Showing posts with label News. Show all posts
Showing posts with label News. Show all posts

Wednesday, December 8, 2010

AFC U-16 Women Championship 2011 Qualifiers ပြိုင်ပွဲ မြန်မာအသင်း ဗီယက်နမ်ကို ထပ်မံအနိုင်ရ

ထိုင်းနိုင်ငံတွင်သွားရောက်ယှဉ်ပြိုင်နေသော AFC  U-16 Women Championship 2011  ခြေစစ် ပွဲစဉ်တွင်   ဒီဇင်ဘာ ၇ ရက်နေ့က  မြန်မာ  အမျိုးသမီးU-16အသင်းက ဗီယက်နမ် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။မြန်မာ အမျိုးသမီး U-16 အသင်းအတွက် ဂိုးများကို မေသူကျော် က ၅၃  မိနစ်နှင့် ၆၃ မိနစ်တွင် နှစ်ဂိုး၊ အေးအေးမိုးက ၆၇ မိနစ်တွင်  အလွတ်တည်ကန်ဘောမှ တစ်ဂိုးသွင်းယူခဲ့ပါသည်။  မြန်မာအမျိုးသမီး U-16  အသင်းသည် ဒီဇင်ဘာ ၃ ရက်နေ့ က တရုတ်တိုင်ပေအသင်းကို လည်း ၃ ဂိုး ဂိုးမရှိဖြင့် အနီုင်ရရှိထားသဖြင့် မြန်မာအမျိုးသမီးအသင်းသည် ဇယားထိပ်ဆုံးတွင်ရပ်တည်နေကြောင်းသိရသည်။  မြန်မာအမျိုးသမီး U- 16 အသင်းသည် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အီရန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအမျိုးသားအသင်းကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရတဲ့ မြန်မာတွေအတွက်ဂုဏ်ယူစရာသတင်းကောင်းပါ ကျနော်သဘောအရဆိုရင်တော့ အမြဲတန်းစိတ်ကျေနပ်လောက်စရာရလဒ်တွေ စွမ်းဆောင်နိုင်တဲ့ မြန်မာအအမျိုးသမီးအသင်းကိုပဲ လိင်ပြောင်းပြီးအမျိုးသားအသင်းမှာကန်စေချင်ပါတယ် အမျိုးသားအသင်းကလူတွေလိင်ပြောင်းခိုင်းရင် မြန်မာအမျိုးသမီးတွေအတွက်ပိုအရှက်ရစရာဖြစ်မှာစိုးလို့ပါ။

Thursday, November 25, 2010

ရယ်ချင်သူများအတွက် ဖားမင်းဆွေ၏စာတပုဒ်

ဖားမင်းဆွေ ခေါ် ငါးမင်းဆွေမှ The Voice ဂျာနယ်ကိုအိပ်ဖွင့်ပေးစာတဲ့ဗျာ ဒီစာကိုဖတ်ပြီးမှပဲ သူစာတွေကိုအစိုးရသတင်းစာတွေကလွဲရင် ဘယ်မီဒီယာကမှမထည့်တာကို သဘောပေါက်တော့တယ် တော်တော်လည်းရူးကြောင်ကြောင်နိုင်တဲ့ဘဲကြီးဗျာ ဟာသမဟုတ်ပေမဲ့လည်း တော်တော်တော့ရီရပါတယ်