Wednesday, December 1, 2010

ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၅)

[အပိုင်း (၄) မှ အဆက်]


၃း၂ ။            ။ ဒီမိုကရေစီ ၀ိရောဓိ အသွင် ၃ မျိုး       


                        Stanford University မှ Professor of Sociology and Political Science ဖြစ်သူ Larry Diamond ရဲ. “Three Paradoxes of Democracy” ဆိုတဲ့ Lecture Slides လေးတွေကို ကျစ်လျစ် ထိရောက် မှန်ကန်တယ် ယူဆလို. ပြန်ဖောက်သည်ချချင်ပါတယ်။ ပထမဆုံးစာကြောင်းကို ဖွင့်ဆိုချက်လေးတွေနဲ. စတင်ထားပြီး ပြဿနာအလားအလာတွေကို အောက်မှာ ဆက်ရှင်းပြထားပါတယ်။ ဒီမိုကရေစီ ၀ိရောဓိတွေကို အဓိကအားဖြင့် ၃ မျိုး ခွဲခြားနိုင်တယ်လို. ဆိုတယ်။

(၁) ပဋိပက္ခနဲ. အများဆန္ဒ (Conflict versus Consensus)      
(၂) ကိုယ်စားပြုမှုနဲ. အုပ်ချုပ်နိုင်စွမ်း (Representativeness versus Governability)
(၃) လူထု ထောက်ခံချက်နဲ. လက်တွေ. ဆောင်ရွက် ထိရောက်မှု (Consent versus Effectiveness)


(၁) ပဋိပက္ခနဲ. အများဆန္ဒ


                           Professor Larry Diamond ရဲ. အဆိုအရ
-      ဒီမိုကရေစီ ဆိုတာ (A system of institutionalized competition for power) အာဏာရဖို.အတွက် အတည်တကျဖွဲ.စည်းသတ်မှတ်ထားတဲ့ ယှဉ်ပြိုင်မှုစနစ် တစ်ခုဖြစ်။
-      ပဋိပက္ခများပြားခြင်းဟာ တည်ငြိမ်မှုကို ပျက်ပြားစေနိုင်။
-      ဒီမိုကရေစီ မှာ ပဋိပက္ခ (သို.) သဘောထားကွဲလွဲမှု လိုပေမယ့် သိပ်များများစားစား မရှိသင့်၊ မရှိအပ်။
-      အက်ကြောင်းတွေ ရင်ကြားစေ့ဖို.အတွက် အများဆန္ဒနဲ. လျော်ညီစွာ ပြန်ဖာတေးသင့်။


(၂) ကိုယ်စားပြုမှုနဲ. အုပ်ချုပ်နိုင်စွမ်း


-      ဒီမိုကရေစီ ဆိုတာ အာဏာဖြန်.ကျက်မှုသဘောကို ဆောင်ပြီး အာဏာ အလွန်အကျွံ အားပြုစုစည်းမှုကို ဟန်.တားပေး။ (Dispersion of power rather than concentration)
-      အဲဒီတော့ Alexander Hamilton ပြောခဲ့သလို ဒီမိုကရေစီတွင် “Energy” ရှိထားသင့်။
-      အစိုးရတွေအနေနဲ. အချိန်ပြည့် သွက်လက်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန် လိုအပ်။
-      ဒီမိုကရေစီနိုင်ငံတွေမှာ အစုအဖွဲ.တို.၏ တောင်းဆိုချက်များကို အလိုက်သင့် တုံ.ပြန်မှု ပြုရန် လိုအပ်သလို တစ်ခါတစ်ရံ ငြင်းဆန်တော်လှန်ရန်လည်း လိုအပ်တတ်။
-      ကိုယ်စားပြုမှု များပြားလွန်းခြင်းကလည်း `သွက်ချာပါဒ´ လိုက်စေနိုင်။
-      ကြီးမားသော စိန်ခေါ်စမ်းသပ်ချက်တစ်ခုမှာ - ချုပ်နှောင်ခံရမှု ကင်းဝေးစွာ၊ ဘက်လိုက်မှု ကင်းဝေးစွာဖြင့် ကွဲလွဲနေသော သဘောထားများ၊ မတူညီသော အကျိုးစီးပွားများကို ကိုယ်စားပြုပြနိုင်ရန်ပင်ဖြစ်။


(၃) လူထု ထောက်ခံချက်နဲ. လက်တွေ. ဆောင်ရွက် ထိရောက်မှု


-      ဒီမိုကရေစီ ဆိုတာ “Rule by the people”  (လူထု အစိုးရ) ဖြစ်။
-      ဒီမိုကရေစီနိုင်ငံတွေမှာ လူထု ထောက်ခံမှု ရရှိဖို.အပြင် လုပ်ရည်ကိုင်ရည် ထက်မြက်တဲ့ အစိုးရများလည်း ရှိသင့်၊ ရှိအပ်။
-      အများလူထု၏ ထောက်ခံမှုကို ရရှိနိုင်ရန် ဒီမိုကရေစီနိုင်ငံတို.အနေနဲ. ကိစ္စမျိုးစုံတို.တွင် ထိရောက်စွာ ဆောင်ရွက်ပံ့ပိုးပေးနိုင်သင့်။
-      လူထု ထောက်ခံမှုကို သိမ်းပိုက်နိုင်ဖို.ဆိုတာ ခရီး အမြဲ မတွင်တတ်ပေ။



၃း၃ ။           ။ လူ.အခွင့်အရေးကန်.သတ်ချက်တချို.နှင့် ကျင့်ဝတ်


                   လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတို.တွင် အရွယ်ရောက်ပြီးသူတိုင်း မဲပေးပိုင်ခွင့် (Universal Suffrage) ရှိတယ်။ ကျား/ မ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ/ချမ်းသာ မရွေး မဲပေးပိုင်ခွင့် ရှိတယ်။ တချို. ဒီမိုကရေစီနိုင်ငံတွေမှာ မဲပေးခွင့် ကန်.သတ်ချက်တွေ ရှိပြီး တချို.ကျတော့ လျှို.၀ှက်မဲပေးစနစ် (Ballots) မထားတတ်ကြဘူး။ နိုင်ငံတိုင်းလိုလိုမှာတော့ မဲမပေးခင် မှတ်ပုံတင်လုပ်ကြရတာပါပဲ။

                    ဒီမိုကရေစီ အသားကျပြီးသားနိုင်ငံတွေမှာတောင် လွတ်လပ်မှုနဲ. လူ.အခွင့်အရေးတွေနဲ. ပတ်သက်ပြီး ကန်.သတ်ချက်တွေ ရှိပါတယ်။ ဥပမာ - မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ ကန်.သတ် ပြဌာန်းချက် အမျိုးမျိုး ရှိသလို အသရေဖျက်မှုဆိုင်ရာ ဥပဒေတွေလည်း ရှိတယ်။ ဒီမိုကရေစီ ဆန်.ကျင်ရေး ဟောပြောမှုတွေကို တားမြစ်ထားသလို လူ.အခွင့်အရေးအကြောင်း ယုတ်လျော့ပျက်ပြားအောင် ပြောဆိုခြင်းကိုလည်း ကန်.သတ်ထိန်းချုပ်တယ်။ ဥပမာ - အကြမ်းဖက်ဝါဒ ကောင်းကြောင်း၊ မှန်ကြောင်း ဟောပြီး စည်းရုံးလှုပ်ရှားလို. မရဘူး။ စစ်အေးခေတ်တုန်းက ကွန်မြူနစ်ဝါဒီတွေကို ကန်.သတ် ပိတ်ပင်ထားခဲ့တာတွေလည်း ရှိတယ်။ အကြွင်းမဲ့အာဏာရှင်စနစ်နဲ. ဆက်နွယ်နေတဲ့ (ကွန်မြူနစ်၊ ဖက်ဆစ်၊ နာဇီ) ပါတီဝင်တွေကို အလုပ်အကိုင် အခွင့်အရေး မပေး၊ မဲ ပေးခွင့် မပေး၊ ပါတီ ဖျက်သိမ်းတာတွေ လုပ်ပစ်ခဲ့တယ်။ လူမျိုး မုန်းတီးရေး စကားတွေ၊ ညစ်ညမ်းစကားတွေကို မိန်.ခွန်းထဲမှာ ပြောခွင့် မရှိဘူး။ Freedom of Speech ဆိုတိုင်းလည်း နှုတ်စောင့်စည်းမှု ရှိရတယ်။ ဥပမာ - Holocaust ကို ထောက်ခံကြောင်း ပြောခွင့် မရှိဘူး။ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို အားပေး အားမြှောက် ပြောစရာ အကြောင်း မရှိဘူး။ တချို.နိုင်ငံတွေမှာ လိင်အသားပေး ဖော်ပြချက်တွေ ခွင့်ပြုကြတယ်။ ကနေဒါလို နိုင်ငံမှာတော့ လိင်တူ ဆက်ဆံရေးကိစ္စတွေ ပါတဲ့ စာမူတွေကို ထုတ်ဝေဖို. ငြင်းဆန်တဲ့ ပုံနှိပ်တိုက်ပိုင်ရှင်ဟာ ဒေါ်လာ ၅ ထောင် ကနဦး ဒဏ်ငွေ ဆောင်ရသလို တရားဆိုင်တဲ့အခါ ဥပဒေ အကျိုးဆောင်ခ ဒေါ်လာ ၁ သိန်း ဆောင်ရသေးတဲ့အပြင် တရားလိုရဲ. တရားဆိုင်ကြေး ဒေါ်လာ ၄ ထောင် ကိုလည်း တရားလို ကိုယ်စား ပေးဆောင်ဖို. အမိန်.ချမှတ်ခံရပါတယ်။ အဲလို အမှုမျိုးဟာ ပုံမှန် တရားရုံးတော် (Regular Court) တွေရဲ. လုပ်နည်း လုပ်ဟန်အတိုင်း သက်သေခံပစ္စည်းတွေအပေါ် အခြေခံတဲ့ စီရင်ချက်မျိုး မဟုတ်တဲ့ ခုံရုံးတင် စစ်ဆေးမှုမျိုး (Tribunal) ဖြစ်ပါတယ်။

                            တချို.လူ.အခွင့်အရေးတွေကျတော့ နိုင်ငံအလိုက် ကွဲပြားမှု ရှိနိုင်တယ်။ တချို.ကျတော့ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ကွဲပြားကြတယ်။ ဥပမာ - ကနေဒါ၊ အမေရိက၊ အိန္ဒိယ၊ အစ္စရေး၊ မက္ကဆီကို နိုင်ငံတွေမှာ Double Jeopardy ကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုထားတယ်။ (Double Jeopardy ဆိုတာ တရားဝင်ပြစ်ဒဏ်ကျခံရပြီးသား တရားခံကို လုပ်နည်းကျင့်ထုံးတို.နဲ. အညီ နောက်တစ်ကြိမ် ပြန်လည် ထုချေ လျှောက်လဲခွင့်မပြုဘဲ ပိတ်ပင် တားမြစ်ထားခြင်းကို ဆိုလိုပါတယ်) ပြောချင်တာ အဲဒီနိုင်ငံတွေမှာ တရားခံကို ထပ်ကြိုးစား ချေပ လျှောက်လဲခွင့် ပြုထားတယ် ဆိုတာပါပဲ။ အမေရိကန်တွေက သေနတ်ကိုင်ဆောင်ခွင့် (Gun Rights) ကို အရေးပါတဲ့ အခြေခံ လူ.အခွင့်အရေးလို. ယူဆတတ်ကြပေမယ့် တခြားနိုင်ငံတွေမှာတော့ ဟုတ်ချင်မှ ဟုတ်မယ်။

                           လူ.အခွင့်အရေးနဲ. ပတ်သက်ပြီး ယနေ.ခေတ်ပေါ် အယူအဆက ဒုက္ခပေးသူတွေကို ဘယ်လို ကိုင်တွယ် အပြစ်ပေးမလဲ ဆိုတာကို အခြေခံတာမျိုး ဖြစ်ပါတယ်။ ဥပမာ - လူ.အခွင့်အရေး ချိုးဖောက်ခြင်း (Human Rights Abuses) လို. ပြောသံ ကြားတာနဲ. ဒါဟာ ယုတ်မာရိုင်းစိုင်းတဲ့ တစ်ယောက်ယောက်ကို `ဆော်ပလော်တီး´ ဒဏ်ခတ်ရတော့မယ်ဆိုတဲ့ သဘောမျိုး ဖြစ်လာပါပြီ။ အကြမ်းဖက်ဝါဒ၊ Suicide Bombing ၀ါဒတွေ ခေတ်စားနေတဲ့ ဒီနေ.ခေတ်မှာ လူ.အခွင့်အရေးပြဌာန်းချက် ဆိုတာလည်း ဘာမှ သုံးစားမရတော့ပါ။ ဥပမာ ခပ်ကြမ်းကြမ်း ပေးရရင် - ကိုယ့်အမေ အနိုင်ကျင့်ခံရရင်တောင် အမေ့ရဲ. လူ.အခွင့်အရေး ရပိုင်ခွင့် (Human Rights) ဆိုတာကြီးက အမေ့ကို ဘာမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ Human Rights ဆိုတာ သေနေတဲ့ လူ ပြန်ရှင်အောင်လည်း လုပ်မပေးနိုင်ဘူး။ နေမကောင်းတဲ့သူကို ပျောက်အောင် ကုမပေးနိုင်ဘူး။ Gun Rights ရှိပေမယ့် အသတ်ခံရတာပဲလေ။ 9/11 က သက်သေပဲလေ။ တချို.တွေက လူ.အခွင့်အရေးကိစ္စကို အာသာဖြေ အော်နေတဲ့အချိန်မှာ ငတ်တဲ့သူတွေက ငတ်ပြီးရင်း ငတ်၊ စစ်ပွဲတွေကြားထဲ စုတ်ပြတ်သတ်အောင် သေနေတဲ့သူက သေ။ ကျွန်တော်အနေနဲ. ကျင့်ဝတ် (သို.) လူ.ကျင့်ဝတ် (Ethics) ကို လူ.အခွင့်အရေး (Human Rights) ထက် ပိုမြတ်နိုးပါတယ်။ အမှန်တရား (သို.) တရားမျှတမှုကို ရှာဖွေဖို.ပဲ ဖြစ်ဖြစ်၊ ကိုယ့်ပိုင်ဆိုင်မှုကို အများကောင်းကျိုးအတွက် လှူချင်၊ တန်းချင်လို.ပဲ ဖြစ်ဖြစ် လူ.ကျင့်ဝတ်စောင့်ထိန်းမှု (Ethics) က ပျက်စီးနေတဲ့ ကမ္ဘာကြီးအတွက် အများကြီး အသုံးဝင်သလို ပျော်ရွှင်စရာ ကောင်းပါတယ်။ Ethics ဟာ လူ.အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို နေကောင်းအောင်လည်း စောင့်ရှောက်ပေးနိုင်တယ်။ လူ.အခွင့်အရေး ဆိုတာတွေထက် အများကြီး တန်ဖိုးမြင့်မားပါတယ်။ အကြမ်းဖက်သမားလည်း လူပဲလေ။ သူ.မှာလည်း လူ.အခွင့်အရေး ရှိတာပဲလေ။ လူသတ်ဖို. လူ.အခွင့်အရေးမျိုးလေ။ အသတ်ခံရတဲ့လူမှာလည်း လူ.အခွင့်အရေး ရှိရဲ.သားနဲ. ဘာလို. အသတ်ခံရတာတုန်း။

                          တစ်ခါတစ်လေ ကျွန်တော်တွေးမိပါတယ်။ လူသားတိုင်း တိရိစ္ဆာန်ထက် အသိဥာဏ် ပို မမြင့်မားဘူးလို. တွေးမိပါတယ်။ လူ.အခွင့်အရေး အရ မီတာခ မှန်မှန် ဆောင်ရပါတယ်။ အခွန် မှန်မှန် ဆောင်ရပါတယ်။ ကျွန်တော်တို.ဟာ တာဝန်ဝတ္တရားတွေကို အသိဥာဏ်/ဆင်ခြင်ဥာဏ်နဲ. လုပ်ဆောင်နေကြရတဲ့ လူသားတွေ ဖြစ်ပါတယ်။ ၀တ္တရား ပျက်ကွက်တဲ့ လူ (သို.) အသိဥာဏ် မရှိတဲ့ လူဟာ လူ.အခွင့်အရေးတွေနဲ. မထိုက်တန်ပါဘူး။ လူနဲ. တိရိစ္ဆာန် ခွဲခြားထားတဲ့ အဓိကအကျဆုံး အရာက လူ.အခွင့်အရေး (Human Rights) မဟုတ်ဘဲ ကျင့်ဝတ်တန်ဖိုး (Ethical Values) တွေပဲ ဖြစ်တယ်လို. ကျွန်တော်ကတော့ လေးလေးနက်နက် ယုံကြည်နေမိပါတော့တယ်။


                          ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ အပိုင်း (၄) + (၅) ဒီတွင် ပြီးပါပြီ။


                           [ L, E, J ဆိုတဲ့ Separation of Powers ဆိုတာ ရှေးဟောင်း ၀ါဒ သဘောတရားတစ်ခုလို. ဗြိတိန်လူမျိုး နိုင်ငံရေး တွေးခေါ်ပညာရှင် Harold Laski (၁၈၉၃ – ၁၉၅၀) က ရေးခဲ့တဲ့အတွက် ဖက်ဒရယ်ဝါဒ အကြောင်းကို အများကြီး လေ့လာရပါဦးမယ်။ သူက “Authority must be federal.” ပြည်ထောင်စုအာဏာ လို. ဆိုပါတယ်။ အာဏာကို ဗဟိုဦးစီး ချုပ်ကိုင်မထားဘဲ Local အလိုက်၊ Functional အလိုက် အဖွဲ.အစည်းအသီးသီးကို ပေးအပ် ခွဲဝေသင့်တယ်လို. ဆိုတယ်။ ဌာနအသီးသီးအလိုက် အလုပ်ကြမ်းသမားက အစ၊ လက်တွေ. လုပ်ဆောင်နေသူ အမှုထမ်းတွေ အလယ်၊ အာဏာပိုင် အရာရှိတွေ အဆုံး အကုန်ပါဝင်တဲ့ အကြံပေး ဥာဏ်ပေး အဖွဲ. (Advisory Bodies) များ ထားရှိသင့်တယ်လို. ဆိုပြီး သူတို.တွေအားလုံး ပါဝင်တဲ့ (သို.) သူတို.ရဲ. ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စည်းဝေးပွဲများ တိုင်ပင် ပြုလုပ်ခြင်းဖြင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ တိုးတက်မှု ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို. ဆိုတယ်။ တစ်မြို.စီအလိုက် မြူနီစပယ် (Municipal) လို အဖွဲ.မျိုးတွေကိုလည်း လုပ်ပိုင်ခွင့် အာဏာ ပိုမို ပေးအပ်ခြင်းဖြင့်လည်း ပိုမို ထိရောက်နိုင်တယ်လို. Laski က ယူဆတယ်။ လွှတ်တော်မှာ ပြဿနာ အမျိုးမျိုးကို မတင်သွင်းမီ ကြိုတင် စဉ်းစားနိုင်ကြရန် လွှတ်တော် အမတ် ကော်မတီတွေကို ဖွဲ.စည်းသင့်တယ်လို. ဆိုတယ်။ စက်မှု လက်မှု လုပ်ငန်းတွေအတွက် (ပုဂ္ဂလိက + အစိုးရ) စနစ်တကျ လုပ်ဆောင်သွားနိုင်ဖို. ကောင်စီ (Industrial Council) တွေ ဖွဲ.စည်း ထားရှိသင့်တယ်လို. ဆိုပါတယ်။ အဲဒီကောင်စီကို စက်မှုလက်မှုဆိုင်ရာ ဥပဒေတွေ သတ်မှတ်ပိုင်ခွင့်ကိုလည်း ပေးအပ်ပြီး အဲဒီ စည်းမျဉ်း ဥပဒေတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ. လွှတ်တော်ရဲ. ချုပ်ကိုင်မှု အောက်မှာသာ ရှိသင့်တယ်လို. ဆိုပါတယ်။ သူ.အယူအဆတချို.ဟာ စိတ်ဝင်စားဖို. ကောင်းလို. ဆက်လေ့လာရပါဦးမယ်]

                           [နောက် ၂ လ ကျော်လောက် ကြာဦးမယ့် အပိုင်း (၆) မှာတော့ ဒီမိုကရေစီ ပုံစံအမျိုးမျိုးနဲ. Federalism အကြောင်းကို (မိတ်ဆက်သဘော ဖြစ်ဖြစ်) သေချာ ပြောနိုင်အောင် ဆက်လက်ကြိုးစားသွားပါဦးမယ်။ အခုလို ပြီးတဲ့အထိ ဖတ်ရှုပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ရပါတယ်။]


အဆင်ပြေနိုင်ကြပါစေ။
ခွန်းချို
စက် ၂၇ - အောက် ၂   

No comments:

Post a Comment