Wednesday, October 27, 2010

မိုးလိုက်လို့ရွာ.

နိုးတစ်ဝက် မက်တစ်ဝက်
ညအိမ်မက် အပြတ်ပြတ်တွေထဲ
ငါသာ မင်းသား
ငါသာလျှင် ဆင်းရဲသားဖြစ်ရဲ့

နေ့နဲ့ညကြား
စုန်ဆန်သွားပါများလည်း
ဒူးနဲ့မျက်ရည်က သုတ်ခဲ့ရဆဲ
နဖူးကချွေးတွေလည်း မြေခခဲ့ရဆဲ

တစ်ပူပေါ်တစ်မိုး ထပ်လို့ဆင့်
ဝေဒနာတွေသာ ရင့်သထက်ရင့်လို့
မျက်နှာဖုံး တစ်ခုကိုတပ်
ပြုံးသယောင်နဲ့လည်း ငါဟာ အသက်မဲ့ခဲ့ရပေါ့

ဒီအမှောင်တန်းတွေသာ ဖြာဆင်း
အလင်းဘယ်တော့ ရောက်လိမ့်နိုးနိုးနဲ့
မှိတ်တစ်ဝက်လက်တစ်ဝက် သန်းခေါင်ယံအောက်က
ဟိုတစ်ကွက်ဒီတစ်ကွက်ရွာတဲ့ မိုးတွေထဲသာ
ဒါဏ်ရာတွေကိုဖြန့်ခင်း
ဒါနောက်ဆုံးသီချင်းလို့တမ်းရင်း
ရင်နာနာနဲ့ မိုးခိုခဲ့ရပေါ့။

                                                                    Metalman

No comments:

Post a Comment