Wednesday, December 1, 2010

ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၄)

အကြိုက်ဆုံးအာဏာရှင်စနစ် (အမှာစာ)




                              ဒီမိုကရေစီအကြောင်းကို တတွတ်တွတ် ရေးနေ၊ ပြောနေတဲ့ကောင်က အကြိုက်ဆုံးအာဏာရှင်စနစ်လို. ပြောလိုက်လို. အထင်မလွဲစေလိုပါ။ ကမ္ဘာပေါ်မှာ ကျွန်တော် အကြိုက်ဆုံး အာဏာရှင်တစ်ယောက် ရှိကြောင်း ၀န်ခံလိုပါတယ်။ သူကတော့ ၁၉၅၉ - ၁၉၉၀ ထိ စင်ကာပူနိုင်ငံရဲ. ပထမဆုံးဝန်ကြီးချုပ် လုပ်ခဲ့ပြီး လက်ရှိချိန်ထိ Minister Mentor (၀န်ကြီး အကြံပေး) လုပ်နေသေးတဲ့ လီကွမ်ယု (Lee Kuan Yew) ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် (၃၁ နှစ်ကြာ)၊ တစ်ဦးတည်းသော အများအကျိုးဆောင် အာဏာရှင် (Benevolent Dictator) လို. ပြောရင် လွန်မယ် (လုံးဝ) မထင်ပါ။ သူတည်ထောင်ခဲ့တဲ့ People’s Action Party (၁၉၅၉ - လက်ရှိ) ဟာ ဂျပန်က Liberal Democratic Party of Japan (LDPJ) လို၊ ထိုင်ဝမ်က Kuomintang လို၊ တောင်အာဖရိကနိုင်ငံက မင်ဒဲလား ရဲ. African National Congress Party လို၊ အိန္ဒိယက Sonia Gandhi ရဲ. Indian National Congress Party တို.လိုမျိုး Dominant Party System အမျိုးအစား ဖြစ်ပါတယ်။ (Party System တွေအကြောင်းကို အောက်မှာ ရှင်းလင်းထားပါတယ်) ၁၉၅၉ ကတည်းက ရွေးကောက်ပွဲတိုင်း အနိုင်ရထားတော့ အာဏာကို အပိုင်စီးထားသလို၊ ပါလီမန်ကို `ချုပ်´ ထားသလို ဖြစ်နေတယ်။ နိုင်ငံရေးအရကြည့်ရင် Political Democracy မရှိဘူးလို. ပြောနိုင်ပါတယ်။ (ဥပမာ - လီကွမ်ယု ကို ကြည့်မရလို. လမ်းပေါ်မှာ ဆန္ဒပြ၊ အော်ဆဲရင် `အထဲ´ ရောက်နိုင်တယ်။ အော်ချင်တိုင်း၊ ရေးချင်တိုင်း အော်ခွင့်၊ ရေးခွင့် မရှိ။ လူ.အခွင့်အရေးကန်.သတ်ချက်တချို. ရှိ။ ညစ်ညမ်းဝက်ဘ်ဆိုက်တချို.ကို ပိတ်ပင်ထား။ နိုင်ငံရေးသဘောထားကွဲလွဲမှုကို အဖြစ်မခံ၊ ထိန်းချုပ်ကန်.သတ်ထားတယ်) ဒါပေမဲ့ လီကွမ်ယု တကယ်ကျင့်သုံးခဲ့တဲ့ လမ်းစဉ်က Economic Democracy လို. ခေါ်ပါတယ်တဲ့။ အလွယ်ပြောရရင် Economic Democracy ဆိုတာ လူမှုရေးနဲ. စီးပွားရေး သာတူညီမျှရှိရေး၊ တိုးတက်တည်ငြိမ်မှုရှိရေးတို.ကို အဓိက ဖော်ဆောင်တဲ့ (နိုင်ငံရေးနဲ. မဆိုင်တဲ့) အယူအဆတစ်မျိုး ဖြစ်ပါတယ်။ အစိုးရက ချုပ်ကိုင်ထားတဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှု (Centralized Corporate Monopoly/ Corporate Capitalism) တွေတော့ ရှိတယ်။ ဒါပေမဲ့ တခြား ဘယ်အာဏာရှင်တွေနဲ.မှ မတူတဲ့အချက်က ပြည်သူလူထုရဲ. လူမှုစီးပွား ဖွံ.ဖြိုးတိုးတက်မှု (Socio-economic Development) ကို အမြဲရှေးရှု အာရုံစိုက်တာပါပဲ။ Social Equality (လူမှုညီမျှချက်) နဲ. Scarcity Management (သယံဇာတ ရှားပါးမှု စီမံခန်.ခွဲတာ) ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ Development Plan ကို ရေတိုရော ရေရှည်စီမံကိန်းတွေရော ချမှတ်တယ်။ ပညာရေးကို လွတ်လပ်ရေးရကတည်းက နိုင်ငံတည်ဆောက်ရေးအတွက် လက်နက်တစ်ခုလို အသုံးချတယ်။ ၁၉၆၀ တ၀ိုက်လောက်က စင်ကာပူရဲ. စီမံကိန်းအုတ်မြစ်တချို.ကို ပြောပြချင်ပါတယ်။ (Ruth Gruber တည်းဖြတ်တဲ့ ၁၉၆၅ ခုနှစ်ထုတ် Science and the New Nations စာအုပ်ကို မှီငြမ်းပါတယ်။ ပန်းဆိုးတန်းလမ်းဘေးက ပေါချောင်ကောင်း ကောက်ရတဲ့ အဲဒီစာအုပ်ဟောင်းကြီးက ၁၉၆၀၊ အစ္စရေးမှာ ကျင်းပခဲ့တဲ့ သိပ္ပံပညာရှင်တွေနဲ. နိုင်ငံရေးခေါင်းဆောင်တွေ တွေ.ဆုံဆွေးနွေးကြတဲ့ ညီလာခံမိန်.ခွန်းတွေကို စုစည်းတည်းဖြတ် ထုတ်ဝေတာမျိုး။ အဲလိုမျိုး သိပ္ပံနဲ. နိုင်ငံရေး တွေ.ဆုံညီလာခံလုပ်တာ ကမ္ဘာပေါ်မှာ ပထမဆုံးလို. ဆိုတယ်။ အဲဒီ ညီလာခံမှာ စင်ကာပူပညာရေးဝန်ကြီး Yong Nyuk Lin မိန်.ခွန်းတက်ပြောပါတယ်။ စာအုပ်ထဲမှာ ပါတဲ့ အဲဒီ မိန်.ခွန်းအကြောင်း နည်းနည်းပြန်ပြောပြချင်ပါတယ်) အဲဒီတုန်းက (၁၉၅၉ - ၁၉၆၀) စင်ကာပူလူဦးရေရဲ. ၄၃ ရာခိုင်နှုန်းက အသက် ၁၅ အောက် ကလေးတွေတဲ့။ အဲတော့ နိုင်ငံတော်ဘဏ္ဍာရဲ. ၄ ပုံ ၁ ပုံ ကို ပညာရေးအတွက် (တကယ်) အပြည့်သုံးတယ်။ ၆ နှစ်ကြာတက်ရတဲ့ မူလတန်းပညာရေးကို ကလေးတိုင်း (အခမဲ့) တက်စေခဲ့တယ်။ မူလတန်းပြီးတော့မှ ပညာရေးဓာတ်ခံ အထုံမပါတဲ့ ကလေးတွေကို Vocational Schooling (အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာသင်ကျောင်း) မှာ ၂ နှစ် တက်စေပြီး Semi-skilled workers (အသင့်အတင့် ကျွမ်းကျင်လုပ်သား) ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးတယ်။ ပညာရေးလိုလားတဲ့ (Academically-inclined) ကလေးတွေကျတော့ အဲဒီ အခမဲ့ မူလတန်းပြီးရင် အလယ်တန်းပညာရေး (Secondary Education) ကို ဆက်တက်စေတယ်။ အလယ်တန်းမှာမှ Academic, Technical, Commercial Types စသဖြင့် ခွဲခြား ရွေးချယ် သင်ပေးတယ်။ (အခမဲ့ မဟုတ်တော့ဘူး) လူမျိုးကွဲများသလို (Chinese, Malayan, Indian) ဘာသာစကားကွဲများတဲ့ (English, Chinese, Malay, Tamil စသဖြင့်။ အဲဒီတုန်းက အပြောအများဆုံးက Malay နဲ. English) စင်ကာပူနိုင်ငံငယ်လေးရဲ. အလယ်တန်းပညာရေး ထုတ်ကုန်ဟာ ကလေးတိုင်း ဘာသာစကား ၂ ခု အနည်းဆုံး တတ်ကိုတတ်ရမယ် ဆိုတာပါပဲ။ နိုင်ငံလူဦးရေ ၁.၆ သန်းမှာ ၈၀ ရာခိုင်နှုန်းက တရုတ်လူမျိုးတွေ ဆိုပေမယ့် ၁၉၅၉ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရထားတဲ့ လီကွမ်ယုရဲ. People’s Action Party က တရားဝင် ရုံးသုံးဘာသာစကားကို Malay ကိုသာ အဲဒီတုန်းက သတ်မှတ်ထားခဲ့တယ်။ (သူတို. လွတ်လပ်ရေးရဖို. Malaya တို.က ပူးပေါင်းကူညီပေးခဲ့တာကို ဂုဏ်ပြုတဲ့ သဘောမျိုးနဲ.လို. ဆိုတယ်။ အခု နာမည်ကျော် NUS (National University of Singapore) ဆိုတာ အရင်တုန်းက University of Malaya လို. ခေါ်ခဲ့တာ၊ ၁၉၆၂ ရောက်မှ University of Singapore ဆိုပြီး ဖြစ်လာပြီး Malaya တို.ရဲ. လွှမ်းမိုးမှုကို တဖြည်းဖြည်းချင်း လျှော့ချခဲ့တယ်) စင်ကာပူနိုင်ငံ အဘက်ဘက်က တိုးတက်မှုမှာ Polytechnic Institute က အဓိကနေရာမှာ ပါဝင်ပြီး Professional Technicians တွေ မွေးထုတ်ပေးတယ်။ အဲဒီတုန်းက တက္ကသိုလ်ပညာရေး (Higher Education) ကို သင်ယူတာ တစ်နိုင်ငံလုံးမှာမှ ၁,၆၂၅ ယောက်ပဲ ရှိခဲ့တယ်တဲ့။

                         ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့တဲ့ တရုတ်တို.ရဲ. ကွန်မြူနစ်ဝါဒ၊ အိန္ဒိယရဲ. ပါလီမန် ဒီမိုကရေစီစနစ်၊ အင်ဒိုနီးရှားရဲ. Guided Democracy တို.တွေနဲ. ယှဉ်ပြိုင်နိုင်ဖို.အတွက် တစ်သီးပုဂ္ဂလ လွတ်လပ်မှုအပေါ် ကန်.သတ်ချက်တချို. ပြဌာန်းထားတဲ့ ပါလီမန် ဒီမိုကရေစီစနစ်မျိုးကိုသာ ကြိုးစားထိန်းခဲ့တယ်။ ၀န်ကြီးပြောတဲ့ မိန်.ခွန်းထဲမှာ မှတ်သားဖွယ် အကောင်းဆုံးကတော့ “We require more discipline of the masses without overstepping into totalitarianism. In short, we hope to change the social structure of Singapore through peaceful revolution – by legislation, by example, and by honest hard work.” ဆိုတာလေးပါပဲ။ ရှေ.မှာ Totalitarianism လို.ပြောပြီး နောက်မှာ Peaceful Revolution လို.ပြောတာကို ကြည့်ရင် အဲဒီတုန်းက “ဟော့” ဖြစ်နေတဲ့ ထင်တိုင်းကြဲ အာဏာရှင်ဝါဒနဲ. ကွန်မြူနစ်ဝါဒတို.ကို သာသာလေး `နှိပ်´ ထားသလိုပဲ။ ဘာသာပြန်ကြည့်ရရင်

                        `အကြွင်းမဲ့အာဏာရှင်စနစ်ထဲကို ဘောင်ကျော်၊ သွတ်သွင်းစရာမလိုဘဲ ပြည်သူလူထုဘက်က အလိုက်တသိ စည်းကမ်းထိန်းသိမ်းမှု ရှိတာမျိုးကို ကျွန်တော်တို.အနေနဲ. ပိုအလိုရှိပါတယ်။ အတိုချုံးပြောရရင် စင်ကာပူရဲ. လူမှုစနစ်တည်ဆောက်ပုံကို ဥပဒေတွေ သေချာချမှတ်ပြီး ရိုးရိုးသားသား ကြိုးစားဆောင်ရွက်ကြရင်း စံနမူနာပြ နေထိုင်ကာ ငြိမ်းချမ်းသာယာစွာ ပြုပြင်ပြောင်းလဲသွားနိုင်ဖို. ကျွန်တော်တို. မျှော်လင့်မိပါတယ်။ ´

ပါတီစနစ် ၄ မျိုး

အပေါ်မှာတုန်းက Dominant Party System လို. ရေးခဲ့မိလို. ကြုံတုန်း Party System ၄ မျိုးအကြောင်း မိတ်ဆက်သဘောမျိုး ပြောချင်ပါတယ်။

(၁) Single-party System ။ ။ အဲဒီစနစ်က ဒီမိုကရေစီနိုင်ငံတွေမှာ မရှိဘူး။ ဥပမာ - BSPP (ခေါ်) မဆလပါတီ၊ တရုတ်နဲ. ဗီယက်နမ်တို.က ကွန်မြူနစ်ပါတီ၊ ကျူးဘား၊ လာအို၊ မြောက်ကိုရီးယားတို.က လက်ဝဲယိမ်းတဲ့ ဆိုရှယ်လစ်/ကွန်မြူနစ်ပါတီတွေလိုမျိုး…..စသဖြင့်….။ အာဏာရှင် ဆန်တယ်။ အထက် --> အောက် တိုက်ရိုက်ပုံစံပဲ သွားတယ်။

(၂) Multi-party System ။ ။ ကမ္ဘာ.နိုင်ငံအများစုမှာ အဲဒီစနစ်ကျင့်သုံးပါတယ်။ ဥပမာ - ပြင်သစ်၊ အီတလီ၊ ဂျာမနီနဲ. UK မှာ Liberal Democrats, Conservative, Labour ဆိုပြီး ကွဲသလိုမျိုး….စသဖြင့်…..) ယှဉ်ပြိုင်မှုသဘော (Competitive) ဖြစ်တယ်။

(၃) Two-party System ။ ။ ဒီစနစ်က ရှင်းတယ်။ ကျင့်သုံးတဲ့ နိုင်ငံတော့ ရှားတယ်။ ဥပမာ - ဇင်ဘာဘွေ၊ ပါလက်စတိုင်း၊ အမေရိကန် (Democratic vs. Republican)….စသဖြင့်) သူလည်း Competitive ဖြစ်တယ်။

(၄) Dominant Party or One-party System (လူကြိုက်များ၊ သက်တော်ရှည်ပါတီ) ။ ။ Single-party System နဲ. ကွဲတဲ့အချက်က ဒီမိုကရေစီ ဆက်စပ်ရပ်ဝန်းတွေ (Democratic Contexts) မှာ Dominant Party စနစ် ဖြစ်နိုင်တယ်ဆိုတာနဲ. အာဏာရှင် မဆန်ဘူးဆိုတာပါပဲ။ ဥပမာ - အိန္ဒိယရဲ. Dominant Party ဖြစ်တဲ့ Indian National Congress ကို ဒီမိုကရေစီ တည်ငြိမ်မှု ဖော်ဆောင်နိုင်လို. ဆိုပြီး အိန္ဒိယလူမျိုးတွေက လိုလားစွာ မှတ်ယူထောက်ခံထားကြတာ တော်တော်ကြာပါပြီ။ စင်ကာပူကော ဘာထူးသေးလဲ။ ၂၀၀၆ ရွေးကောက်ပွဲတုန်းက PAP က ပါလီမန်အမတ် နေရာစုစုပေါင်း ၈၄ မှာ ၈၂ နေရာတောင် အနိုင်ရခဲ့တယ်ဆိုပဲ။ သဘောက အစိုးရ Active ဖြစ်နေသရွေ. (တိုင်းပြည်နဲ. လူမျိုး အကျိုးစီးပွားကို တကယ်ဆောင်ရွက်နေသရွေ.) လူထုက Passive ဖြစ်ပြီး နှပ်နေရုံ၊ ထောက်ခံနေလိုက်ရုံပါပဲ။ အကယ်၍ အစိုးရက Active မဖြစ်ဘူးဆိုရင်တော့ …………………။

ပါလီမန်စနစ် (Parliamentary System) 


                            ပါလီမန်စနစ်မှာ Head of Government (Prime Minister) နဲ. Head of State (Figurehead/Hereditary Monarch/Constitutional Monarch) တို.အကြောင်း။ (Head of State = နိုင်ငံတော် အကြီးအကဲ // Head of Government = အစိုးရ အကြီးအကဲ) Figurehead ဆိုတာ လုပ်ပိုင်ခွင့်မရှိတဲ့ အဆောင်ယောင် ဟန်ပြခေါင်းဆောင် (Ceremonial Symbol သဘောမျိုး)။ အိန္ဒိယရဲ. Figurehead က သမ္မတ၊ UK မှာဆို ဘုရင်မ၊ ဂျပန်၊ ထိုင်းနဲ. စပိန်တို.မှာဆို Figurehead က ဘုရင် စသဖြင့်။ Head of Government ဖြစ်တဲ့ ၀န်ကြီးချုပ်ကသာ တကယ်လုပ်ရတဲ့ ခေါင်းဆောင်။ Parliamentary System မှာမှ လွှတ်တော်တစ်ရပ် (Unicameral System) ရှိတဲ့ နိုင်ငံတွေ (စင်ကာပူ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်……) ရှိသလို လွှတ်တော် နှစ်ရပ် --> (Two Houses) --> (အထက်လွှတ်တော် + အောက်လွှတ်တော်) --> (Upper Chamber + Lower Chamber) --> (Bicameral System) ရှိတဲ့ အိန္ဒိယ၊ ဂျပန်၊ UK …………စသဖြင့် ရှိပါတယ်။ အုပ်ချုပ်ရေးကိုင်းခွဲ (Executive Branch) ကို ၀န်ကြီးချုပ် ဦးဆောင်တဲ့ Cabinet (၀န်ကြီးများအဖွဲ.) တို.က ဦးစီးပြီး ဥပဒေပြုအဖွဲ. (Legislature) ကို တိုက်ရိုက်တာဝန်ခံ လိုက်နာရသလို Legislature ကလည်း နောက်ကွယ်ကနေ စောင့်ကြည့်နေပါတယ်။ (Legislature ကို Parliament (သို.) Diet (သို.) Chamber စသဖြင့် ခေါ်ကြတယ်။ ပါလီမန်စနစ်မှာ ပုံမှန်အားဖြင့် Legislature ကို ၀န်ကြီးချုပ်က ဖြစ်စေ၊ Cabinet က ဖြစ်စေ၊ (၀န်ကြီးချုပ် + Cabinet) က ဖြစ်စေ တရားဝင် ဖျက်သိမ်းပိုင်ခွင့်ရှိတယ်။ ဓနသဟာယနိုင်ငံတွေ (UK, Canada, Australia, New Zealand) မှာတော့ ပါလီမန်စနစ်ကို Westminster System လို.ခေါ်ကြတယ်။ လန်ဒန်က Houses of Parliament ကို Palace of Westminster လို.လည်း တင်စားခေါ်ဝေါ်ကြတယ်။ အခန်းကဏ္ဍတွေ၊ လုပ်ဆောင်ပုံတွေကတော့ နိုင်ငံအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်။



သမ္မတစနစ် (Presidential System)


                           သမ္မတစနစ်မှာ Head of State နဲ. Head of Government က သမ္မတ တစ်ယောက်တည်းပဲ။ ရှင်းတယ်။ အဓိက အခြေခံထားတာက Legislative နဲ. Executive ကို ခြားနားရေးပါပဲ။ Separation of Powers အရ ဥပဒေတွေကို Legislative Power က ပြဌာန်းပေမယ့် သမ္မတ မှာ Veto ရှိတယ်။ ဒါပေမဲ့ Legislative ရဲ. Supermajority (ပေါင်းစည်းစွမ်းအားအများစု) က အဲဒီ သမ္မတ Veto ကို ဖယ်ရှားနိုင်တယ်။ သမ္မတနဲ. ဥပဒေပြုအဖွဲ. (Legislature) ကြားမှာ Checks and Balances System နဲ. ပါဝါ သုံးသပ်ချိန်ဆမှုတွေ ပြုလုပ်ကြတယ်။ ဥပဒေတွေ ပြဌာန်းတဲ့အခါ သမ္မတမှာ အထူးခံစားခွင့်အာဏာတွေ ရှိတယ်။ ဥပဒေမူကြမ်းတွေကို Veto သုံးပြီး ပယ်ချနိုင်တယ်။ သမ္မတမှာ သက်တမ်းရှိသလို (၄ နှစ် (သို.) ၅ နှစ်) Legislature မှာလည်း သက်တမ်းရှိတယ်။ သက်တမ်းစေ့မှ Legislature ကို ဖျက်သိမ်းပိုင်ခွင့် ရှိတယ်။ Legislature ကို ဂရုစိုက်စရာမလိုဘဲ ၀န်ကြီးအဖွဲ.၀င်ကို သမ္မတက စိတ်ကြိုက်ရွေးချယ်နိုင်တယ်။ သံအမတ် (Ambassador) ကိုလည်း Head of State အဖြစ် သမ္မတမှာ သတ်မှတ်ပိုင်ခွင့်အာဏာ ရှိတယ်။ နိုင်ငံခြားရေးမူဝါဒ (Foreign Policy) ကို စိတ်ကြိုက်ဆောင်ရွက်နိုင်ရန် အာဏာ ပေးအပ်ခံထားရခြင်း သဘောမျိုး။ သမ္မတမှာ ဖွဲ.စည်းပုံဆိုင်ရာ အာဏာ (Constitutional Authority) ရှိတယ်။ သမ္မတကို စစ်သေနာပတိ (Commander-in-chief) ဆိုတဲ့ Constitutional Title ကို မည်ကာမတ္တ သဘောမျိုး ပေးအပ်ထားပြီးသားလည်းဖြစ်တယ်။


ကပြား စနစ် (သို.) သမ္မတ တစ်ပိုင်း၊ ပါလီမန်တစ်ပိုင်း စနစ် (Semi-presidential System/ Hybrid System)


                          ပြင်သစ်လို Semi-presidential system ကျင့်သုံးတဲ့ နိုင်ငံမျိုးလည်း ရှိတယ်။ အဲဒီစနစ်က ပြင်သစ်မှာ စပေါ်ပြီး “a régime semi-présidentiel” ဆိုတဲ့ ပြင်သစ်စကားက ဆင်းသက်လာတယ်။ Semi-presidential System မှာ ၀န်ကြီးအဖွဲ.က Legislature ကို တာဝန်ခံ လိုက်နာစရာ မလိုဘူး။ သမ္မတက စိတ်ကြိုက် ၀န်ကြီး ရွေးနိုင်တယ်။ Head of State က အဆောင်ယောင် Figurehead မျိုးမဟုတ်ဘဲ အများဆန္ဒနဲ. ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရတာမျိုး။ သမ္မတရော၊ ၀န်ကြီးချုပ်ရော (ဟန်ပြသက်သက် Symbol မဟုတ်ဘဲ) တက်ကြွလှုပ်ရှားအုပ်ချုပ်ကြတယ်။ (ဥပမာ - ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ Finland၊ ဇင်ဘာဘွေ၊ သီရိလင်္ကာ စသဖြင့်….သမ္မတရော ၀န်ကြီးချုပ်ရော တက်ကြွစွာ အုပ်ချုပ်တယ်) ပါလီမန် ရှိပေမယ့် ပါလီမန် အလုပ်ကို လျှော့ချတယ်။ ပါလီမန်က ဥပဒေပြဌာန်းပိုင်ခွင့် သိပ်မရဘူး။ အစိုးရအဖွဲ.ကသာ အဓိကကျတယ်။ သမ္မတနဲ. ၀န်ကြီးချုပ်ကြားမှာ Division of powers ရှိတယ်။ ဥပမာအလွယ်ပေးရရင် သမ္မတက Foreign Affairs (ပြည်ပရေးရာ) ကိုင်ရင် ၀န်ကြီးချုပ်က Domestic Affairs (ပြည်တွင်းရေး) ကိုင်တယ်။ သမ္မတနဲ. ၀န်ကြီးချုပ်ကြား အာဏာခွဲဝေမှု မရှင်းခဲ့ရင်သော်လည်းကောင်း၊ ဖွဲ.စည်းပုံအခြေခံဥပဒေနဲ. တိုက်စစ်ကြည့်လို. မရှင်းလင်းရင်သော်လည်းကောင်း နိုင်ငံရေးညီလာခံ ကျင်းပပြီး အဖြေရှာကြရတယ်။ တချို.နိုင်ငံတွေကတော့ Constitution ထဲမှာ Division of Powers ကို ရှင်းရှင်းလင်းလင်း တွေ.ရတတ်တယ်။ ၀န်ကြီးများအဖွဲ. (Cabinet) က သမ္မတရော ၀န်ကြီးချုပ်နဲ.ရော အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ရတယ်။ သမ္မတနဲ. ၀န်ကြီးချုပ်ကြား နိုင်ငံရေးခံယူချက် မတိုက်ဆိုင်တဲ့အခါမျိုး ရှိနိုင်တယ်။ အဲဒီအခါ “Cohabitation” လို.ခေါ်တဲ့ လက်မထပ်ဘဲ Living-together နေတာမျိုးကို ကျင့်ကြံကြရတာပေါ့။ ဥပမာ - ၁၉၈၆ က ပြင်သစ်မှာ သမ္မတက လက်ဝဲ၀ါဒီ (Leftist) ၊ Legislative Election (ဥပဒေပြုရွေးကောက်ပွဲ) မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ၀န်ကြီးချုပ်က လက်ယာဝါဒီ (Rightist) ။ အဲဒီတော့ သမ္မတမှာ မချစ်သော်လည်း အောင့်ကာ မနမ်းချင်ရင်တောင်မှ Living-together နေကို နေရတဲ့ အခြေအနေမျိုးကို ရောက်သွားရောပေါ့ ။ (အဲဒီ Semi-presidential system ကိုရော၊ Cohabitation ကိုရော ကျွန်တော် သေချာနားမလည်သေးပါ။ မချစ်ပါဘူးဆိုမှ ဘယ်သူက အတူနေချင်ပါ့မလဲကွယ်) Secularism, Leftist, Rightist ဆိုတဲ့ စကားလုံးတွေဟာ ၁၇၈၉ က အခွင့်ထူးခံလူတန်းစားတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ကမ္ဘာကျော် ပြင်သစ်တော်လှန်ရေး (French Revolution) အပြီးမှာ တီထွင်၊ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။ အပေါ်ယံအားဖြင့် လက်ဝဲယိမ်းနိုင်ငံရေး (Left-wing Politics)ဆိုတာ ဆိုရှယ်လစ်ဝါဒ (Socialism), မင်းမဲ့ဝါဒ (Anarchism) တို.ကို ကိုယ်စားပြုပြီး လက်ယိမ်းနိုင်ငံရေး (Right-wing Politics) ဆိုတာ အရင်းရှင်ဝါဒ (Capitalism)၊ Conservative ၊ Liberal Democracy ၊ ဈေးကွက်စီးပွားရေး (Market Economy) တို.ကို ရည်ညွှန်းပါတယ်။

                               ယေဘုယျအားဖြင့် သမ္မတစနစ်မှာ နိုင်ငံရေးအယူအဆ ကွဲလွဲတဲ့ ပါတီ ရှားတတ်တယ်။ [ဥပမာ - အမေရိကန် (Democratic Vs. Republican) Two-party System] ပါလီမန်စနစ်မှာတော့ Ideology ကွဲလွဲတဲ့ ပါတီ များတတ်တယ်။ [ဥပမာ - UK၊ Multi-party System] Semi-presidential System ကတော့ သမ္မတ ပါတီနဲ. ၀န်ကြီးချုပ် ပါတီကြား မူဝါဒကွဲတာ အမျိုးမျိုး ရှိနိုင်ပါတယ်။

                               အခုရေးခဲ့တာတွေဟာ အကြမ်းဖျင်း ပင်မကြောရိုး စမ်းပြရုံလောက်မျှသာ ဖြစ်လို. ပုံသေကားချပ် အတိအကျ မမှတ်ယူစေလိုပါ။ Semi-presidential System မဟုတ်ဘဲ သမ္မတစနစ်ထဲ အကျုံးဝင်ပေမယ့် ၀န်ကြီးချုပ်လည်း ရှိနေတဲ့ တောင်ကိုရီးယားနဲ. သီရိလင်္ကာတို.လို ခြွင်းချက်နိုင်ငံတွေလည်း ရှိနေပါတယ်။ သမ္မတစနစ်ဆိုပေမယ့် တောင်အာဖရိကနိုင်ငံရဲ. တကယ့် အစိုးရစနစ်ကို အတိအကျအားဖြင့် Mixed Republican System လို.ခေါ်ပါတယ်တဲ့။ အသေးစိတ် အတိအကျ မှန်မှန်ကန်ကန် ကျယ်ကျယ်ပြန်.ပြန်. သိနိုင်ဖို.အတွက် အများကြီးကို လေ့လာရပါဦးမယ်။



ဒီမိုကရေစီနဲ. စပ်လျဉ်းမှု ရှိ၊ မရှိ


                        အပေါ်ကဟာတွေကို ဖတ်ပြီး ဒီမိုကရေစီနဲ. ဘာမှ မဆိုင်ဘူးလို. မထင်လိုက်ပါနဲ.။ ဒီမိုကရေစီနိုင်ငံတွေ ဆိုပေမယ့် အစိုးရဖွဲ.စည်းအုပ်ချုပ်ပုံအမျိုးမျိုး ကွဲနေနိုင်သေးတယ် ဆိုတဲ့ အချက်ကိုသာ အဓိက ရည်ညွှန်းလိုရင်းပါ။ အုပ်ချုပ်ပုံ၊ ဖွဲ.စည်းပုံ ကွဲတဲ့အတွက် နိုင်ငံသားရပိုင်ခွင့်မှာ ကွဲနိုင်သလို လူ.အခွင့်အရေး ကန်.သတ်မှုမှာလည်း အမျိုးမျိုး ကွဲထွက်ကုန်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီစနစ်ဆိုတာကြီးမှာလည်း ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ ၀ိရောဓိတွေနဲ. ရင်ဆိုင်ကြုံတွေ.လာခဲ့ရပါပြီ။ ဒီမိုကရေစီ အကြောင်း တစ်ကျော့ပြန် ရောက်ရှိလာပြန်ပါပြီ။



၃းဝ ။ ။ မဲဆန္ဒ ပြဿနာ၊ ၀ိရောဓိ အသွင် ၃ မျိုး၊ လူ.အခွင့်အရေး ကန်.သတ်ချက်တချို.နှင့် ကျင့်ဝတ်




၃း၁ ။ ။ ဒီမိုကရေစီနှင့် မဲဆန္ဒ ပြဿနာ




                             ဆိုကြပါစို.။ တစ်နိုင်ငံလုံးမှာ မဲပေးနိုင်တဲ့ လူဦးရေ ၁၀၀ % မှာ ၅၀ % က မဲ မပေးဘဲ နေရင် ဘယ်လိုလုပ်မလဲ။ ကျန်တဲ့ မဲပေးမယ့်လူ ၅၀ % မှာမှ လူကြိုက်များ ပါတီ ၂ ခု က အသာရအောင် လုကြရမယ်။ ပါတီ A က တစ်နိုင်ငံလုံးရဲ. မဲဆန္ဒရှင် စုစုပေါင်း ၁၀၀ % မှာ ၂၆ % ရပြီး ၂၄ % ပဲရတဲ့ ပါတီ B ကို ရွေးကောက်ပွဲမှာ အနိုင်ရသွားတယ်ဆိုပါစို.။ ဒီမိုကရေစီ ဟုတ်ပါ့ဦးမလား။ စဉ်းစားစရာ ဖြစ်လာပြီ။ Majority Rule သဘောကို မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ အမေရိကန်နဲ. ဗြိတိန်နိုင်ငံတို.မှာ အဲလို ဖြစ်ရပ်လေးတွေ ရှိခဲ့ဖူးတယ်။

                           အဲဒီ အနိုင်ရတဲ့ ပါတီ A ကို မဲဆန္ဒရှင် စုစုပေါင်းရဲ. ၇၄ % ကြီးများတောင် မဲ မပေးဘဲ နေခဲ့ကြတာဆိုတော့ ဒီမိုကရေစီ နားစေး၊ ချောင်းဆိုး ကင်းပါဦးမလား။ ကိုယ့်ဘက်မှာ ပရိသတ်နည်းနေမှတော့ အဲဒီ ရွေးကောက်ခံရတဲ့ ပုဂ္ဂိုလ်က ပြည်သူလူထုတစ်ရပ်လုံး (၁၀၀ %) ကို ကိုယ်စားပြုနိုင်ပါဦးမလား။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ အဲလိုကိစ္စတွေက စိုးရိမ်ပူပန်မှုကို ဖြစ်စေတာတော့ အမှန်ပဲ။ အဲလိုတွေ မဖြစ်ရလေအောင် တချို.နိုင်ငံတွေမှာတော့ `မဲ မပေး၊ မနေရ´ ဥပဒေ ပြဌာန်းထားတယ်။ (ဥပမာ - ဟော်လန်) တချို.ကျတော့ မဟာမိတ်ဖွဲ.ပြီး ပြတ်ပြတ်သားသား အနိုင်ရဖို. ကြိုးစားကြတယ်။ (မဟာမိတ်အချင်းချင်း စည်းလုံး ခိုင်မာ တည်မြဲဖို.တော့ လိုမယ်) ပယ်မဲကို အားပေးတဲ့ တိုင်းပြည်တော့ မကြားဖူးသေးဘူး။

                           ဘာလို. မဲပေးသူ အရေအတွက်နည်းရသလဲ။ အကြောင်းအရင်း ၄ မျိုး ရှိနိုင်ပါတယ်။

(၁) မဲ ပေးဖို. စိတ်မ၀င်စားခြင်း (Voter Apathy)
(၂) မဲ ပေးခွင့် မရရှိခြင်း (Disfranchisement)
(၃) လူထု ကိုယ်စားမပြုတဲ့ ပါတီများ (Parties not representing people)
(၄) မဲ ပေးရာတွင် ခြိမ်းခြောက်ခံရခြင်း (Voter Intimidation)




                         မဲ ပေးဖို. စိတ်မ၀င်စားသူတွေ၊ မဲ မပေးလိုသူတွေကို တာဝန်မဲ့သူတွေ၊ မျိုးချစ်စိတ်မဲ့သူတွေလို. ဝေဖန် အပြစ်တင်လေ့ရှိကြတယ်။ (သူများနိုင်ငံတွေမှာပေါ့) လူ.အခွင့်အရေးများနဲ.အတူ တာဝန်သိတတ်မှု ရှိခြင်း (အသိနှင့် ယှဉ်သည့် လွတ်လပ်မှုမျိုး) ကို သူတို. အနောက်ဘက်မှာ တန်ဖိုးထားကြတယ်။ “With rights come responsibilities.” လို. ဆိုတယ်။ အဲဒီစကား မှန်ပေမယ့် မဲပေးခြင်းဆိုတာကိုက တစ်ခုတည်းသော အဓိကအကျဆုံး တာဝန်တစ်ရပ်မျိုးတော့ မဟုတ်သေးချေ။

                         ဆိုလိုတာ မဲ မပေးခင် သိသင့် သိထိုက်သော ဗဟုသုတများကိုလည်း ရင်းနှီးကျွမ်းဝင်ထားပါမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အထင်ကရ ကမ္ဘာ.နိုင်ငံကြီးတွေမှာတောင် အနိုင်ရ ပါတီတွေဟာ တစ်ခုနဲ. တစ်ခု သိပ်မကွာခြားလှဘဲ မဲပေးသူတို.အပေါ် အာမခံချက်တွေ၊ ကတိတွေ ထွေထွေထူးထူး ပေးနိုင်တာမျိုး၊ တည်နိုင်တာမျိုး မတွေ.ရသလောက်ပဲ။ အဲဒီတော့ မဲ မပေးဘဲ နေတာ (သို.) မဲ ပေးဖို. စိတ်မ၀င်စားတာဟာ ယုတ္တိ ရှိပြီးရင်း ရှိလာပြီ။ မဲ မပေးဘဲ နေတာကိုက အသိဥာဏ်ရှိတဲ့ ဆုံးဖြတ်ချက် (Informed Decision) လိုမျိုးတောင် ဖြစ်လာပြီလို. ယူဆရမယ်။ မီဒီယာဘက်က ပံ့ပိုးမှု အားနည်းတာ၊ စာနယ်ဇင်း အသုံးမကျတာတွေကြောင့်လည်း မဲ မပေးဖြစ်စေဖို. အကြောင်းတရားတွေ ဖြစ်နိုင်တယ်။ ပါတီတွေကိုကလည်း ပြည်သူလူထုဘက်က ရွေးချယ်စရာ နည်းအောင် တမင် ဖန်တီးနေကြတာမျိုးလည်း ဖြစ်နိုင်တယ်။

                          တချို.နိုင်ငံတွေမှာကျတော့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကြောင့် မဲ ပေးဖို. ခက်ခဲကြရတာမျိုးတွေ ရှိတယ်။ ဥပမာ - တပ်မတော်အလိုကျ ပါတီကလွဲလို. တခြားပါတီ မဲပေးရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် စသဖြင့် အဟန်.အတား လုပ်တတ်တာလေးတွေ ရှိတယ်။ ဇင်ဘာဘွေလို နိုင်ငံမျိုးပေါ့။ အာဏာရှင် မူဂါဘီကို ထောက်ခံတဲ့ စစ်တပ်ရဲ. ဆိုးရွားလာတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အသာရနေတဲ့ အတိုက်အခံ Movement for Democratic Change (MDC) ပါတီကတောင် ရွေးကောက်ပွဲက နုတ်ထွက်ဖို. ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါတောင် အာဏာရှင် မူဂါဘီက အဓိပ္ပာယ် မရှိ၊ ဘယ်သူမှ မရှိတော့တဲ့ အဲဒီ ရွေးကောက်ပွဲ ဆက်လုပ်/ ဆက်ဝင်ပြိုင်ပြီး တစ်ဦးတည်း ပြိုင်ကာ အနိုင်ရသွားတာကို အရှက်မရှိ အောင်ပွဲခံနေသေးတယ်။

                           နိုင်ငံရေး (Politics) ဆိုတာ နိုင်ငံရေးသမား (Politicians) တွေလက်ထဲမှာသာ ထားထားလို.မရအောင်ကို အရေးကြီးတယ်လို. ယုံကြည်ပါတယ်။ နိုးကြားတက်ကြွတဲ့ အသိအမြင်များသူ နိုင်ငံသားတွေ ဖြစ်လာအောင် အားလုံး ကြိုးပမ်းကြသင့်ပါတယ်။

အဆင်ပြေနိုင်ကြပါစေ။
ခွန်းချို

No comments:

Post a Comment