Thursday, November 25, 2010

ငြိမ်းချမ်းရေးသို. အတွေးစများ





စစ်နှင့် ရုပ်ရှင်

                      စစ်နဲ. ပတ်သက်ပြီး တီဗွီဖန်သားပြင်ပေါ်မှာလောက်တော့ တွေ.ဖူးကြလိမ့်မယ်လို. ထင်တယ်။ ဒီနှစ် အော်စကာဆုရ ရုပ်ရှင်ကားကလည်း အီရတ်စစ်ပွဲ အခြေခံထားတဲ့ “The Hurt Locker” ဖြစ်နေတယ်။ “Platoon”, “Born on the fourth of July”, “We were Soldiers”, “Saving Private Ryan”, “Black Hawk Down”, “Letters from Iwojima”…..အစရှိတဲ့ ရုပ်ရှင်ကားတွေကြောင့်လည်း စစ်ရဲ. အနိဌာရုံတွေကို ပိုမို မြင်တွေ. သိရှိလာခဲ့ကြရတယ်။


စစ် ဘာကြောင့် စစ်

                      ကမ္ဘာပေါ်မှာ ဖြစ်ခဲ့သမျှ စစ်ပွဲတွေရဲ. အကြောင်းရင်းကို လေ့လာကြည့်လိုက်ရင် လူတို.ရဲ. နှလုံးသွေး ဆူပွက် အုံကြွမှုကြောင့် (တစ်နည်း) အနုသယကိလေသာ ၆ ပါး (လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဒိဠိ၊ ၀ီစိကိစ္စာ) အစွန်းရောက်လို. စစ်ဖြစ်ကြရတယ်လို.သာ အနှစ်ချုပ်ရမှာပါ။ (မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ `ဒီဘုန်းကြီး အလွန်ဆုံး တရားဟောနိုင်လှ ၁ နာရီ၊ ကိလေသာက ၂၄ နာရီလုံး ဟောနေတာ´ တဲ့) SAT 1 Essay တစ်ပုဒ်မှာ “The end justifies the means.”  “ဘယ်နည်းလမ်း သုံးသုံး အနိုင်ရဖို.သာ ပဓာန” ဆိုတဲ့ Topic တစ်ခုကို စစ်ပွဲနဲ. ဆက်စပ်ပြီး ဆွေးနွေးခိုင်းတာ ကြုံဖူးပါတယ်။ “ဘယ်လိုပဲ အကြောင်းပြပြ၊ တရားမျှတ ကျိုးကြောင်းဆီလျော်တဲ့ စစ်ပွဲဆိုတာ လုံးဝမရှိ” လို.သာ ရေးဖြေခဲ့ပါတယ်။ “No matter what justifications may be offered, in my view, there is absolutely no such thing as a just and correct war.”  ဘယ်စစ်ပွဲမှာမဆို နိုင်တဲ့သူပဲ ဖြစ်ဖြစ်၊ ရှူံးတဲ့သူပဲ ဖြစ်ဖြစ် အသေ အပျောက်တော့ ရှိတာပဲလေ။ တစ်စုံတစ်ယောက် (သို.) လူတချို.ရဲ. အလိုဆန္ဒ ပြည့်ဝစေဖို.ရာ လူ.အသက်ပေါင်းများစွာ စတေးခံခိုင်းတယ်ဆိုတာ လူဆန်တဲ့ အပြုအမူ ဟုတ်ပါသေးရဲ.လား……….။


အတိုက်အခံနှင့် ဒိုင်ယာလော့ဂ် ပြဿနာ


                       ဒီနေရာမှာ အတိုက်အခံနဲ. ပတ်သက်ပြီး နည်းနည်း ပြောကြည့်ချင်ပါတယ်။ အတိုက်အခံလုပ်တာနဲ.ပတ်သက်ပြီး အင်္ဂလိပ်စာမှာ စကားလုံးပေါင်းများစွာရှိနေတာ တွေ.ရတယ်။ Activism, Marches, Strikes, Boycotts, Protests, Demonstrations, Revolutions, Riot, Crisis, Rebellion, Resistance, Revolt, Rallies, Uprising, Disturbances, Insurgency, Insurrections, Antagonism, Opposition…………စသဖြင့် (ဒါတောင် ကျန်ရင် ကျန်ဦးမယ်) ရှိပေမယ့် မြန်မာလိုမှာတော့ `အုံကြွ ဆန္ဒပြ သောင်းကျန်း၊ ဆန်.ကျင် တော်လှန် သပိတ်မှောက်´ လောက်နဲ.တင် စကားလုံး ဖူလုံနေတယ်။ Activism ကို Umbrella Term အဖြစ် သတ်မှတ်လိုပြီး သူ.ထဲမှာ Rallies, Marches, Strikes, Boycotts, Protests …စသဖြင့်….ငြိမ်းချမ်းစွာ အတိုက်အခံလုပ်တာမျိုးတွေ ပါဝင်ပြီး အပြောင်းအလဲတစ်ခု အစပြုဖို.အတွက် လုပ်ဆောင်သမျှသော Activity အားလုံး အကျုံးဝင်ပါတယ်။ Activism လို. သုံးနှုန်းလိုက်တိုင်းလည်း ထောက်ခံတဲ့ Activity ရှိသလို အများစု (အားလုံးနီးပါး) ဟာ ဆန်.ကျင်ဖီလာလှုပ်ရှားမှုတွေသာ ဖြစ်တယ်။ Activism ထဲမှာမှ လက်နက်ကိုင် အတိုက်အခံတွေအဖြစ် Revolution, Rebellion, Resistance, Revolt, Insurgency တို.ကို သတ်မှတ်နိုင်ပါမယ်။ သူတို. ၅ ခုဟာ စစ်ပွဲတွေဆီ တိုက်ရိုက် ဦးတည်နိုင်တဲ့ အလားအလာ ရှိပါတယ်။


ထကြွသောင်းကျန်းမှုပုံစံကွဲများ


(၁)  Mutiny (မိမိအထက်အရာရှိတပ်မှူးကို ဖီဆန်၊ တပ်တွင်းပုန်ကန်မှု)
(၂)  Nonviolent Resistance or Civil Disobedience  (လက်နက်မဲ့ ငြိမ်းချမ်းစွာတော်လှန်မှု၊ Demonstration နဲ.အတူတူပါပဲ)
(၃)  Resistance Movement (ကိုယ့်နိုင်ငံသိမ်းပိုက်ခံရလို. လွတ်လပ်ရေးအတွက်              တိုက်ပွဲဝင်မှု)
(၄)  Revolt (ပြည်လုံးကျွတ်မဟုတ်ဘဲ ကွက်ကြားကြိုကြားထကြွမှု)
(၅)  Revolution (လက်ရှိအစိုးရကို ဖြုတ်ချပစ်ဖို.တော်လှန်ခြင်း၊ Complete Change နဲ. ရှိပြီးသား Constitution ကို modify လုပ်ခြင်း ဆိုပြီး နှစ်မျိုးကွဲတယ်)
(၆)  Subversion (အစိုးရကို လှိုက်စားပျက်စီးစေရန် သူလျှိုများဖြင့် လျှို.၀ှက်စွာကြိုးပမ်းခြင်း)
(၇)  Terrorism (ဘာသာရေး၊ နိုင်ငံရေး၊ စစ်ရေးသွေးကြွအစွန်းရောက်တို.ရဲ့ အကြမ်းဖက်လုပ်ရပ်များ)


(အခု မြ၀တီမှာ DKBA နဲ. အစိုးရတပ်တွေ ပစ်ခတ်နေတာမျိုးဟာ Revolt နဲ. Revolution စပ်ကြားလောက်လို. ထင်တယ်)


                     ဘယ်လို ပဠိပက္ခမျိုးကိုမဆို အသိဥာဏ်ရှိတဲ့ လူသားတွေအနေနဲ. ဆင်ခြင်မှု (Reasoning/ Wisdom) နဲ. ထိန်းထိန်းသိမ်းသိမ်း အပြန်အလှန် ညှိုနှိုင်း ပြောဆိုကြခြင်း (Dialogue) ဖြင့်သာ ဖြေရှင်းကြစေလိုပါတယ်။ နို.မို.ဆို ကြားထဲက ပြည်သူလူထုခမျာ အတိဒုက္ခရောက်၊ ကပ်ဆိုက်ကြရတာပဲ အဖတ်တင်တယ်။ Dialogue အစပြုဖို.ရာ အဓိက ပြဿနာက ကိုယ့်အမြင်သာလျှင် အမှန် (ငါ အမှန်၊ ငါနဲ. မတူ ရန်သူ) လို. ကိုယ်လိုရာ တရားလွန် တရားသေ ဆွဲတွေးလွန်းခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ - မိဘက မိဘလို တွေးပြီး ကလေး ဖြစ်ချင်တာကို နားလည်မပေးဘဲ တဇွတ်ထိုး လုပ်ပစ်တာမျိုးတွေပေါ့။ အဲလိုပဲ သားသမီးကလည်း မိဘနေရာကနေ ဘယ်လိုလုပ် ကိုယ်ချင်းစာ ပေးနိုင်မှာလဲ…။ (တလွဲ အဓိပ္ပာယ် မကောက်စေလိုဘဲ မိဘနှင့် သားသမီး ဥပမာပေးခြင်းမှာ (Figurative) ၀င်္က၀ုတ္တိသဘောများ မပါဝင်ဘဲ မိဘနှင့် သားသမီးလို.သာ ရိုးရိုးရှင်းရှင်း မှတ်ယူကြစေလိုပါသည်)


သမိုင်းနှင့် စစ်

                     သမိုင်းဖတ်စာ ဆိုတာလည်း ကိုယ်လိုရာ ဆွဲပြောပြီး ရေးသား ဖန်တီးထားကြတာမျိုး၊ (ခပ်ကြမ်းကြမ်း ပြောရရင်) Brainwash လုပ်ပစ်ကြတာမျိုး ဖြစ်ပါတယ်။ ဥပမာ - “Christopher Columbus discovered the America.”  ဆိုတဲ့ အရေးအသားမျိုးကို သေချာ လေ့လာကြည့်ပါ။ ဥရောပသားတို.ရဲ. ရှုထောင့်ကနေ ရေးသားချက်မျိုးပါ။ ကိုလံဘတ်စ် မတွေ.ခင်ကတည်းက အမေရိကတိုက်မှာ အမေရိကန်တွေ ရှိနေခဲ့ပြီးသားပါ။ ဒေသခံ အမေရိကန်လူမျိုးတို. အမြင်မှာတော့ “Columbus invaded the America.” လို.ပဲ ဖြစ်မှာပါ။ ကိုလံဘတ်စ်ကို အကြောင်းပြုပြီး နောက်ပိုင်းမှာ “Discovery”  , “Exploration” , “Explorer” ဆိုတဲ့ စကားလုံးတွေကိုပဲ သမိုင်းပညာရှင်တို.ဟာ လှိုင်လှိုင်ကြီး သုံးလာခဲ့ကြပါတော့တယ်။ ဥပမာ - “Magellan” ဟာ တကယ်တော့ “Invader” ကျူးကျော်သူ ဖြစ်ပေမယ့် “Explorer” လို.သာ ဂုဏ်ပြု ရေးသားခြင်း ခံရပါတယ်။ ဒေသခံလူမျိုးစုတို.ရဲ. အသက်သွေးချွေးတွေ၊ တော်လှန်ရေးစစ်ပွဲတွေကိုတော့ လူကြားကောင်းအောင် ရေးထားတဲ့ သမိုင်းဖတ်စာတွေဟာ လျစ်လျူရှုထားခဲ့ကြပါတယ်။ ကိုလိုနီနယ်ချဲ.တို.ရဲ. လိုရာ ဆွဲရေးထားတဲ့ သမိုင်းအမြင်တွေမျှသာ။ မြန်မာ့သမိုင်းမှာလည်း ထိုနည်းလည်းကောင်းတွေ အများကြီးမှ အများကြီး ရှိနေမှာပါ။ (ဆက် မပြောပါရစေနဲ.တော့) ပြင်သစ်သမိုင်းပညာရှင် Jules Michelet ကတော့ “The real heroes of history are ordinary people.” လို.ဆိုပါတယ်။ ရုတ်တရက် ဖတ်ကြည့်လိုက်ရင် ဆိုရှယ်လစ်အမြင်လို. ယူဆနိုင်ဖွယ်ရာ ရှိပေမယ့် သေချာတွေးကြည့်တော့မှ သူက Humanity ရှုထောင့်ကနေ ပြောထားမှန်း သိနားလည်ရပါတယ်။ သမိုင်းကို ဖန်တီးသူတွေဟာ ဗိုလ်ချုပ်တွေလည်း မဟုတ်၊ အာဏာရှင်တွေလည်း မဟုတ်၊ ဓနရှင်တွေလည်း မဟုတ်၊ စစ်ပွဲတွေလည်း မဟုတ်ဘူးတဲ့။ လူကို လူလို ဆက်ဆံတတ်ကြသူတွေ၊ လူသားချင်း စာနာ ထောက်ထားတတ်ကြသူတွေသာ ဖြစ်တယ်လို. သူက ဆိုပါတယ်။ အဲဒီလို လူဆန်တဲ့ လူတွေနဲ. သမိုင်းအသစ်ကို အတူတူ ရေးကြရအောင်လား…….။


တော်လှန်ရေးနှင့် ၂၁ ရာစု ကျက်သရေမင်္ဂလာ


                        တော်လှန်ရေး (Revolution) မှာမှ အမျိုးမျိုး ရှိပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စက်မှုတော်လှန်ရေး၊ (နောင်ဆို စက်ရုပ်တော်လှန်ရေး ဖြစ်လာမလား မသိ) ၊ သိပ္ပံ၊ အနုပညာ တော်လှန်ရေး……စသဖြင့်……….။ ပြင်ပ ဆက်စပ်အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ လူသားတွေကိုက တစ်ကိုယ်ကောင်း အတ္တစိတ်တွေ သိပ်များနေရင်တော့ ကမ္ဘာကြီးလည်း ဘယ်လိုမှ ငြိမ်းချမ်းနိုင်ဖွယ်ရာ လမ်းမမြင်ပါ။ ၁၉၆၃၊ မိန်.ခွန်းတစ်ခုမှာ John F. Kennedy က “Our problems are man-made – therefore, they can be solved by man. And man can be as big as he wants.” လို. ပြောခဲ့ဖူးတယ်။ စစ်ပွဲတွေကို ကျော်လွှား ရှောင်ရှားနိုင်ဖို.ဆိုရင် ကျွန်တော်တို.ရဲ. အတွင်း စိတ်သန္တာန်မှာ အလစ်တိုက်ဖို. ပုန်းလျှိုး ကွယ်လျှိုး ၀ပ်နေတဲ့ တစ်ကိုယ်တော် အတ္တ အခံ ဓာတ်ကလေးတွေကို အရင်ဆုံး အနိုင်ယူ တော်လှန်ရပါလိမ့်မယ်။ ဒုတိယအဆင့်အနေနဲ. လူသားအချင်းချင်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ခင်မင် ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည် ပွင့်လင်းမှု၊ ကြိုဆို အသိအမှတ်ပြုမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တဖြည်းဖြည်းချင်း တည်ဆောက်ကြရပါမယ်။ ဒီနေရာမှာ ပြင်သစ်တွေးခေါ်ပညာရှင် Montaigne ရဲ. သဘောထားကို ကိုးကားလိုပါတယ်။

“No proposition astounds me, no belief offends me, however much opposed it may be to my own. Contradictions of opinion only arouse and exercise my mind.”

                      ဒီစာသားတွေကို ကြည့်ခြင်းဖြင့် Montaigne ဟာ Open-minded/Broad-minded ရှိသူ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ သူဟာ Dialogue ကို ကြိုဆိုပြီး Dialogue ကို အမှန်တရား ရှာဖွေရေး ကိရိယာတစ်မျိုး အဖြစ် လူတွေကို အသုံးပြုစေလိုတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ဒီအတိုင်း ငုပ်တုတ် ထိုင်စောင့်နေရုံနဲ. မိုးပေါ်က ကျလာမှာမှ မဟုတ်တာပဲ…….။

                      တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲ တော်လှန်နိုင်ဖို. ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ သူငယ်ချင်းအိမ် သွားလည်တာ အိမ်တံခါး ခေါက်ဖို.လေးကိုတောင် မ၀ံ့မရဲ ဖြစ်နေလို. ကိုယ့်အိမ်ကိုယ် ပြန်ပြေးလာခဲ့ရတဲ့ George Bernard Shaw ဆိုတာ အဟော အပြောကောင်းသူ တစ်ယောက်ဖြစ်လာခဲ့သလို အဟိသလမ်းစဉ် ပဲ့ကိုင်ရှင်၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ဗိသုကာ ဂန္ဒီ (Mahatma Gandhi) ဆိုတာလည်း ရှေ.နေဘ၀တုန်းက ပထမဆုံးလိုက်တဲ့ အမှုမှာ သူလျှောက်လဲချက် ပေးရမယ့်အလှည့်ရောက်တော့ ရှိုးတိုးရှန်.တန်.နဲ. ကြောက်လန်. တွန်.ဆုတ်နေလို. လျှောက်လဲချက် မပေးတော့ဘဲ တရားခွင်ထဲကနေ အရှက်တကွဲ ထွက်ခွာသွားခဲ့ရဖူးတယ်။ ဒါပေမဲ့ သူတို.တွေဟာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို. အချိန်တန်ပြီလို. လင်းပွင့်ခဲ့ကြတဲ့ အချိန်လေး (Moment of Enlightenment) မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့တဲ့အတွက် ကမ္ဘာကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ ဖြစ်လာခဲ့ကြတာပါပဲ။

                       မြန်မာတို.ဟာ မဟုတ် မခံ၊ မတရားတာ မခံ၊ တော်လှန်စိတ် (Revolutionary-minded) ရှိကြသူတွေ ဖြစ်ပြီး Revolution များနဲ.သာ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်တွေကို တည်ထောင်ခဲ့ကြတယ်ဆိုတာလည်း သမိုင်းသက်သေ အထင်အရှားပါပဲ။ အာဏာရူး ပေါတောတော မင်းဆိုးမင်းညစ်တွေကို ဖြုတ်ချပစ်ခဲ့ကြတဲ့ သမိုင်းအဖြစ်အပျက်တွေဟာလည်း တကယ်ကို အမြောက်အမြားရှိခဲ့တယ်။ ဒါတွေဟာ ဘာကို ပြသလဲဆိုရင် မြန်မာတို.ရဲ. အရေးကြီးရင် `သွေးကြီး´ပုံ၊ `သွေးနီး´ပုံ၊ `သွေးစည်း´ပုံ၊ `သွေးကောင်း´ပုံတွေကို ညွှန်းဆိုနေသလိုပါပဲ။ ဒါပေမဲ့ `သွေးဆွ´တာကို `သွေးရူးသွေးတန်း´နဲ. `သွေးတိုးစမ်း´သလို `သွေးနားထင်ရောက်´ ပြီး `သွေးချင်းသားချင်း´ကို `သွေးခွဲ´မိ၊ `သွေးထွက်သံယို´လုပ်မိ၊ `သွေးဆူဆူ´(သို.)`သွေးဆာဆာ´နဲ. `သွေးဆိုး´မိလို. `သွေးမြေကျ´ရတဲ့ အဖြစ်မျိုးတွေကိုတော့ ရှောင်ရှားနိုင်ဖို. ကျွန်တော်တို.အားလုံး သတိပြုကြရပါမယ်။

                      ၂၁ ရာစုကြီးရဲ. လက်ကျန် နှစ် ၉၀ မှာ စစ်ပွဲတွေ ကင်းစင်ဖို.ရာ လူသားတိုင်း တစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်။




“တစ်လောကလုံး ကျက်သရေ ရှိဖို.ဆိုတာ
တစ်ယောက်ကပဲ စ,ရတာ ဖြစ်လို.
တစ်ယောက်တလေ ကျက်သရေကို သိပြီး
ကျက်သရေ ရှိသွားမယ်ဆိုရင် ကျေနပ်စရာပါ
အဲဒီတစ်ယောက်က စာဖတ်သူကိုယ်တိုင် ဖြစ်မယ်ဆိုရင်တော့
အတိုင်းထက်အလွန်ပေါ့။ ”

                                      (ဓမ္မဘေရီ အရှင်ဝီရိယ)





နို၊ ၂၀၁၀
ခွန်းချို

No comments:

Post a Comment