Wednesday, December 8, 2010

ခေတ်ပေါ်ဇာတိမဲ့လူသားနှင့် မြန်မာ့လူ.အဖွဲ.အစည်းလမ်းစဉ်သစ်

အခုအိုင်တီခေတ်ကြီးရဲ. ယဉ်ကျေးမှုဝိသေသစံနှုန်းကတော့ ကမ္ဘာကြီးဟာ ရွာဆန်လာတယ် (Global Village) ပဲ ဖြစ်ပါတယ်။ ဗဟုသုတနဲ. သတင်းအချက်အလက်တွေ အုံကြွ ယိုစီးမှုကို ဘယ်သူ/ဘယ်အရာကမှ ထိန်းချုပ်ကန်.သတ်မထားနိုင်တော့ဘူး။ မတူညီတဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာစကားတွေ ကူးလူး ဆက်ဆံ ထိတွေ.ရာကနေ ကောင်းနိုးရာရာ ရွေးချယ်လက်ခံတဲ့ ညွန်.ပေါင်းယဉ်ကျေးမှု (Diversity of Cultures) ဆီ ဦးတည်လာတယ်။ Multiculturalism လို.လည်း ခေါ်ကြတယ်။ စံ (Criterion) ကတော့ Globalism ဖြစ်ပါတယ်။

အရင်းရှင်/ဒီမိုကရေစီစနစ်ရဲ. လူ.အဓိပ္ပာယ်က ကိုယ့်ကြမ္မာ ကိုယ်စိတ်ကြိုက်ဖန်တီးပိုင်ခွင့်ရှိတဲ့ တစ်ကိုယ်ရည်ဘ၀ (Individualistic) ဖြစ်ပြီး ကွန်မြူနစ်/ဆိုရှယ်လစ်စနစ်တို.ရဲ. လူ.အဓိပ္ပာယ်က စုပေါင်း မျှဝေ ခံစား ဘ၀ (Collective) ဖြစ်တယ်လို. ပညာရှင်တွေ ဆိုကြတယ်။ Globalization ကြောင့် ဖြစ်လာတဲ့ Multiculturalism ကနေ ပေါ်ထွက်လာတဲ့ တတိယလူ.အဓိပ္ပာယ်မှာ Counter-culture ဆန်ပြီး National Identity မရှိတဲ့ လူ (သို.) ဇာတိမဲ့လူသား (Rootless Man) ဖြစ်လိမ့်မယ်လို. ဆိုကြတယ်။

နယူးယောက်ရှိ Hudson Institute မှ ညွှန်ကြားရေးမှူး (Herman Kahn) က ပြဿနာတွေ ရှိနေမည်ဖြစ်ပြီး ပြဿနာတွေထဲမှာ နေထိုင်တတ်ခြင်းမှာ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းတစ်မျိုးလို. ဆိုပါတယ်။ ရေဆူအမှတ် (Boiling Point) ထဲမှာတောင် အသက်ရှင် နေထိုင် မျိုးပွားနိုင်တဲ့ ပိုးမွှားတွေ ရှိခဲ့ဖူးတယ်လေ။ ဟာမင်ခန်ရဲ.အဆိုအရ အနာဂတ်နဲ. ပတ်သက်ပြီး တကယ့်ပြဿနာမှာ အဓိပ္ပာယ်ဆိုင်ရာ ပြဿနာနဲ. ရည်ရွယ်ချက်ဆိုင်ရာ ပြဿနာတို. ဖြစ်တယ်လို. ရေးထားခဲ့တယ်။ လူသားအားလုံး လိုလားတောင့်တတဲ့ လူ.ဘောင် အဖွဲ.အစည်းတစ်ခုကို ရှေးရှုဖို.ရာ အလွယ်ကူဆုံး လမ်းစဉ်မှာ (နိုင်ငံရေး၊ စစ်ရေးကိစ္စ၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို. တစ်ခုမှ မဟုတ်ဘဲ) ဘာသာရေးလမ်းစဉ်ပဲ ဖြစ်တယ်လို.လည်း သူက ဆိုပါတယ်။ (တိကျ မှန်ကန် ယုတ္တိရှိပြီး ဆင်ခြင်နည်း အကျိုးအကြောင်း ဆီလျော်တဲ့၊ ငြိမ်းချမ်း မျှတ ခိုင်မာ လေးနက်တဲ့ ဘာသာရေးမျိုး ဖြစ်ဖို.တော့ လိုမယ် ထင်ပါရဲ.)

ချားစ်ဒါဝင်ရဲ. Evolution Theory အရ လူသားအားလုံးဟာ သဘာဝတရားကြီးရဲ. အဆင့်ဆင့် ရွေးချယ်မှု (Natural Selections) တွေကို ခံကြရပါတယ်။ အဲဒီ ရွေးချယ်မှုတွေကို ကျော်လွှားနိုင်ဖို.အတွက် မိမိရဲ. ဆက်စပ်ပတ်ဝန်းကျင်နဲ. လိုက်လျောညီထွေ အဆင်ပြေအောင် နေထိုင်ကြရပါတယ်။ ဒါမှသာ Survival of the fittest ဖြစ်မှာပါ။ Fittest ဆိုတဲ့ နေရာမှာ အရင်က ခွန်အားဗလကြီးသူ/ နည်းပညာ၊ အသိဥာဏ်၊ ဗဟုသုတ နှံ.စပ် ကျွမ်းကျင်သူ တို. ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်လို သတ်မှတ်ချက်တွေ၊ အဓိပ္ပာယ် ရွေ.လျားပြောင်းလဲမှုတွေ ရှုပ်ထွေးတဲ့ (Age of Uncertainty) ခေတ်ကြီးမှာတော့ ကိုယ်နေထိုင်တဲ့ ဆက်စပ်ဝန်းကျင်မှာ ပြေလည်ကိုက်ညီအောင် နေနိုင်သူမှန်သမျှကို Fittest လို. သတ်မှတ်ချင်ပါတယ်။

နိဂုံးချုပ်ပြောချင်တာကတော့ အခုခေတ်မှာ အဝေးရောက် မြန်မာလူမျိုးတို.ဟာ (အလုပ်အရေး၊ ပညာအရေး၊ မိသားစုအရေး၊ တိုင်းပြည်အရေး၊ ကိုယ့်ဘ၀အရေး…..စသဖြင့်) အရာရာမှာ ပိုကောင်း/ ပိုသင့်တော်တဲ့ တန်ဖိုးအသစ်၊ စံနှုန်းအသစ်၊ ရည်မှန်းချက်အသစ်၊ အဓိပ္ပာယ်အသစ်တွေကို လိုလားပြီးရင်း လိုလား၊ ရှာဖွေပြီးရင်း ရှာဖွေနေကြပါပြီ/ တချို. ရှာဖွေကြပြီးပါပြီ။ ဒါကို အပြစ်တင်လို. မရသလို အပေါ်မှာ ပြောခဲ့သလို Survival of the Fittest လည်း ဖြစ်နေပါတယ်။ (ဦးသန်.ကတော့ ဘယ်နေရာပဲ ရောက်နေနေ မြန်မာလူမျိုးအနေနဲ.ပဲ ခံယူရမယ်လို. ပြောခဲ့ဖူးပါတယ်။ အခုချိန်ထိ သူ ဆက်ရှိနေသေးမယ်ဆိုရင် ဒီလို ပြောနိုင်ပါ့ဦးမလားဆိုတာ စဉ်းစားစရာပဲ) တကယ်တမ်းတော့ ဘယ်လိုပဲဖြစ်ဖြစ် လူသားတစ်ယောက်ရဲ. ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ အဓိပ္ပာယ်ပြဌာန်းချက်၊ ဘ၀ကို နေထိုင် တွေးခေါ်ဖြတ်သန်းမှုပုံစံ…….အားလုံးဟာ သူ.ရဲ.ဆက်စပ်ဝန်းကျင်မှာ ရှိတဲ့ လူ.အဖွဲ.အစည်းရဲ. လက်အောက်ခံမျှသာ ဖြစ်ရပါလိမ့်မယ်။ နောက်ဆုံးမှာ အဲဒီ ဆက်စပ်လူ.အဖွဲ.အစည်းရဲ. အဓိက ရည်မှန်း မျှော်လင့်ချက်တွေကို ပံ့ပိုးဖြည့်ဆည်းပေးရတဲ့ လူသားအဖြစ်နဲ.သာ အစစ်အမှန်တည်ရှိသွားရခြင်းမျိုးလည်း ဖြစ်ပါတော့တယ်။




(နိုင်ငံခြားသား ဖြစ်တော့မည့် မြန်မာလူမျိုးများသို.)



ခွန်းချို
စက်၊ ၂၀၁၀။

No comments:

Post a Comment