ်လကျော် ကြာ ဖတ်ရှုပြီး မှီငြမ်း ရေးသားခဲ့ပါတယ်။ တကယ်တော့ သမဂ္ဂဆိုတာ အထူးအဆန်းကိစ္စတော့ မဟုတ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ (ကျောင်းသုံး ပြဌာန်း ဖတ်စာအုပ်တွေမှာ) တရားဝင် အသိအမှတ်ပြု ရေးသားခြင်း ခံရပြီး (လွတ်လပ်ရေး ရရှိရာမှာ အရေးပါခဲ့တဲ့အတွက်) ထည့်မပြောလို. မဖြစ်တဲ့ မှတ်မှတ်ရရအရှိဆုံး အဖြစ်အပျက်နှစ်ခုကတော့ ဆရာစံ အရေးတော်ပုံ (၁၉၃၀) နဲ. ၁၃၀၀ ပြည့် အရေးတော်ပုံ (ခရစ်နှစ် ၁၉၃၈-၁၉၃၉ တွင် ဖြစ်ပွားခဲ့သော တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားတို. ပါဝင်သော သပိတ်မှောက်ပွဲများ) ဖြစ်ပါတယ်။ ကိုလိုနီစနစ်ရဲ. ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးတို.ကြောင့် သပိတ်မှောက်ပွဲတွေ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့တယ်။ အဲဒီအရေးတော်ပုံနှစ်ခုဟာ လက်နက်မပါ၊ စစ်တပ်မပါဘဲ တော်လှန်ခဲ့တာကြောင့် ကျရှုံးခဲ့ရတာ ဖြစ်တယ်လို. ပြည်သူ.တော်လှန်ရေးပါတီက သုံးသပ်ပြီး ပြည်ပလက်နက်အကူအညီတွေဟာ တိုင်းပြည် လွတ်လပ်ရေး ရရှိဖို.အတွက် မရှိမဖြစ် လိုအပ်ချက်တွေလို. သိမြင်ခဲ့ကြတယ်။ အရေးတော်ပုံတို.ရဲ. နောက်ဆက်တွဲ ကောင်းကျိုးတစ်ခုကတော့ အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။


(ခ) ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ကွန်ဂရက်


                      ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂကွန်ဂရက် (All Burma Trade Union Congress) (ABTUC) ကို ၁၉၄၀၊ ဇန်န၀ါရီ ၃၀ ရက်နေ.မှာ သခင်လေးမောင်နဲ. သခင်ဘတို.က ဦးဆောင် ဖွဲ.စည်းခဲ့တယ်။ ၁၉၃၉၊ ဇူလိုင်လမှာ သခင်တွေ ဦးဆောင်ကျင်းပခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားညီလာခံကနေ ABTUC မြစ်ဖျားခံလာခဲ့တယ်။ ၁၉၄၀၊ သြဂုတ်မှာတော့ ABTUC ဟာ သူတို.ရဲ. ရည်မှန်းချက်တွေအကြောင်း ပြည်သူလူထုကို ထုတ်ဖော် ကြေညာခဲ့ပြီး လူမျိုးတိုင်း တန်းတူညီမျှရေး၊ ကျား/မ မခွဲခြားရေး၊ လူမှုဘ၀ သက်သာချောင်ချိ ဖူလုံရေး၊ အနိမ့်ဆုံး လုပ်ခ လစာငွေ သတ်မှတ်နိုင်ရေး၊ အလုပ်ချိန် သတ်မှတ် ထိန်းညှိနိုင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေများ ဖန်တီးပေးနိုင်ရေးနဲ. ကုန်ထုတ်လုပ်မှု၊ ဖြန်.ချီမှု၊ အရောင်းအ၀ယ် လည်ပတ်မှုတွေကို လူမှုပတ်ဝန်းကျင်အတွင်း မျှတ ၀င်ဆံ့စေခြင်းဖြင့် ဆိုရှယ်လစ်တိုင်းပြည်သစ်တစ်ခု တည်ဆောက်နိုင်ရေးတို.အထိ ပါဝင်ပါတယ်။ ၁၉၄၁ ခုနှစ်၊ မတ်လမှာ ABTUC ကို သခင်ဘဟိန်းနဲ. သခင်ဘတင်တို.က ပြန်လည်ဖွဲ.စည်းခဲ့တယ်။ အစောပိုင်းကာလတွေမှာ (ဦး)ဘဆွေဟာ ABTUC ရဲ. ကန်.လန်.ကာ နောက်ကွယ်ကနေ အရေးပါ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့တယ်။

                       ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဖက်ဆစ်ဂျပန်တို.က ဗမာပြည်ကို သိမ်းပိုက်ပြီးတဲ့နောက် ABTUC ရဲ. လှုပ်ရှားဆောင်ရွက်မှုတွေအားလုံး ရုတ်သိမ်း ရပ်ဆိုင်းခြင်း ခံခဲ့ရပြီး အလုပ်သမားသမဂ္ဂ ဖွဲ.စည်းခွင့်နဲ. အလုပ်သမားရပိုင်ခွင့်တွေကို ပိတ်ပင်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်၊ မေ ၂၄ မှာ သခင်ကျော်စိန်နဲ. သခင်လှကြွယ်တို.က ABTUC ကို ပြန်လည်ဖွဲ.စည်းခဲ့တယ်။ ၁၉၄၅၊ ဇွန်လ ၁ ရက်နေ.မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ. ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သူ သခင်ဘဟိန်းကို ABTUC ရဲ. ဥက္ကဌအဖြစ် တင်မြှောက်ခဲ့တယ်။ အဲဒီအချိန်မှာ လက်အောက်ခံ အလုပ်သမားသမဂ္ဂအဖွဲ.ပေါင်း ၁၄ ဖွဲ.တို.က ဆက်နွယ်ပေါင်းစည်းလာပြီး အဖွဲ.၀င်အင်အား စုစုပေါင်း ၁၁, ၅၀၀ အထိ ဖြစ်လာခဲ့တယ်။ ၁၉၄၅၊ ဇူလိုင် ၉ ရက်နေ.မှာ ကမ္ဘာ.အလုပ်သမားသမဂ္ဂအဖွဲ.ချုပ်ထံ အဖွဲ.၀င်ခွင့် တောင်းခံခဲ့တယ်။ ၁၉၄၆၊ သခင်ဘဟိန်း ကွယ်လွန်အပြီးမှာ ဘင်္ဂလီလူမျိုး သခင်ဘတင် (ခေါ်) ဂိုရှယ် (H.N.Ghoshal) ယာယီခေါင်းဆောင် ဖြစ်လာတယ်။ (သခင်ဘတင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ. အစောပိုင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်)

                       ၁၉၄၆၊ ဇူလိုင်လ၊ သခင်သန်းထွန်းရဲ. ဦးဆောင်မှုအောက်မှာ ABTUC ဟာ ဖဆပလအစိုးရရဲ. ဖိနှိပ်ချုပ်ချယ်မှုတွေအပေါ် ဆန်.ကျင် သပိတ်မှောက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး စက်တင်ဘာမှာတော့ အထွေထွေ သပိတ်ကြီးကို ဆင်နွှဲခဲ့ကြတယ်။ သပိတ်မှောက်ပွဲမှာ အစိုးရဌာန ၀န်ထမ်းတွေလည်း ပါဝင်လာခဲ့တယ်။ ဒီမိုကရေစီအခွင့်အရေးတွေ တောင်းဆိုခဲ့ကြတဲ့အပြင် နယ်ချဲ.ဆန်.ကျင်ရေး သဘောထားတွေကိုလည်း ပြသခဲ့ကြပြီး၊ တောင်သူလယ်သမားထုရဲ. ရုန်းကန်နေရမှုတို.နဲ. တစ်သားတည်း ကျစေဖို.ကိုပါ တောင်းဆိုခဲ့ကြတယ်။

                       လွတ်လပ်ရေးရပြီး ၁၉၄၈၊ မတ်လမှာတော့ ABTUC ဟာ ဗြိတိသျှပိုင် စက်မှုလုပ်ငန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ သင်္ဘောကျင်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို အထွေထွေ သပိတ်မှောက်ကြဖို. စည်းရုံး ဆော်သြခဲ့ကြတယ်။ တပ်မတော်အင်အားစုတွေဟာ အဲဒီသပိတ်ပွဲကို နှိမ်နင်းဖို. လှုံ.ဆော်ခြင်း ခံခဲ့ရတယ်။ သပိတ်မှောက်အလုပ်သမားတွေခမျာ တိုက်ခိုက်ခံရပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြတယ်။ အဲဒီအဖြစ်အပျက်တွေလည်း ပြီးရော ဗမာပြည်ကွန်မြူနစ်ပါတီဟာ လက်နက်ကိုင် တိုက်ပွဲဝင်ဖို. စတင် ပြင်ဆင်လာခဲ့ကြတော့တယ်။ အဲလိုနဲ. ဗမာပြည်ကွန်မြူနစ်ပါတီကို အစိုးရက နှိမ်နင်း ဖြိုခွင်းဖို. ကြိုးစားလာခဲ့တဲ့နောက်ပိုင်းမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ကွန်ဂရက် (ABTUC) လည်း ဖျက်သိမ်းခြင်း ခံခဲ့ရပါတော့တယ်။    


(ဂ) အလုပ်သမားသမဂ္ဂ ကွန်ဂရက် (ဗမာ)


                       အလုပ်သမားသမဂ္ဂ ကွန်ဂရက် (ဗမာ) [Trade Union Congress (Burma)] [TUC(B)] ကို ၁၉၄၅၊ နိုဝင်ဘာလမှာ ဆိုရှယ်လစ်ပါတီက ဖဆပလအဖွဲ.ချုပ်ရဲ. အကူအညီနဲ. တည်ထောင်ခဲ့ပြီး ကွန်မြူနစ်တို. ဦးဆောင်လာတဲ့ ABTUC ရဲ. လွှမ်းမိုးမှုကို တန်ပြန် တွန်းလှန်နိုင်ရန်ရည်ရွယ်ချက်နဲ. တည်ထောင်ခဲ့တဲ့ ဗဟိုအလုပ်သမားသမဂ္ဂတစ်ခု ဖြစ်ပါတယ်။ TUC(B) ရဲ. ပထမဆုံးဥက္ကဌက ဒီးဒုတ်ဦးဘချို ဖြစ်ပြီး TUC(B) ဟာ ဖဆပလအစိုးရရဲ. လက်အောက်ခံ အဖွဲ.အစည်းတစ်ခုအဖြစ် ရပ်တည်ခဲ့တယ်။

                       ၁၉၄၉ ခုနှစ်မှာ သခင်လွင် ဥက္ကဌ ဖြစ်လာပြီး သူ.ရဲ. ဦးဆောင်မှုအောက်မှာ TUC(B) ဟာ ကွန်မြူနစ်လမ်းကြောင်းပေါ် သိသိသာသာ ဦးတည်လာခဲ့တော့တယ်။ ကမ္ဘာ.အလုပ်သမားအဖွဲ.ချုပ်မှာ အဖွဲ.၀င်သင့်၊ မ၀င်သင့် အပေါ် အငြင်းပွားခဲ့ကြတာတွေကို ကြည့်ရင် TUC(B) ရဲ. ကွန်မြူနစ်အရွေ.ကို တွေ.မြင်နိုင်တယ်။ ၁၉၅၀၊ အလုပ်သမားနေ. (May Day) လူထုစုဝေးပွဲကြီးမှာ TUC(B) အဖွဲ.၀င်တွေဟာ ကားလ်မာ့က်စ်၊ အိန်ဂျယ်စ်၊ လီနင်၊ စတာလင်၊ မော်ဇီတုံးတို.ရဲ. ရုပ်ပုံကြီးတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတယ်။ အဲဒီနေ. လူထုကို ပြောတဲ့ မိန်.ခွန်းထဲမှာ သခင်လွင်က TUC(B) ဟာ ကွန်မြူနစ်ပါတီလမ်းကြောင်းကို လျှောက်လှမ်းတော့မှာ ဖြစ်ကြောင်း၊ ကမ္ဘာ.အလုပ်သမားအဖွဲ.ချုပ်သို. အဖွဲ.၀င်မှာ ဖြစ်ကြောင်းတို.ကို ပြောကြားခဲ့ပြီး ဗြိတိသျှတို.ရဲ. ဘဏ္ဍာရေးအထာက်အပံ့တွေ လက်ခံရယူနေတဲ့ ဗမာအစိုးရရဲ. မူဝါဒကို အပြစ်တင် ရှုတ်ချခဲ့တယ်။ ထူးဆန်းတာက သူ.မိန်.ခွန်းထဲမှာ အလံဖြူကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီနဲ. ဂျိုးဇစ်ဘရော့စ်တီတို တို.ကို `ဖောက်ပြန်ရေးသမားတွေ´ လို. ပြောခဲ့တာပဲ ဖြစ်တယ်။ သခင်လွင်ရဲ. မိန်.ခွန်းကြောင့် ဆိုရှယ်လစ်ပါတီတွင်း အကွဲအပြဲဇာတ်လမ်းတွေအကြောင်း လူသိထင်ရှား ဖြစ်လာခဲ့တော့တယ်။

                       သခင်လွင်ရဲ. အလုပ်သမားနေ. မိန်.ခွန်းကြောင့် နိုင်ငံရေးဂယက်ရိုက်ခတ်မှု ကြီးမားခဲ့ပေမယ့် ဆိုရှယ်လစ်ပါတီနဲ. ဖဆပလတို.က သူ.ကို အပြစ်ပေး၊ အရေးယူတာမျိုးတော့ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ TUC(B) ရဲ. ဒုတိယဥက္ကဌ တစ်ဖြစ်လဲ ဖဆပလ ပါလီမန်အဖွဲ.၀င်ဖြစ်သူ သခင်လှကြွယ်က ၁၉၅၀၊ စက်တင်ဘာမှာ အစိုးရရဲ. ကိုရီးယားစစ်ပွဲအပေါ် ထောက်ခံမှုကို ပြင်းပြင်းထန်ထန် ပုတ်ခတ် ရှုတ်ချလာတဲ့အခါ TUC(B) ကို ဖဆပလအဖွဲ.က ရပ်ဆိုင်းထားလိုက်တော့တယ်။ TUC(B) ကို ဖဆပလနဲ. ပြန်လည် ပူးပေါင်းလာနိုင်ဖို.အတွက် သခင်လွင်နဲ. သခင်လှကြွယ်တို.ကို သူတို.ရာထူးတွေကနေ ဖယ်ရှားပေးဖို. ဖဆပလ က တောင်းဆိုခဲ့တယ်။ အဲဒီနောက်မှာတော့ သခင်လွင်နဲ. အပေါင်းအပါ လက်ဝဲယိမ်းဝါဒီတို.ဟာ ဆိုရှယ်လစ်ပါတီမှ ခွဲထွက်ပြီး ဗမာနိုင်ငံအလုပ်သမားများနှင့် တောင်သူလယ်သမားများပါတီ (Burma Workers and Peasants Party) (BWPP) ကို ဖွဲ.စည်းခဲ့ကြတယ်။ ၁၉၅၁ ခုနှစ်မှာတော့ ဆိုရှယ်လစ်ခေါင်းဆောင် ဦးဘဆွေက TUC(B) ရဲ. ဥက္ကဌ ဖြစ်လာခဲ့တယ်။        


(ဃ) တခြားသော အလုပ်သမားသမဂ္ဂတချို.



အလံနီအလုပ်သမားသမဂ္ဂများ (Red Flag Labour Unions) ။               ။ အလံနီကွန်မြူနစ်ပါတီဆိုတာ လွတ်လပ်ရေးမတိုင်မီခေတ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာခဲ့တဲ့ ကွန်မြူနစ်ပါတီတစ်ခုဖြစ်ပါတယ်။ ခွဲထွက်လာခဲ့ပြီးနောက်မှာတော့ သမဂ္ဂတွေ ဖွဲ.စည်းခဲ့တယ်။ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်။


အလံနီလယ်သမားများသမဂ္ဂ (Red Flag Cultivators Unions) ။                ။ တောင်သူလယ်သမားလှုပ်ရှားမှုဖြစ်တယ်။ လယ်ငှားခတွေ၊ အခွန်တွေ မပေးဆောင်ဖို. နှိုးဆော်ခဲ့တဲ့ လယ်သမားသမဂ္ဂဖြစ်တယ်။ ၁၉၄၆၊ ဇူလိုင် ၃ ရက်နေ.မှာတော့ အလံနီသမဂ္ဂတွေအားလုံးကို ဗမာပြည်ရဲ. ဗြိတိသျှဘုရင်ခံ ဆာဟင်နရီနိုက်ထ် (Sir Henry Knight) က ပိတ်ပင် ဖျက်သိမ်းခဲ့တယ်။


ဗမာ့အလုပ်သမားသမဂ္ဂကွန်ဂရက် (Burma Trade Union Congress) (BTUC) ။              ။ ဗဟိုအလုပ်သမားသမဂ္ဂအဖွဲ.အစည်းတစ်ခု ဖြစ်တယ်။ ၁၉၅၀ ခုနှစ်မှာ ဗမာနိုင်ငံအလုပ်သမားများနှင့် တောင်သူလယ်သမားများပါတီ (BWPP) ရဲ. အလုပ်သမားသမဂ္ဂ ဂိုဏ်းခွဲတစ်ခုအနေနဲ. [TUC(B) နဲ. ဆိုရှယ်လစ်ပါတီကနေ ခွဲထွက်လာတဲ့) သခင်လှကြွယ်နဲ. သခင်လွင်တို.က တည်ထောင်ခဲ့ကြတယ်။ [BTUC ကို TUC(B) နှင့် မရောထွေးစေလိုပါ။ TUC(B) ကို ဆိုရှယ်လစ်ပါတီက ဖွဲ.စည်းခဲ့တာ ဖြစ်ပါတယ်)


ဗမာသင်္ဘောသားများသမဂ္ဂ (Seafarers Union of Burma) (SUB)  ။               ။ ပြည်ပရောက် အလုပ်သမားသမဂ္ဂတစ်ခု ဖြစ်တယ်။ နိုင်ငံတကာ သင်္ဘောကုန်စည်ပို.ဆောင်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ မြန်မာလူမျိုး (ခန်.မှန်းခြေ) ၃ သောင်းခန်.ကို ကိုယ်စားပြုထားတယ်။ လုပ်ငန်းခွင်အခြေအနေ နိမ့်ကျပြီး လုပ်ခလစာငွေ နည်းပါးစွာ ရရှိ ၊ ဒုက္ခရောက်နေကြတဲ့ (Flag of Convenience) သင်္ဘောမျိုးတွေမှာ အလုပ်လုပ်ကိုင်နေကြရသူတွေကို အဓိက ကိုယ်စားပြုထားတဲ့ သမဂ္ဂဖြစ်တယ်။ (Flag of Convenience ဆိုတာ အကောက်ခွန်သက်သာပြီး ဥပဒေအရ အခွင့်သာတဲ့ နိုင်ငံတွေမှာ မှတ်ပုံတင်ထားလို. လွှင့်ထူရတဲ့ အဲဒီနိုင်ငံရဲ. အလံ ။ အဲဒီအလံကို လွှင့်ထူထားတဲ့ သင်္ဘောပေါ့) ၁၉၉၁ ခုနှစ်မှာ ဒုက္ခသည် မြန်မာသင်္ဘောသားတို.က စတင်တည်ထောင်ခဲ့တဲ့ SUB ဟာ မြန်မာနိုင်ငံမှာ အပိတ်ခံထားရပေမယ့် မြန်မာသင်္ဘောသားများရဲ. တရားဝင် ကိုယ်စားလှယ်အဖြစ် နိုင်ငံတကာ သင်္ဘောသားများ သမဂ္ဂအဖွဲ.တို.ရဲ. အသိအမှတ်ပြု၊ ထောက်ခံမှုကို ရရှိထားပြီး နိုင်ငံတကာ ပို.ဆောင်ရေးလုပ်သားများ အဖွဲ.ချုပ် (International Transport Workers Federation) (ITF) ရဲ. အဖွဲ.၀င် သမဂ္ဂလည်း ဖြစ်ပါတယ်။


မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ.ချုပ် (Federation of Trade Unions – Burma) (FTUB) ။           ။ ၁၉၉၁ ခုနှစ်မှာတော့ ၈ လေးလုံး အရေးအခင်းကြီးမှာ ပါဝင်ခဲ့ကြတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေနဲ. ကျောင်းသားတို.က မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ.ချုပ် (FTUB) ကို ဖွဲ.စည်းခဲ့ကြပါတယ်။ FTUB ရဲ. လက်ရှိ ဥက္ကဌက ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ.ကိုယ်စားလှယ်အဖြစ် ရွေးမြှောက်ခံခဲ့ရသူ ဦးလှဦး ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးချုပ်ကတော့ ဦးမောင်မောင် ဖြစ်ပါတယ်။ ထိုင်း၊ အမေရိကန်၊ ဂျပန်နိုင်ငံနဲ. သြစတြေးလျနိုင်ငံတို.မှာ FTUB ရဲ. ရုံးခန်းခွဲတွေ တည်ရှိပြီး နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ.အစည်း (International Trade Union Confederation) (ITUC) သို. အဖွဲ.၀င်ထားတဲ့အပြင် သြစတြေးလျ အလုပ်သမားသမဂ္ဂများ ကောင်စီ (Australian Council of Trade Unions) (ACTU) နဲ. အမေရိကန် အလုပ်သမားအဖွဲ.ချုပ် - စက်မှုလုပ်ငန်းအဖွဲ.များကွန်ဂရက် (American Federation of Labour and Congress of Industrial Organizations) (AFL-CIO) တို.ရဲ. အသိအမှတ်ပြု၊ ထောက်ပံ့မှုတွေကို ရရှိထားပါတယ်။ လက်ရှိမှာ FTUB ဟာ ဗမာ့ လက်ရက်ကန်း အလုပ်သမားများ သမဂ္ဂ (Handloom Workers Union – Burma) နဲ. ဗမာသင်္ဘောသားများသမဂ္ဂ (SUB) တို.အပါအ၀င် သမဂ္ဂပေါင်း ၉ ခုနဲ. ဆက်နွယ် လုပ်ကိုင်နေပြီး သမဂ္ဂဖွဲ.စည်းမှုများ တွင်ကျယ်လာရေး၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ အလုပ်သမားသမဂ္ဂ ရပိုင်ခွင့်များ၊ လူ.အခွင့်အရေး ရပိုင်ခွင့်များအတွက် ဦးတည် ဆောင်ရွက်လျက် ရှိပါတယ်။ FTUB ဟာ တိုင်းရင်းသားညီအစ်ကို မောင်နှမတို.အတွက်လည်း သမဂ္ဂ၀ါဒ ကို ဖြန်.ဖြူးပေးနိုင်ခဲ့တာ တွေ.ရတယ်။ ကရင် ပညာရေးအလုပ်သမားများ သမဂ္ဂ၊ ကရင် ကျန်းမာရေးအလုပ်သမားများ သမဂ္ဂနဲ. ကရင် လယ်ယာစိုက်ပျိုးရေး သမဂ္ဂတွေနဲ. ပေါင်းစပ်ဖွဲ.စည်းထားတဲ့ ကော်သူးလေ အလုပ်သမားသမဂ္ဂများ အဖွဲ.ချုပ် (Federation of Trade Unions – Kawthoolei) (FTUK) ဟာ ၁၉၉၈၊ အောက်တိုဘာလမှာ ပေါ်ပေါက်လာခဲ့တယ်။ ကရင်နီ ဆရာ၊ ဆရာမများသမဂ္ဂ၊ ကရင် ရွှေ.ပြောင်းအလုပ်သမားများသမဂ္ဂ (Migrant Karen Labour Union) နဲ. ကရင်နီ လယ်သမားများသမဂ္ဂတို.ကလည်း ဒေသခံလူမျိုးတို.ရဲ. အခြေခံ အလုပ်သမား ရပိုင်ခွင့်၊ လူ.အခွင့်အရေး ရပိုင်ခွင့်နဲ. သမဂ္ဂများ လွတ်လပ်ခွင့်တို.အတွက် လုပ်ကိုင် ဆောင်ရွက် ပံ့ပိုးပေးလျက် ရှိပါတယ်။


(င) နိဂုံး                          


                       ၁၉၄၅ - ၁၉၆၂ အတွင်း နိုင်ငံရေး အရှုပ်အထွေး၊ အကွဲအပြဲမျိုးစုံ ဖြစ်ခဲ့ပေမယ့် ABTUC နဲ. TUC(B) တို.လို လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ တရားဝင် ဖွဲ.စည်းခွင့် ရခဲ့စဉ်တုန်းက အလုပ်သမားတို.ရဲ. ရပိုင်ခွင့်တွေ၊ လုပ်ငန်းခွင် ပြဿနာတွေ၊ အလုပ်ရှင်၊ အလုပ်သမားနဲ. အစိုးရကြား ညှိနှိုင်း ဖြေရှင်းမှုတွေ ပြုလုပ်ပေးနိုင်ခဲ့လို. အရေးပါတဲ့ သမဂ္ဂတွေ ဖြစ်ခဲ့ပါတယ်။

                       ကံဆိုးမှုတွေအားလုံး အစပြုခဲ့တဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ/ Burmese Socialist Program Party/ BSPP) တစ်ဖြစ်လဲ တပ်မတော်အုပ်ချုပ်ရေးဆိုတာကြီးက အလုပ်သမားသမဂ္ဂ အပါအ၀င် လွတ်လပ်တဲ့ ဘယ်လို သမဂ္ဂမျိုးကိုမဆို ဖွဲ.စည်းခွင့် မပြုတော့ဘဲ ပိတ်ပင် ရပ်ဆိုင်းခဲ့ပါတော့တယ်။ (အပိတ်ခံရတဲ့ထဲမှာ လွတ်လပ်တဲ့ ဂျာနယ်လစ်တွေလည်း ပါတယ်) အစိုးရဌာနတွေကသာ ထိန်းချုပ်ကွပ်ကဲတဲ့ အလုပ်သမား၊ လယ်သမား အစည်းအရုံးတွေကိုတော့ ဖွဲ.စည်းစေခဲ့တယ်။

                       ၁၉၈၈ ခုနှစ် ၊ မဆလ ဒဏ်ကို ၂၆ နှစ်ကြာ ခံစားခဲ့ရပြီးနောက် သမိုင်းမှာ လျစ်လျူရှု ၊ ချန်ရစ်လို. မရနိုင်တဲ့ ၈ လေးလုံး အရေးအခင်းကြီး ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ကျောင်းသားတွေရော အလုပ်သမားတွေရော တက်ကြွ ပါဝင် လှုပ်ရှား ဆန္ဒပြခဲ့ကြတယ်။ အရေးအခင်းကာလအတွင်း စစ်တပ်နဲ. ရဲတပ်ဖွဲ.တွေအပါအ၀င် အစိုးရဌာနအားလုံးမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ.စည်းလာခဲ့ကြတယ်။ ၁၉၈၈၊ စက်တင်ဘာလမှာ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ (All Burma Labor Union) ကို ရန်ကုန်မြို. ၊ လှည်းတန်းက ထန်းတပင် အထက်တန်းကျောင်းမှာ ဖွဲ.စည်းခဲ့ပြီး ဆက်သွယ်ရေးသမဂ္ဂ ကိုယ်စားပြုသူ ဦးခင်ကျော်က ဥက္ကဌအဖြစ် ရွေးမြှောက်ခံရတယ်။ အလုပ်သမားသမဂ္ဂတွေလည်း ကျောင်းသားသမဂ္ဂရဲ. နှိုးဆော်မှုနဲ.အညီ အလုပ်တွေ ရပ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့ကြတယ်။ မကြာခင် အဲဒီလထဲမှာပဲ စစ်တပ်ကို စစ်တပ် (ဗိုလ်ချုပ်စောမောင်) ကပဲ အာဏာသိမ်းခဲ့ပြီးနောက်မှာတော့ သမဂ္ဂတွေအားလုံးလည်း မတရားအသင်းတွေအဖြစ် ကြေညာခြင်း ခံခဲ့ရပြီး သမဂ္ဂခေါင်းဆောင်တွေလည်း နုတ်ထွက်ဖို. ဖိအားပေးခံရတာတစ်မျိုး၊ အဖမ်းခံရတာတစ်ဖုံ မျိုးစုံ ကြုံခဲ့ကြရတော့တယ်။

                        အခု ရေးခဲ့သမျှဟာတွေအားလုံးကတော့ လက်လှမ်းမီသလောက် သိရှိထားတဲ့ အလုပ်သမားသမဂ္ဂတို.ရဲ. သမိုင်းအကျဉ်းချုပ်မျှသာ ဖြစ်ပါတော့တယ်။

[စာကြွင်း - ထိုင်းနိုင်ငံ၊ မဲဆောက်မြို. အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ.တစ်ခု ရှိသေးတယ်။ ရောင်ခြည်ဦးအဖွဲ.ရဲ. လက်ရှိ အထွေထွေ အတွင်းရေးမှူးက ဦးမိုးဆွေ ဖြစ်ပါတယ်။ အချက်အလက် အမှားအယွင်းများ ရှိပါက (သို.) ထပ်မံ ဖြည့်စွက်သင့်တယ်လို. ယူဆပါက အားမနာတမ်း ပြောပြပေးကြပါဦးလို. မေတ္တာရပ်ခံလိုပါတယ်]

Khun Cho

Tuesday, December 14, 2010

သမဂ္ဂများနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၁)

လူငယ်တစ်ယောက်ရဲ. ဖြောင့်ချက်တချို. (ရောက်တတ်ရာရာ အမှာစာ)


                       ဘာမှ မရေးခင် အရင်ဆုံး ၀န်ခံချင်တာကတော့ အသင်းအဖွဲ.တွေ၊ သမဂ္ဂတွေနဲ. ပတ်သက်ပြီး (အထူးသဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းနဲ. ပတ်သက်ပြီး) ကျွန်တော့်မှာ ဗဟုသုတ တော်တော့်ကို နည်းပါးတယ်ဆိုတဲ့အကြောင်း။ မွေးကတည်းက တော်တော်ကြီးတဲ့အထိ ကုလသမဂ္ဂဆိုတာကလွဲလို. တခြား ဘာ သမဂ္ဂမှ မကြားဖူးခဲ့။ “Union” ဆိုတဲ့ စကားလုံးကိုတောင် “The Soviet Union”  “European Union”  နဲ. “Union of Myanmar (Burma)” မှာကလွဲလို. တခြား ဘယ်မှာမှ မတွေ.မိခဲ့။ အလုပ်သမားသမဂ္ဂဆိုတာ မသိ (မရှိအောင် လုပ်ထားတော့ ရှိမှ မရှိတာ၊ ဘယ်လိုလုပ် သိနိုင်ဦးမှာတုန်း) ၊ အမေရိကန်တက္ကသိုလ်တွေမှာသာ များသောအားဖြင့် ရှိတတ်တဲ့ “Fraternity” ၊ “Sorority” ဆိုတာတွေလည်း မကြားဖူး၊ ကျောင်းသားသမဂ္ဂဆိုတာလည်း ဝေလာဝေးပေါ့။ ဒါပေမဲ့ ပြောဖို. အင်မတန်ကို အရေးတကြီး လိုအပ်နေတယ် ယူဆမိလို. (ဘာမှ သိပ်မသိသေးဘဲ) မနေနိုင် မထိုင်နိုင် ၀င်ပြောမိပါတယ်။ သိသလောက်၊ လက်လှမ်းမီသလောက်လေးအပေါ်မှာသာ အခြေခံပြီး ရေးဖြစ်ပါတယ်။ ကျွန်တော့်ထက် များစွာ သိကျွမ်း နှံ.စပ်သူများ၊ အတွေ.အကြုံ ဗဟုသုတ ကြွယ်ဝသူများအနေနဲ. လိုအပ် ချွတ်ချော်တာများကို ဖြည့်စွက် ထောက်ပြပေးကြပါလို. ဦးစွာ မေတ္တာရပ်ခံ/ တိုက်တွန်းလိုပါတယ်။ ကျွန်တော်ဟာ ကိုယ့်တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ရောက်စေချင်တဲ့ သာမန်မြန်မာနိုင်ငံသား ကျောင်းသားလူငယ်တစ်ယောက်မျှသာ ဖြစ်ပါတယ်။ (Library Membership တွေကလွဲလို.) တခြား ဘယ်နိုင်ငံရေးပါတီဝင်၊ အသင်းအဖွဲ.၀င်၊ လူကြီး သားသမီး၊ အစိုးရ၀န်ထမ်း၊ သြဇာလက်ဝေခံ…….ဘာဆို ဘာတစ်ခုမှ မဟုတ်ပါ။ နိုင်ငံရေးနဲ. နိုင်ငံရေးသမိုင်းကြောင်းတွေကို သာမန်စိတ်ဝင်စားသူ ကဗျာဝါသနာရှင် လူငယ်တစ်ယောက်မျှသာ။ သွေးထိုး သွေးခွဲ အပုပ်ချသော အရေးအသားမျိုးလည်း တစ်ခါမျှ မရေးခဲ့မိဖူးပါ။ (ရေးသွားမှာလည်း မဟုတ်ပါ) ကျွန်တော့်အရေးအသားအားလုံးအတွက် တာဝန်ယူရဲသလို အဝေဖန်ခံရဲပါတယ်။ Facebook ပေါ်မှာ “Khun Cho” ကလွဲလို. တခြား Account ခွဲ မရှိသလို နာမည်အရင်း၊ ကိုယ်ပိုင်ဓာတ်ပုံအစစ်နဲ.သာ ကိုယ်တိုင် စာရေးနေခြင်း ဖြစ်ပါတယ်။ အခု ရေးမှာတွေဟာ ဒီမိုကရေစီနဲ. လုံးဝကြီးကို အရေးတကြီး တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကျွန်တော် ပြုစုခဲ့တဲ့ `ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၂)´ ထဲမှာလည်း အခုလို ရေးထားခဲ့ပါတယ်။

“ဖွံ.ဖြိုးတိုးတက်သော လူ.ဘောင်အဖွဲ.အစည်း (Civil Society) ။            ။

အကျဉ်းချုံးပြောရလျှင် NGO များ၊ သမဂ္ဂများ (Unions)၊ ပညာရပ်ဝန်းများ (Academia)၊ လူ.အခွင့်အရေးဆိုင်ရာ အဖွဲ.အစည်း (Human Rights Organizations) များသည် တိုးတက်သော လူ.အဖွဲ.အစည်း ရှေးရှုရာတွင် လိုအပ်သည်။ လူမှုကွန်ရက် (Social Networks) များ တည်ဆောက်ကြခြင်းဖြင့် နိုင်ငံရေး အသိအမြင် အားကောင်းလာနိုင်ပြီး ဒီမိုကရေစီ ကျောရိုး ခိုင်မာစေရန် ဖြစ်သည်။ Ohio State University မှ လက်ထောက်ပါမောက္ခ Pamela Paxton ၏ လေ့လာတွေ.ရှိချက်အရ လူ.အသိုင်းအ၀ိုင်းနှင့် ချိတ်ဆက်နေသော ကလပ်အသင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ.အစည်းများကို ၀င်ရောက် အဖွဲ.၀င်ထားသူ တိုးပွားလာပါက ဒီမိုကရေစီ ပိုမိုအားကောင်းနိုင်သည်ဟု ဆိုသည်။ အကြောင်းမှာ ဘယ်အဖွဲ.အစည်းတွင်မဆို တိုင်းပြည်တွင်း ဖြစ်ပျက်နေမှုများ၊ နိုင်ငံရေးဖြစ်စဉ်များအပေါ် အဖွဲ.၀င်အချင်းချင်း ပြောဆိုမှုများ အဆက်မပြတ် ဖြစ်ပေါ်နေနိုင်သောကြောင့်ဟု ဆိုသည်။ (Group Membership) အဖွဲ.၀င်ခြင်းနှင့် ဒီမိုကရေစီကြား အပြန်အလှန် ဆက်နွယ်မှု ရှိခြင်းပင် ဖြစ်လေသည်။ တစ်ခုတော့ ရှိပါသည်။ ဒီမိုကရေစီကို အားပေးအားမြှောက်ပြုသော အဖွဲ.အစည်းဖြစ်ရန်တော့ လိုသေးသည်။ ထိုမှသာ နိုင်ငံတကာ အကူအညီ၊ အထောက်အပံ့တို.ကို ရရှိနိုင်ရန် သေချာလေသည်။”



                          အပေါ်ကဟာလေးကို လွန်ခဲ့တဲ့ ၃ လလောက်က ရေးထားခဲ့တာပါ။ ဥပဒေပုဒ်မ (၆/၈၈) အရ လွတ်လပ်သော သမဂ္ဂများ တရားဝင် ဖွဲ.စည်းခွင့်ကို ပိတ်ပင်ခံထားရတာကြောင့် မြန်မာပြည်က တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ တရားဝင် လွတ်လပ်သော ကျောင်းသား သမဂ္ဂ (Students’ Union) ဆိုတာလည်း မရှိ (တော့) ၊ အလုပ်သမားတို.ရဲ. ရပိုင်ခွင့်တွေ ကာကွယ်နိုင်ဖို.အတွက် တရားဝင် လွတ်လပ်သော အလုပ်သမား သမဂ္ဂ (Trade Union/Labour Union) ဆိုတာလည်း မရှိ၊ အစိုးရအဖွဲ.အစည်း အချင်းချင်းကျတော့လည်း ကောင်းရာကောင်းကျိုး ကိစ္စတွေ ချိတ်ဆက် ဆောင်ရွက်နိုင်မှုမှာ အမြဲတစေ (အလွန်တရာ) အားနည်း ညံ.ဖျင်းလွန်းလှပါတယ်။ ဥပမာ - အစိုးရ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ.က စာရင်းကိုင် (Accountant) နေရာအတွက် ခေါ်တော့ အရည်အချင်းလိုအပ်ချက်မှာ B.Com. ဘွဲ.ရ ဖြစ်ရမည်တဲ့။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ Bachelor of Accounting (B.Acct) ရှိတယ်ဆိုတာလေးတောင် မသိကြဘူးတဲ့လား။ B.Com. ဘွဲ.ရတစ်ယောက် စာရင်းအင်း ကိုင်တွယ်တာ B.Acct. လောက် ဘယ်လိုလုပ် ကျွမ်းကျင်နိုင်မှာတုန်း……..။

                         (မသိအောင်၊ မလုပ်ရဲအောင် တမင်လုပ်ခံထားရလေတော့) မသိလို. မရှိ၊ မရှိလို. မသိ၊ မသိလို. မလုပ်၊ မလုပ်လို. မဖြစ်မြောက်၊ မဖြစ်မြောက်လို. မထူး၊ မထူးလို. Drain brain (မြောင်းထဲက ဦးနှောက်တွေ) ဖြစ်၊ Drain brain တွေ ဖြစ်မှာစိုးလို. နိုင်ငံခြားထွက်၊ နိုင်ငံခြားထွက်လို. ပြန်မလာနိုင်၊ ပြန်မလာနိုင်လို. ဦးနှောက်ယိုစီးမှု (Brain drain) ဖြစ်၊ Brain drain ဖြစ်လို. ကျန်ရစ်သူ တိုင်းပြည်မှာ Drain brain တွေ ထပ်ဖြစ်ကုန်ကြရတာပေါ့ (တချို.တွေက အစကတည်းက Drain brain ဖြစ်နေကြပြီး လူအများကိုလည်း Drain brain ဖြစ်အောင် အင်တာနက်ခေတ်ကြီးမှာ ဆက်လက် လုပ်ဆောင်နေကြပေါ့)…….Drain brain ဖြစ်တော့ နိုင်ငံခြားရောက် မြန်မာတွေခမျာ Drain brain တိုင်းပြည်က လူတွေပဲလို.သာ မှတ်ယူခံကြရရှာပြီး ချိုးနှိမ်ခံကြရတာတွေလည်း တစ်ပုံတစ်ပင်။ တချို.က အဲဒီ Drain brain တိုင်းပြည်ကို ဘယ်နားမှာ ရှိမှန်းလေးတောင် မသိရှိကြ (နိုဘယ်ဆုရပုဂ္ဂိုလ်ကိုတော့ အားလုံး သိကြတယ်) ၊ မရှိအောင် တမင်လုပ်ထားတော့ မရှိလို. မသိ၊ မသိအောင် တမင်လုပ်ထားတော့ မသိလို. မရှိ (သိပေမယ့်လည်း ရှိခွင့် မရှိ = ရှိပေမယ့်လည်း သိခွင့် မရှိ)……….အဲလိုနဲ.ပဲ စိတ်မကောင်းဖွယ် သံသရာလည်နေကြရပါတယ်။ ကျွန်တော်တို. အဖိုးတွေ အဖွားတွေလက်ထက်က တက္ကသိုလ်တွေ ခေတ်ကောင်းခဲ့ပါတယ်။ အားကစားဆိုလည်း အားကစားအလျောက်၊ ပညာရေးဆိုလည်း သင်ကြားမှုအဆင့်အတန်း မြင့်မားခဲ့၊ တိုးတက်ဖြစ်ထွန်းမှုတွေ အထိုက်အလျောက် ရှိခဲ့ပါတယ်။ ရိုးရိုး (Bachelor) ဘွဲ.ရတစ်ယောက်ဟာ လူတောတိုးနိုင်ခဲ့ပါတယ်။ အခုများတော့ မြန်မာပြည်က Ph.D ဘွဲ.ရ၊ ဒေါက်တာဘွဲ.ရတို.ရဲ. အနေအထားဟာ တစ်လကို ၄၊ ၅ သောင်းပဲ ရပြီး ကိုယ့်ပညာနဲ. မဆိုင်တာတွေ လုပ်ရတဲ့ မော်ကွန်းထိန်းလို အလုပ်မျိုး ၊ သုတေသနပြုဖို. နေနေသာသာ ငွေနောက် တကောက်ကောက်လိုက်နေရတဲ့ သာမန်ကျူရှင်ဆရာလို အလုပ်မျိုးတွေကို လိုအပ်သလို သမုဒ္ဒရာ၊ ၀မ်းတစ်ထွာအတွက် လုပ်နေကြရရှာတာ ကြာခဲ့ပါပြီ……………………… :((

                        မနှစ်က Hawaii Pacific University, USA ကို ကျောင်းလျှောက်ဖို.အတွက် အွန်လိုင်းပေါ်မှာ မွှေနှောက်ကြည့်ခဲ့တုန်းက B.A. (English) Program မှာ ပါဝင်တဲ့ သင်ရိုးတွေကို အခုလို တွေ.မြင်ရပါတယ်။ [Semester တစ်ခုအတွက် သင်ရိုး ၅ ခု အနည်းဆုံး ယူရတယ်၊ သင်ရိုးတစ်ခုကို Credit ၃ ခု ပေးပြီး တက်ချင်တဲ့ သင်ရိုးကို စိတ်ကြိုက်ရွေး၊ ထုံးစံအတိုင်း သင်ရိုးတစ်ခုစီအတွက် Assignment တစ်စောင်စီ ရေး၊ ကိုယ်ပိုင်စာသား (In your own words) ပဲပေါ့]

ENG 3101 Shakespeare on Screen

LIT 3200 British Literature to 1800
LIT 3210 19th-Century British Literature
LIT 3335 Asian Literature in Translation
LIT 3340 Traditional Chinese Fiction
LIT 3345 Modern Chinese Writers
LIT 3355 Modern Japanese Fiction
LIT 3410 Nineteenth Century American Literature
LIT 3625 Nonfiction Film: Documentary, Docudrama, and Historical Film
LIT 3630 Biography
LIT 4120 Seminar in Modernism
LIT 4200 Shakespeare Seminar

ENG 3300 Theoretical Perspectives
ENG 3350 Literature Adapted to Screen

LIT 3620 Film Theory and Criticism
LIT 4000 Seminar in Textual Criticism
LIT 4520 Seminar in Post-Colonial Literature

ENG 3401 Wanderlust: Student Literary Magazine
ENG 3402 Sacred and Erotic in Lyric Poetry

WRI 3310 Poetry Workshop
WRI 3312 Haiku East and West
WRI 3320 Scriptwriting
WRI 3330 Fiction Writing
WRI 3340 Creative Nonfiction Writing Workshop
WRI 3390 Literary Magazine
WRI 3510 Composition Studies
WRI 3950 Professions in Writing Practicum
WRI 3990 Non-paid Internship
WRI 3991 Paid Internship
WRI 4990 Professional Writing Portfolio Seminar



                               စိတ်ဝင်စားဖွယ် Course တွေချည်းပါပဲ။ ကျောင်းပြီးရင် လုပ်စားလို.ရအောင်အတွက်ပါ ဇာတ်ညွှန်းရေးနည်း၊ ထိုးဇာတ်ရေးနည်း၊ ရုပ်ရှင်သီဝရီနှင့် ဝေဖန်ရေး၊ Paid/Unpaid Internship…အစရှိတဲ့ သင်ရိုးတွေလည်း ပါဝင်တာ တွေ.ရမှာပါ။ Research, Analysis နဲ. Writing အပိုင်းကိုတော့ ထွေထွေထူးထူး မပြောလိုတော့ပါဘူး။ ဒါတောင် သာမန် B.A.(English) Program ပဲ ရှိသေးတာနော်။ Hawaii Pacific University ဆိုတာလည်း အမေရိကန်တစ်နိုင်ငံတည်းမှာတောင် အဆင့် (၁၀၀) ကျော်လောက်မှာပဲ ရှိတဲ့ ပုဂ္ဂလိက တက္ကသိုလ်မျိုး၊ သိပ်အမြင့်ကြီး မဟုတ်။ (ဟာဝိုင်ယီပြည်နယ်မှာတော့ အဆင့် ၂) မြန်မာပြည်က B.A. (English) ရော ဘယ်လိုလဲ……(`မနှိုင်းကောင်း နှိုင်းကောင်းကြီးကွာ´ လို. စာဖတ်ရင်း စိတ်ထဲ တွေးမိသွားတယ်မလား)….J  :) …….။ အစဉ်အဆက် အရည်အချင်း မရှိတဲ့ ပညာရေးဆိုင်ရာ အစိုးရအဖွဲ.အစည်းတို. မြန်မာနိုင်ငံဘွဲ.ဟာ သုံးစားမရတဲ့ အရာလို ဖြစ်လာစေပါတယ်။ နိုင်ငံတကာကျောင်းကြော်ငြာတွေရဲ. Brainwash လုပ်ခြင်းကြောင့်လည်း မြန်မာဘွဲ.ဟာ အဆင့်မရှိသယောင်ယောင် (တကယ်လည်း အဆင့်မရှိ) ဖြစ်နေပါပြီ။ ဘယ်နိုင်ငံကပဲ ဘွဲ.ရရ၊ တကယ်တော့ ဘွဲ.ရတစ်ယောက်ရဲ. တန်ဖိုး (ဘွဲ.တစ်ခုရဲ. တန်ဖိုး) ဟာ ကမ္ဘာကြီးရဲ. ဘယ်နေရာမှာပဲ ရောက်နေနေ တန်းတူ အသိအမှတ်ပြုခံရခြင်းမျိုးပဲ ဖြစ်ရမှာပါ။ မြန်မာပြည်မှာ သာမန် B.A. ဘွဲ.ရပြီး ဘန်ကောက် AIT (Asian Institute of Technology) မှာ (ဘာမှ မဆိုင်ဘဲ) Master (M.B.A.) ဘွဲ.ရရှိသူတွေ ဒုနဲ.ဒေး၊ မြန်မာပြည်မှာ M.A. ဘွဲ.ရပြီး သြစတြေးလျနိုင်ငံ၊ University of Wollongong မှာ Ph.D. တက်လို.ရတာကိုလည်း ကြားဖူးပါတယ်။ ဒါဆို မင်းက ဘာကို ပြောချင်တာတုန်း။ တကယ် သိကျွမ်း တတ်မြောက်မှု (သို.) ဘွဲ.ရတစ်ယောက်ရဲ. လုပ်ရည်ကိုင်ရည် (Competency) ၊ ၀မ်းစာပြည့်ဝမှု (Resourcefulness) နဲ. အလုပ်ရရှိနိုင်စွမ်း/ အလုပ်ခန်.အပ်ခံရနိုင်စွမ်း အလားအလာ (Employability/ Graduate Prospects) အပိုင်းတွေကို သက်ဆိုင်ရာ ပညာရပ်ဝန်း (Academia) တစ်ခုဟာ ဘယ်အတိုင်းအတာထိ ပံ့ပိုး ဖြည့်ဆည်းပေးနိုင်မှု ရှိသလဲ ??? ဆိုတာကို ထောက်ပြလိုရင်းပါ။ ဆိုကြပါစို.။ မြန်မာပြည်က သိပ်ဟုတ်လှပါပြီဆိုတဲ့ ဆေးတက္ကသိုလ်တို.၊ ဘာတက္ကသိုလ် ညာတက္ကသိုလ်တို.တွေဟာ သူတို.ကျောင်းထွက် ဘွဲ.ရတွေ (အမြီးရှည်ရှည် ဘွဲ.ရတွေ၊ ဒေါက်တာဘွဲ.ရတွေ) ကျောင်းပြီးတဲ့အခါ ဘယ်လိုအလုပ်မျိုးတွေ လုပ်နေကြရတယ်၊ ဘယ်နှယောက်က ဆရာဝန်အလုပ်ကို တကယ်လုပ်နေပါတယ်၊ ဘယ်နှယောက်ကတော့ အင်ဂျင်နီယာအလုပ်ကို တကယ်လုပ်နေပါတယ်………အစရှိတဲ့ စစ်တမ်းကောက်ယူမှုတွေ (Survey Assessments) ဘယ်နှခါ လုပ်ခဲ့ဖူးပါသလဲ ??? ကျောင်းဆိုတာ (တက္ကသိုလ်ဆိုတာ) ကျောင်းသားကို စာမေးပွဲတွေ စစ်ပေး ၊ အမြီးရှည်နိုင်ကြဖို. ဘွဲ.တွေ ချီးမြှင့်ပေး ၊ ဘွဲ.ရ များများ မွေးထုတ်ပေးရုံလောက်နဲ. တာဝန်ကျေပြီဆိုတာ သေချာပါရဲ.လား ???   နိုင်ငံတကာတက္ကသိုလ်တွေမှာ သူတို.ကျောင်းထွက် ဘွဲ.ရတို.ရဲ. Employability/ Graduate Prospects တို.ကို နှစ်စဉ် စစ်တမ်းကောက်၊ တွက်ချက်၊ တရားဝင် ထုတ်ပြန်ပေးကြတယ်။ ဘွဲ.နဲ. ဘွဲ.အဆင့်အတန်းက ပဓာနမဟုတ်။ Harvard M.B.A. တော့ ရထားပါရဲ.၊ တကယ် အရေးရယ် အကြောင်းရယ် Crisis ဖြစ်လို. ဘာမှ မဖြေရှင်းတတ်ရင် ဘာအသုံးကျဦးမှာတုန်း။ တိုင်းရေးပြည်ရေးနဲ. ကိုယ်ရေးကိုယ်တာ အခြေအနေအမျိုးမျိုးတို.ကြောင့် ရချင်တဲ့ ဘွဲ.နဲ. ရထားတဲ့ ဘွဲ. တခြားစီ၊ ရထားတဲ့ ဘွဲ.နဲ. လုပ်နေတဲ့ အလုပ် တခြားစီ ဖြစ်နေရတဲ့ ဘ၀တွေကိုလည်း အများကြီး ကြုံဖူး ကြားဖူးပါတယ်။ ထားလိုက်ပါတော့။ သမဂ္ဂတွေအကြောင်းပဲ ပြောတော့မယ်။

                        `သမဂ္ဂများနှင့် စပ်လျဉ်းသော အရေးအသားများ´ ကို ရေးဖြစ်ရတာ အလွန် ရိုးရှင်းလှတဲ့ ရည်ရွယ်ချက်လေးတွေကြောင့်ပါပဲ။

(၁) အလုပ်သမားတွေရဲ. လူမှုဘ၀ဖူလုံရေး၊ ရပိုင်ခွင့်တွေကို အကာအကွယ်ပေး ၊ တောင်းဆိုနိုင်မယ့် သမဂ္ဂတွေ ပေါ်ပေါက်လာစေချင်တယ်။ Unionism (သမဂ္ဂ၀ါဒ) တွင်ကျယ်လာစေချင်တယ်။ အလုပ်သမားရပိုင်ခွင့်တွေအတွက် အစိုးရက ဥပဒေတွေ သတ်မှတ် ပြဌာန်းပေးနိုင်ဖို. အလုပ်သမားသမဂ္ဂတို.လို ကြားခံ ဖိအားပေး အဖွဲ.အစည်းတွေ လိုအပ်ပါတယ်။ အခု မြန်မာပြည်မှာက အလုပ်သမား လူမှုဖူလုံရေးစနစ် (Social Security System) သေချာ မရှိ၊ အလုပ်သမားတို.အတွက် အာမခံချက် အပြည့်အ၀ မရှိ။ အလုပ်ရှင်နဲ. အလုပ်သမား စာချုပ် (Contract) ရှိရမယ့်ဟာ မရှိကြ (တချို.စက်ရုံတွေ စာချုပ် မရှိ) ၊ အလုပ်သမားရပိုင်ခွင့် (Labor Rights) တွေ တောင်းဆိုပေးနိုင်ပြီး အလုပ်သမားတွေဘက်က ရပ်တည်ပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂ မရှိ / (ရှိခွင့် မရှိ) ၊ ပြဿနာတွေ မဖြစ်သင့်ဘဲ ဖြစ်နေကြရတယ်။ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ယောက် တစ်လကို လုပ်ခ ၄၈,၀၀၀ ကျပ် ရတယ်လို. သိရတယ်။ ဒီလုပ်ခလေး ရဖို.အရေး၊ အလုပ်သမားတစ်ယောက်ဟာ နားချိန် နားရက် မရှိဘဲ အလုပ်လုပ်ရတယ်။ အလုပ်ရှင်တွေကလည်း လက်ရှိအစိုးရရဲ. တည်ဆဲဥပဒေအောက်မှာ အလုပ်သမားသမဂ္ဂ ဖွဲ.စည်းခွင့် မရှိဘူးဆိုတာကို အခွင့်ကောင်းယူနေကြတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အလုပ်သမား၊ လယ်သမား၊ လူ.အခွင့်အရေး၊ ကျောင်းသား၊ အမျိုးသမီးရေးရာ အစရှိတဲ့ လူတန်းစားအလွှာအသီးသီးတို.ရဲ. အရေးကိစ္စတွေကို တစ်ဖက်တစ်လမ်းက စောင့်ကြည့် ဖြေရှင်းပေးတဲ့ မြေအောက်အဖွဲ.အစည်းတွေ တိတ်တဆိတ် ရှိနေပေမယ့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာ တွေ.ရတယ်။ INGO တွေကလည်း သူတို. Project တွေနဲ. သူတို.ဘာသာ အမြဲ ရှုပ်ရှပ်ခက်နေကြတယ်။ [ပြီးခဲ့တဲ့ ၂၀၁၀၊ ဖေဖော်ဝါရီလတုန်းက လှိုင်သာယာစက်မှုဇုန် မြဖက်ရှင် (Opal 2) စက်ရုံမှာ အလုပ်သမားဆန္ဒပြပွဲ ဖြစ်ပွားခဲ့တယ်၊ လိုင်းကြီးကြပ်သူ Supervisor ကိုတော့ လစာငွေ ကျပ်တစ်သောင်းတိုးပေးပြီး တခြားလုပ်သားတွေကို မတိုးပေးလို.ဆိုပြီး လစာတိုးပေးဖို.၊ အလုပ်ချိန် နံနက် ၇ နာရီကနေ ည ၁၁ နာရီအထိကို လျှော့ပေးဖို.၊ အလုပ်သမားတွေ စားသောက်နေထိုင်တဲ့ နေရာတွေကို သန်.ရှင်းပေးဖို.တွေကို ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ လှိုင်သာယာစက်မှုဇုန် ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားတို.က လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒပြခဲ့ကြပြီး အစိုးရ ရုံးပိတ်ရက်တွင် အလုပ်ရုံပိတ်ဖို.၊ နားနေချိန် အပြည့်ပေးဖို.၊ လုပ်သက်ဆုကြေးကို တစ်နှစ်ကို (ကျပ်) ၂၀၀၀ တိုးပေးဖို.၊ ရက်မှန်ကြေး မူလ ၃,၀၀၀ မှ ၆,၀၀၀ သို့ တိုးပေးဖို.၊ နေ့တွက်ကြေး ၂၅ ကျပ်အစား ၇၅ ကျပ်တိုးပေးရန်နဲ. အချိန်ပိုကြေး  ၅၅ ကျပ်အစား ၁၅၀ ကျပ် ပေးဖို.တို. အပါအဝင် တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့ကြတယ်။ ကျားမင်း အထည်ချုပ်စက်ရုံမှာလည်း အလားတူ ဆန္ဒပြမှုမျိုး ဖြစ်ပွားခဲ့သေးတယ်]

(၂) ကျောင်းသားသမဂ္ဂတွေကိုလည်း တရားဝင် လွတ်လပ်စွာ ပြန်ပေါ်ပေါက်လာစေချင်တယ်။ ဒီကျောင်းသားသမဂ္ဂဆိုတာကနေပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ. ဦးနုတို.လို နိုင်ငံ့ခေါင်းဆောင်တွေ မွေးဖွားလာခဲ့ကြတယ်။ ကျောင်းသားသမဂ္ဂဆိုတာ (တစ်နည်းအားဖြင့်) နိုင်ငံရေး လေ့ကျင့်ရေး စခန်း/ စင်မြင့်အသေးစားလေးတစ်ခုလိုပဲ။ (ပွဲကြည့်ပရိသတ်ကွင်းထဲ မ၀င်ခင် အစမ်း ကျင့်တဲ့ သဘောမျိုးပေါ့) ကမ္ဘာ.နိုင်ငံခေါင်းဆောင် တော်တော်များများဟာ ကျောင်းသားဘ၀တွေတုန်းက တက္ကသိုလ်သမဂ္ဂ ခေါင်းဆောင်တို.၊ အတွင်းရေးမှူးတို. ဖြစ်ခဲ့ကြဖူးတာ တွေ.ရတယ်။ ကျောင်းသားသမဂ္ဂဆိုတာ လူငယ်တွေကို နိုင်ငံရေး အသိအမြင် ကြွယ်ဝလာစေဖို.၊ ဒီမိုကရေစီအလေ့အထတွေ ပျိုးထောင်ပေးနိုင်ဖို. အသင့်တော်ဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။ စကားရည်လုပွဲတွေ ကျင်းပစေခြင်းဖြင့် ဟောပြောမှုစွမ်းရည် (Charismatic Skills) မြင့်မား တိုးတက်လာစေမယ်။ မီဒီယာအမျိုးမျိုးကို ကောင်းကောင်း အသုံးချတတ်လာစေမယ်။ လုပ်တတ် ကိုင်တတ်၊ စီမံ ခန်.ခွဲ ဖွဲ.စည်းတတ်၊ စည်းရုံး ဆော်သြတတ်လာစေမယ်။ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ဆူပူအုံကြွဖို. မဟုတ်ဘဲ တိုင်းပြည် အနာဂတ်ကောင်းတစ်ခုကို ပုံဖော်စေနိုင်ဖို.နဲ. ခေါင်းဆောင်ကောင်းတွေ မွေးထုတ်ပေးနိုင်ဖို.ပဲ ဖြစ်တယ်။ [အမေရိကန်နိုင်ငံမှာဆို “Student Governments” လို. ခေါ်တဲ့ ကျောင်းသားအစိုးရအဖွဲ.တွေ ရှိတယ်။ ဖွဲ.စည်းပုံက အမေရိကန်အစိုးရဖွဲ.စည်းပုံအတိုင်းပဲ ဖွဲ.စည်းကြတာ များတယ်။ “Student Government” ကို အုပ်ချုပ်ရေးကိုင်းခွဲ (Executive) ၊ ဥပဒေပြုကိုင်းခွဲ (Legislative) ၊ တရားစီရင်ရေးကိုင်းခွဲ (Judicial) ဆိုပြီး ဒီမိုကရေစီအစိုးရပုံစံ အာဏာကိုင်းခွဲ ၃ ရပ်နဲ. စနစ်တကျ ဖွဲ.စည်းထားတတ်ကြတယ်။ ကျောင်းသားစည်းဝေးပွဲ (Students’ Assembly) တွေ ကျင်းပပြီး ဥပဒေပြုကောင်စီကို ဆင့်ခေါ်ကြတယ်။ ကျောင်းသားရေးရာ (ကျောင်းသား/ Student = ကျောင်းသား + ကျောင်းသူ) ကိစ္စတွေ လှုပ်ရှားဆောင်ရွက်နိုင်ကြဖို.အတွက် “Student Activity Center” တွေ ထားရှိကြတယ်။ “Student Activity Center” ကို “Student Union” လို.လည်း ခေါ်တတ်ကြတယ်။ (“Student Government” ကိုတော့ “Student Union” လို. မခေါ်ကြဘူး) တချို.ကျောင်းတွေရဲ. “Student Government” ကျတော့ ပါလီမန်ပုံစံ ဖွဲ.စည်းကြသလို တချို.ကျတော့ ဖက်ဒရယ်အစိုးရပုံစံမျိုး ဖွဲ.စည်းတတ်ကြတယ်။ အဲဒီအကြောင်းတွေအားလုံးကို နောင် ဆက်ရေးမယ့် အပိုင်းတွေကျမှ အကျယ်ချဲ. ပြောသွားပါတော့မယ်]

                           (ဥပေက္ခာပြု၊ ရှောင်လွှဲလို. မလွယ်တော့ဘဲ) မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အသစ်၊ အစိုးရအသစ်လက်ထက်မှာ လွတ်လပ်တဲ့ သမဂ္ဂတွေ တရားဝင် ပြန်လည် ဖွဲ.စည်းခွင့်ပြုလာဖို.ကို (မရဲတရဲ) မျှော်လင့်ရင်း ဒီအရေးအသားတွေကို ရေးသား ပြုစုဖြစ်ပါကြောင်း ။ လိုအပ် ချွတ်ချော်တာတွေ အများကြီး ရှိနေဦးမှာမို. ၊ ဒီအရေးအသားတွေကိုလည်း အခြေခံဖတ်စာ (Primer) အဆင့်လောက်သာ သဘောထားစေလိုပါကြောင်း ။ သမိုင်းဆိုင်ရာ အသိ၊ သမဂ္ဂဆိုင်ရာ အသိ တစ်စုံတစ်ရာ ရရှိသွားခဲ့မယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ။

Khun Cho

Friday, December 10, 2010

ဪ... ဗုဒ္ဓဘာသာဝင်တွေတဲ့လား?

ထူးကုမ္ပဏီမှ ဓါတ်ဆီကို မှောင်ခိုဈေးကွက် ရောင်းချ၍ စစ်တွေ လူထု အခက်ကြုံဆိုတဲ့ ခေါင်းစဉ်နဲ့narinjara သတင်းမှာဖတ်လိုက်ရတော့ ဪမြန်မာတွေများ တော်တော်လောဘကြီးကျပါလားလို့ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ကံကံရဲ့အကျိုးကိုယုံကြည်ကြပါလျှက်နဲ့ ဘာလို့များဒီလောက် မိုက်လုံးကြီးနေကြလည်းဆိုတာ ကျနော်ဖြင့်နားကိုမလည်နိုင်လောက်အောင်ပါပဲဗျာ။ လေးဘေးအတွက်လှူတာတွေကိုလည်း မယက ဥက္ကဌတွေက အဆင့်ဆင့်ဖြတ်စားတာတွေလုပ်တော့ ဘယ်သူကလှူချင်စိတ်ရှိတော့မှာတုန်းဗျာ ဘယ်လောက်လှူလှူလည်း လောက်မှာကိုမဟုတ်ဘူး အစိုးရလူတွေကို အလှူပေးသလိုကြီးကိုဖြစ်နေတော့တာပါပဲ။ ဒီကြားထဲ wikileaks မှာဗိုလ်ချုပ်မှူးကြီးကသူမြေးအတွက် မန်ယူအသင်းကိုအမေရိကန်ဒေါ်လာသန်းတထောင်နဲ့ ဝယ်ပေးဖို့စီစဉ်ဖူးတယ်ဆိုတဲ့ သတင်းကိုကြားတော့ အဲဒီထဲကတစ်ဆယ်သန်းလောက်သာ လေးဘေးဒုက္ခသည်တွေကို လှူလိုက်ရင်အားလုံးကသာဓုခေါ်ကြမှာပါ။ အခုတော့အလှူငွေတွေကို မတရားလုပ်နေတာကိုတောင် မသိချင်ဟန်ဆောင်နေကြတယ်။ မြန်မာနိုင်ငံကအချမ်းသာဆုံးပါဆိုတဲ့ သူဌေးတွေလည်း ထိုနည်းလည်းကောင်းပါပဲ ဦးဇော်ဇော်တို့ ဦးတေဇတို့ နာဂစ်တုန်းကဒေါ်လာတသန်းလောက်ကလေးလှူတာကိုပဲ အဟုတ်ကြီးဖြစ်နေကြတယ် ဒေါ်လာတစ်သန်း(သိန်းတသောင်းကျပ်ဝန်းကျင်)ဆိုတာ ထူးကုမ္ပဏီကရခိုင်မှာ ဓာတ်ဆီမှောင်ခိုရောင်းလို့ရတဲ့ တပတ်စာတောင်ရှိမယ်မထင်ပါ။ wikipedia မှာရေးထားတာအရဆိုရင် ဦးတေဇက ၂၀၀၇မှာသစ်လုပ်ငန်းတစ်ခုထဲကနေ ဒေါ်လာခြောက်ဆယ့်ငါးသန်းကျော်တောင် အမြတ်ရခဲ့တာပါ(ဦးတေဇမှာကုမ္ပဏီခွဲ တစ်ဆယ်ခုခန့်ရှိတယ်လို့သိရပါတယ်)။ နောက်နာမည်ကြီးသူဌေးတစ်ယောက်ဖြစ်တဲ့ မိုက်ကယ်မိုးမြင့်ရဲ့ myint associate ကတစ်လကိုအစိုးရအခွန်ကြီးပဲ ဒေါ်လာတစ်သန်းခန့်ဆောင်တယ်လို့သိရပါတယ်။ သူတို့ရဲ့ဝင်ငွေတွေအရဆိုရင် သူတို့ရဲ့လှူဒါန်းမှူတွေဟာတကယ်ကို ရယ်စရာကြီးတွေကိုဖြစ်နေပါတယ်။ Warren Buffett နဲ. Bill Gatesတို့လိုပိုင်ဆိုင်မှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလှူစရာမလိုပါဘူး။ တစ် ရာခိုင်နှုန်းလောက်ပဲထိထိရောက်ရောက်ဖြစ်အောင် လှူရင်တောင်ဒုက္ခသည်ထောင်ပေါင်းများစွာရဲ့ အသက်တွေကိုကယ်တင်နိုင်မှာပါ။ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါလျှက်နဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကိုယုံကြည်သက်ဝင်ကြပါလျှက်နဲ့ နောင်ဘဝတွေအထိကောင်းကျိုးချမ်းသာရမဲ့ ကုသိုလ်တွေမလုပ်ပဲ တနပ်စာစားရရုံမတော်လောဘတက်နေကြတဲ့လူတွေကိုကြည့်ပြီး တော်တော်ကြီးကိုသံဝေဂရမိပါတယ်ခဗျာ။

Apple iPod touch 32 GB (4th Generation) NEWEST MODEL 

Wednesday, December 8, 2010

ပြေပြေလေးရောက်ရှိ

video

သံစဉ်/စာသား/ဝူးဝူးဝါးဝါး by ညီလင်းဟန်

AFC U-16 Women Championship 2011 Qualifiers ပြိုင်ပွဲ မြန်မာအသင်း ဗီယက်နမ်ကို ထပ်မံအနိုင်ရ

ထိုင်းနိုင်ငံတွင်သွားရောက်ယှဉ်ပြိုင်နေသော AFC  U-16 Women Championship 2011  ခြေစစ် ပွဲစဉ်တွင်   ဒီဇင်ဘာ ၇ ရက်နေ့က  မြန်မာ  အမျိုးသမီးU-16အသင်းက ဗီယက်နမ် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။မြန်မာ အမျိုးသမီး U-16 အသင်းအတွက် ဂိုးများကို မေသူကျော် က ၅၃  မိနစ်နှင့် ၆၃ မိနစ်တွင် နှစ်ဂိုး၊ အေးအေးမိုးက ၆၇ မိနစ်တွင်  အလွတ်တည်ကန်ဘောမှ တစ်ဂိုးသွင်းယူခဲ့ပါသည်။  မြန်မာအမျိုးသမီး U-16  အသင်းသည် ဒီဇင်ဘာ ၃ ရက်နေ့ က တရုတ်တိုင်ပေအသင်းကို လည်း ၃ ဂိုး ဂိုးမရှိဖြင့် အနီုင်ရရှိထားသဖြင့် မြန်မာအမျိုးသမီးအသင်းသည် ဇယားထိပ်ဆုံးတွင်ရပ်တည်နေကြောင်းသိရသည်။  မြန်မာအမျိုးသမီး U- 16 အသင်းသည် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အီရန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မန်မာအမျိုးသားအသင်းကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရတဲ့ မြန်မာတွေအတွက်ဂုဏ်ယူစရာသတင်းကောင်းပါ ကျနော်သဘောအရဆိုရင်တော့ အမြဲတန်းစိတ်ကျေနပ်လောက်စရာရလဒ်တွေ စွမ်းဆောင်နိုင်တဲ့ မြန်မာအအမျိုးသမီးအသင်းကိုပဲ လိင်ပြောင်းပြီးအမျိုးသားအသင်းမှာကန်စေချင်ပါတယ် အမျိုးသားအသင်းကလူတွေလိင်ပြောင်းခိုင်းရင် မြန်မာအမျိုးသမီးတွေအတွက်ပိုအရှက်ရစရာဖြစ်မှာစိုးလို့ပါ။