Wednesday, October 27, 2010

ခဗျား.... ကျနော်နဲ့တွေ့မယ်

လောကကြီး.......
ခဗျားကို ကျနောတစ်ယောက်ထဲ ထွက်ကြည့်တဲ့အခါ
ခဗျားဟာ တိမ်းစောင်းလို့ဗျာ
ခဗျားဟာ ပုံစံအမျိုးမျိုးပြောင်းလို့
ပြီးတော့ ခဗျား လွှမ်းခြုံထားတဲ့ပုဝါပါးလေးတစ်ချပ်နဲ့လည်း
လူတကာကို မျက်လှည့်ပြလို့မဆုံးတော့
ခဗျားဟာ တခါတလေ ဆံပင်ရှည်ကြီးတရမ်းရမ်းနဲ့လည်း လူမိုက်လုပ်သေးတယ်
တခါတလေ စစ်သားကေတိုတိုထောင်ထောင်လေးနဲ့လည်း အနစ်နာခံချင်ဟန်ဆောင်သေးတယ်
တခါတလေ ဘာမသိညာမသိနဲ့ ခဗျားအမြှီးကုပ်ချင်ကုပ်နေသေးတယ်
ခဗျား လုပ်ပုံတွေကောင်းသေးလားဗျာ? ကောင်းသေးရဲ့လား?
ခဗျား ကိုမမြင်စေချင်တာနဲ့ပဲ
တခါတခါလူတွေကို ဝေဝါးအောင်လုပ်ထားတတ်သေးတယ်
ခဗျား ကိုမကြားစေချင်တာနဲ့ပဲ
ခဗျား ပါးစပ်ပြဲကြီးနဲ့ရှောက်ရှောက်အော်နေတော့တယ်
ခဗျားကိုခဗျားတော့ဟုတ်လှပြီပေါ့လေ
ကျန်တာတွေကို မဟုတ်အောင်ခဗျားလှည့်စားထားနိုင်သရွေ့ကတော့
ခဗျားအဆင်ပြေနေအုံးမှာပဲ
ခဗျား သွားကျိုးချင်ဟန်ဆောင်မနေပါနဲ့
ခါးကိုင်းချင်ယောင်လည်း ဆောင်မနေပါနဲ့တော့
ခဗျား လုပ်ခဲ့တာတွေအတွက်တရားသူကြီးတောင်မလိုဘူး
ခဗျားနဲ့ ကျနောနဲ့ တွေ့မယ်
ကျနော် ဝါးလုံးခေါင်းထဲကထွက်လာနိုင်တဲ့တနေ့
ခဗျားနဲ့ကျနောနဲ့ တွေ့ကြပြီသာမှတ်
ခဗျားကို ကျနော............................
ခဗျား...................................
ခ...................................
..............................
အဲလိုနဲ့ပဲ ကျနော်ဟာလူအုပ်တွေကြားထဲ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားပါတော့တယ်။
                                                                                                                                             Metalman

No comments:

Post a Comment