Monday, November 29, 2010

ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၂)

သမိုင်းအမြင်မှန်ပြဿနာ၊ ကျန်းမာရေးဗဟုသုတနှင့် ခေါက်ဆွဲဒဿန (အမှာစာ)


လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ - ၁၉၆၂ အတွင်း Democratic Republic ဖြစ်ဖို.ရာ ဦးနု၊ ဦးသန်.တို.က ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း ကောင်းစွာအမြစ်မတွယ်ခဲ့ဘဲ ထိုကာလတ၀ိုက်ကို မီလိုက်သူ (သက်ကြီးပိုင်း) လူဦးရေမှာ ယခုအချိန်တွင် လက်တစ်ဆုပ်စာမျှသာ ကျန်တော့မည်ကို တွေးကြည့်မိသည့်အခါ မျိုးဆက် ပြတ်တောက်မှု၊ ကွာဟမှုပြဿနာ (သို.) သမိုင်းအမြင်မှန်ရှိသူနှင့် မရှိသူကြား ဂယက်များ မကြာခင် ဆိုးဆိုးရွားရွား ရိုက်ခတ်တော့မည်ဟု ကြိုမြင်မိ၏။ (သက်ဦးဆံပိုင်ဘုရင်စနစ် မရှိသော နိုင်ငံတိုင်းကို Republic ဟု အလွယ်ခေါ်နိုင်လေသည်။ A Republic = A State without A Monarch /// Republic မှာမှ အမျိုးမျိုးကွဲနေသေးသည့် အကြောင်းကို နောင်ကြုံရင် ရေးပါဦးမည်)

နိုင်ငံရေးဗဟုသုတ (Political Knowledge) ဆိုသည် ကျန်းမာရေးဗဟုသုတ (Health Knowledge) နှင့် အတူတူပဲဟု ထင်သည်။ ဥပမာအလွယ်ပေးရရင် မကျန်းမာတဲ့လူတစ်ယောက်အဖို. နေပြန်ကောင်းအောင် ဘယ်လိုဆေးမျိုး သောက်ရမလဲ၊ အားရှိအောင် ဘယ်လို အစားအစာမျိုး စားသင့်သလဲ၊ ဘယ်လိုဟာမျိုး ရှောင်စားသင့်သလဲ၊ ဘယ်လိုအနေအထိုင်မျိုး ဆင်ခြင်သင့်သလဲဆိုတာ စဉ်းစား လုပ်ရသလိုမျိုးပဲ နိုင်ငံရေးမှာလည်း ဘယ်လိုပါတီတွေကို မဲပေးသင့်သလဲ၊ ဘယ်လို ၀ါဒတွေကို ရှောင်ရှားသင့်သလဲ၊ ဘယ်လို အယူအဆတွေကို နားမယောင်သင့်ဘူးလဲ စသည်တို.ကို စဉ်းစား ဆုံးဖြတ် ရွေးချယ်ရခြင်းမျှသာ။ ဆေးမှားသောက်မိပါက ရောဂါပိုဆိုး၊ ပိုတိုးနိုင်ပါသည်။ အစားမှားလျှင်လည်း နာတာရှည်၊ နလံမထနိုင်အောင် ဖြစ်သွားနိုင်သည်။ ဆေးမြီးတိုများ၊ တရားမ၀င်တိုင်းရင်းဆေးများကို အထူးရှောင်ရှားသင့်သည်။ မင်းသား၊ မင်းသမီးများနှင့် ဝေေ၀ဆာဆာကြော်ငြာထားတိုင်းလည်း ဆေးမှာ ကောင်းချင်မှ ကောင်းတတ်၏။ အင်္ဂလိပ်ဆေးဆိုတိုင်းလည်း ယုံကြည်လို.မရဘဲ Expired Date စစ်ကြည့်ရန်၊ ကိုယ့်ရောဂါနှင့် ကိုက်မကိုက် ကြည့်ရန်လည်း မပေါ့လျော့သင့်ပါ။ ဆေးဆိုင်မှ ညာရောင်းတိုင်း မယုံကြည်မိဖို. အင်မတန်အရေးကြီးပါသည်။ မြန်မာပြည်နိုင်ငံရေးသည်လည်း ထိုသဘောမျှပင် ဖြစ်သည်ဟု ထင်မြင်မိ၏။

နိုင်ငံရေးပါတီဆိုသည်မှာ တကယ်တော့ ခေါက်ဆွဲခြောက်အမှတ်တံဆိပ်မျိုးစုံသဘောပင် ဖြစ်ပါသည်။ ပြည်သူလူထုဆိုသည်မှာ ခေါက်ဆွဲ ရွေးချယ်ဝယ်စားကြရသူများ ဖြစ်၏။ ၀ယ်စားရသည့် ကုန်ကျစရိတ်နှင့်တန်အောင် လုပ်ပေးရမည့် ခေါက်ဆွဲတို.၏ အလုပ်မှာ အရသာကောင်းကောင်းနှင့် တကယ်ဗိုက်ပြည့်စေရန်ဖြစ်၏။ ရွေးကောက်ပွဲဆိုသည်မှာ ခေါက်ဆွဲမျိုးစုံကို ခင်းကျင်းပြသ ရောင်းချသော ပွဲဖြစ်၏။ တချို.ခေါက်ဆွဲများမှာ Soda များ၍ အစားများလျှင် ခေါင်းဖြူနိုင်၏။ တချို.ခေါက်ဆွဲများမှာ ကိုရီးယားမှ လာသည့် (Kimchi) ဟု ကြော်ငြာထားသော်လည်း ခေါက်ဆွဲထုပ်အဖုံးစာလုံးသာ ကိုရီးယားဖြစ်ပြီး အထဲမှာ အတုအယောင်ပေါက်တတ်ကရတွေသာ ဖြစ်တတ်၏။ တချို.ခေါက်ဆွဲတွေကျတော့ ဈေးပေါလွန်း၍ အပြင်ပန်းအရ ရောင်းအကောင်းဆုံးဟု ထင်ရသည်။ (ဈေးပေါသော်လည်း အရသာမှာတော့ ဆွဲဆောင်မှု လုံးဝမရှိ) တချို.ခေါက်ဆွဲတို.မှာ ကုမ္ပဏီ ဒေ၀ါလီခံကြရပြီး ဖျက်သိမ်းခံကြရ၏။ တချို.ကျတော့ တကယ်ကောင်းအောင် လုပ်ထားသော်လည်း ဈေးကွက်ဝေစုကန်.သတ်ချက်များ၊ ငွေအရင်းအနှီးမတတ်နိုင်မှုများကြောင့် မတွင်ကျယ်နိုင်ဖြစ်နေရ၏။ တချို.မှာမူ ဈေးကွက်ဝေစုနည်းသော သီးသန်.ဈေးကွက် (Niche Market) ကိုသာ အာရုံစိုက် စီးပွားရှာကြသည်ကို တွေ.ရ၏။ တချို.မှာ ဈေးကွက်ကို လက်ဝါးကြီးအုပ် (Monopolization) လုပ်ထားကြ၏။ တချို.ကျတော့ ဈေးကွက်ဦးဆောင်သူ (Leaders) တို.၏ နောက်လိုက် (Followers) လုပ်တတ်ကြကာ တချို.ကတော့ ဈေးကွက်စိန်ခေါ်သူများ (Challengers) နေရာမှ ဦးဆောင်သူတို.နေရာကို ၀င်ယူနိုင်ရန် စိန်ခေါ်နေကြဆဲ။ ဤသည်တို.ကား အတက်အကျ၊ အကွေ.အကောက်၊ ပေါက်ကွဲမှုများစွာ၊ ရှုပ်ထွေးမှုများစွာတို.ဖြင့် ပြည့်နှက်ရောပြွမ်းနေသော မြန်မာပြည်နိုင်ငံရေး အခြေအနေအရပ်ရပ်တို.ကို ခေါက်ဆွဲဖြင့် နှိုင်းယှဉ်ကြည့်မိခြင်းပင် ဖြစ်လေတော့သတည်း။

တပ်မတော်ဆိုသည်မှာ CCTV လုံခြုံရေးကင်မရာ ဖြစ်သလို အချက်ပြသံပေးရန်တို.အတွက်လည်း လိုအပ်၏။ ဆိုင်တွင်း ဖောက်ထွင်းကျူးကျော်သူတို.ကို စောင့်ကြည့်ဖမ်းဆီးပေးနိုင်ရန်လည်း ဖြစ်၏။ ဆိုင်တွင်း၌ ကျင်းပသော ခေါက်ဆွဲအရောင်းခန်းမအပြင်ဘက်နှင့် ဆိုင်ပေါက်ဝကိုသာ စောင့်ကြည့်ပေးရန် မဖြစ်မနေ လိုအပ်ခြင်းမျိုးလည်း ဖြစ်၏။



အပိုင်း (၁) ကောက်ကြောင်း

အပိုင်း (၁) မှာတုန်းက ဒီမိုကရေစီ စကားလုံးဖွင့်ဆိုချက်၊ ပြည်သူ.ဆန္ဒ တိုက်ရိုက်ခံယူတဲ့ (Direct Referendum) ကျင့်သုံးတဲ့ Direct Democracy ဖြစ်တဲ့ Athenian Democracy အကြောင်း၊ သက်ဦးဆံပိုင်စနစ် (Autocracy/Oligarchy/Monarchy/Aristocracy) တို. လူ.သမိုင်းအဆက်ဆက်တွင် အုပ်စိုးခဲ့ရာမှ ဒီမိုကရေစီ ပွင့်ထွက်ပေါက်ဖွားလာပုံနှင့် ဖြတ်သန်းရာသမိုင်းအကျဉ်းချုပ်နှင့် ခေတ်သုံးဆက် (အကျဉ်းပဲ ကောင်းပါတယ်၊ သမိုင်းမှန်သမျှ အကုန်သိနေစရာ မလိုဘူးလေ၊ အကုန်လည်း မမှတ်မိနိုင်ဘူး) နဲ. တစ်ကမ္ဘာလုံးနဲ. ဆိုင်တဲ့ စံသတ်မှတ်ချက်တန်ဖိုး (ဒီမိုကရေစီ တန်ဖိုး) တို.ကို ရေးခဲ့ပါတယ်။ အမှာစာကတည်းက ရေးထားခဲ့သလို Primer အဆင့်၊ မူကြိုဖတ်စာအဆင့်လို. ကြိုတင် ထပ်စကားခံပါရစေ။ ကျွန်တော့်မှာ နိုင်ငံရေးစာအုပ်ကျမ်းဂန်တွေ မရှိပါဘူး။ မှီငြမ်းဝက်ဘ်ဆိုက်လိပ်စာတွေကလည်း လက်တစ်ဆုပ်စာလောက်လေး။ စာအုပ်လည်း မဖတ်ဖြစ်ပါဘူး။ စာအုပ်ဈေးတွေလည်း ခေါင်ခိုက်ပါတယ်။ လိုချင်တဲ့ စာအုပ်တစ်အုပ် လက်ထဲရောက်လာဖို.ဆိုတာ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ရပါတယ်။ ဥပမာ - The World is Flat လို၊ Huntington ရေးတဲ့ The Third Wave: Democratization in the Late Twentieth Century လို စာအုပ်တွေကို တကယ့်စာအုပ်အနေနဲ. မဖတ်ဖူး၊ မမြင်ဖူးသေးပေမယ့် အဲဒီစာအုပ်အကြောင်း အကျဉ်းချုံး (Summary) ရေးထားတဲ့ ဆောင်းပါးတွေနဲ. ဝေဖန်ရေးမှတ်ချက်တွေကို အွန်လိုင်းပေါ်မှာ ကြည့်လို.ရတဲ့အတွက် အဆင်ပြေရပါတယ်။ အဲဒီလိုဟာမျိုးလေးတွေကို အခြေခံပြီး ဒီမှတ်စုတွေ ရေးဖြစ်ပါတယ်။ တချို.ဆောင်းပါးတွေက ၀ါဒဖြန်.ရေးသဘောတွေ ပါတာရှိတတ်လို. ဓမ္မဓိဌာန်ကျကျ ရေးထားတဲ့ ဆောင်းပါးတွေကို ရှာဖတ်ရပါတယ်။ ကောက်ကြောင်းထဲမှာ ကြုံတုန်း အသံထွက်ကိစ္စပါ ပြောချင်ပါတယ်။ Democracy ကို `ဒမော့ကရေစီ´ လို. UK English Accent အသံထွက်အတိုင်း မရေးဘဲ၊ မြန်မာစာအဘိဓာန်တွေမှာ တွေ.ရသလို `ဒီမိုကရေစီ´ လို.ပဲ အလွယ်တကူ ဆက်သုံးသွားပါမယ်။


၂းဝ။ ။ ကျောရိုးထောက်တိုင်များနှင့် အဓိက အုပ်ချုပ်မှုစနစ်နှစ်မျိုး



၂း၁ ။ ။ ဒီမိုကရေစီ ကျောရိုးထောက်တိုင်များ


နိုင်ငံရေးဖွင့်ဆိုချက်အမျိုးမျိုးအနက် လူသည် နိုင်ငံရေးသတ္တ၀ါ (Political Animal by Aristotle) ဟု ကြားဖူးသလို နိုင်ငံရေး၏ သားကောင်ဟုလည်း ကြားဖူး၏။ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရပ်တည်ရခြင်းသည်ပင် နိုင်ငံရေးဟု ဆိုကြသည်။ ယင်းတို.မှာ အပေါ်ယံဖွင့်ဆိုချက်များသာ ဖြစ်၍ ပါတီနိုင်ငံရေး (Party Politics) နှင့် အမျိုးသားနိုင်ငံရေး (National Politics) ကြား နယ်နိမိတ်ခြား၊ သတ်မှတ်ရန်လိုသည်။ အမျိုးသားရေးရှုထောင့်မှ ကြည့်၍ အဆင့်မြှင့်ဖွင့်ဆိုထားသော နိုင်ငံရေး (Politics) တွင် တိုင်းပြည်အရင်းအမြစ်များ၊ လုပ်အားများ၊ ကြွယ်ဝမှုများကို စီမံခန်.ခွဲမှု ဖြစ်၏။ Governance of a country of area နိုင်ငံဒေသတစ်ခုကိုသာ အုပ်ချုပ်ခြင်းကို ရည်ညွှန်းသည်။ ထိုသို. အုပ်ချုပ်ရာတွင် အုပ်ချုပ်သူတို.မှာ အားကောင်းလွန်းသော နိုင်ငံရေးပါဝါအဆင့်ကို ကောင်းကျိုးသုံးနိုင်သလို အလွဲသုံးစားပြုမှုများ ဖြစ်လာနိုင်သည်။ ထို.ကြောင့် ဒီမိုကရေစီအစိုးရပုံစံတွင် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ရေး (Free, fair and open elections)၊ တရားဥပဒေစိုးမိုးရေး (Rule of law) တို.အပြင် အာဏာခွဲဝေ၊ ခြားနားရေး (Separation of powers) သည်လည်း ၀ိသေသလက္ခဏာတစ်ရပ်ပင် ဖြစ်လေသည်။ ထုံးစံအတိုင်း ရှေးခေတ်ဂရိတွင် ပထမဆုံး အာဏာခွဲဝေမှု ရှိခဲ့ပြီး ထိုမှ ရောမသို. ရောက်သည်။ အများသိကြသည့်အတွက် အကြမ်းဖျင်းမျှသာ ပြောပါရစေ။ ဒီမိုကရေစီ၏ အဓိက ပုံမှန်မဏ္ဍိုင်နှင့် အာဏာကိုင်းခွဲ ၃ ခုတို.မှာ -

- ဥပဒေပြုအာဏာ (Legislative Power/ Law-making)
- အုပ်ချုပ်ရေးအာဏာ (Executive Power)
- တရားစီရင်ရေးအာဏာ (Judiciary Power) တို.ဖြစ်လေသည်။


အစိုးရကို အုပ်ချုပ်ရေးအာဏာ ပေး၍ ကျန်ပါဝါနှစ်ခုကို ဆိုင်ရာသို. လွှဲပြောင်းအပ်နှင်းရ၏။ အုပ်ချုပ်ရေးအာဏာဆိုသည် ဥပဒေပြုအာဏာမှ ပြဌာန်းထားသော ဥပဒေများအတွင်းသာ တိုင်းပြည်အုပ်ချုပ်ရန် ဖြစ်သည်။ တရားစီရင်ရေးအာဏာသည် တရားရုံးတော်အစုအဝေးကြီး (System of Courts) ၏ အာဏာဖြစ်ပြီး ဥပဒေပြုထားသည်များနှင့် ကိုက်ညီစွာ တရားသဖြင့် တရားစီရင်ရန် ဖြစ်သည်။ ထို ပါဝါသုံးမျိုးစလုံးသည် တစ်ခုနှင့်တစ်ခု သြဇာသက်ရောက်မှု မရှိစေရ။ ပါဝါသုံးခုစလုံး သီးခြားရပ်တည်ရှင်သန်နေခြင်းကပင် ဒီမိုကရေစီသဘောဆောင်သည်။ ထိုသို. ပါဝါခွဲခြားထားခြင်းသည် မင်းဆိုးမင်းညစ်တို.နှင့် အာဏာရှင်စနစ်တို.ကို ကာကွယ်ရာလည်း ရောက်စေသည်။ ဖွဲ.စည်းပုံအခြေခံဥပဒေပြဌာန်းချက်များကို ထိုအာဏာသုံးခုစလုံး အတိအကျလိုက်နာရန် လိုအပ်လေသည်။ ဖွဲ.စည်းပုံအခြေခံဥပဒေ (Constitution) ဆိုသည် ကလီကမာ လုပ်၍ မရ။ သူ.ပြဌာန်းချက်အတွင်းက ဥပဒေနှင့်သာ သူ.ကို လက်ဆော့၍ ရနိုင်သည်။ ဒီမိုကရေစီနိုင်ငံ တော်တော်များများတွင် အခြေခံဖွဲ.စည်းပုံတို.ကို အခြေအနေနှင့် လိုက်လျောညီထွေစွာ အနည်းနှင့်အများ ပြောင်းလဲလာခဲ့ကြသည်။ တစ်ခုရှိသည်မှာ စစ်မှန်သော ပြည်သူ.ဆန္ဒသည်သာ အဓိက အထွတ်အထိပ်ဖြစ်၍ မျိုးဆက်သစ်တို.၏ကောင်းကျိုးအတွက် ဖွဲ.စည်းပုံ ပြောင်းလဲလိုပါက ဘယ်အရာကမှ ပြည်သူတို.ကို တားဆီးနိုင်လိမ့်မည် မဟုတ်ကြောင်းကို ချက်နိုင်ငံ၊ ရိုမေးနီးယား၊ ပေါ်တူဂီ၊ စပိန်နှင့် ဖိလစ်ပိုင်နိုင်ငံတို.က သက်သေပြခဲ့ပြီး ဖြစ်သည်။ ဒီမိုကရေစီ၏ တခြားအရေးပါသော ကျောရိုးများမှာ -

- စစ်တပ်ကို အရပ်ဘက်မှ ထိန်းချုပ်ခြင်း (Civilian Control of the military)
- တာဝန်ခံနိုင်စွမ်း စောင့်ထိန်းမှု (Accountability)
- ကြည်လင်ရှင်းလင်းမှု (Transparency)

စစ်တပ်ကို အရပ်ဘက်ထိန်းချုပ်မှုမှာ ပဓာနကျ၏။ စစ်တပ်နှင့် အပေးအယူ မျှတရန်လိုပြီး စစ်တပ်မှလည်း ဒီမိုကရက်တစ် အရပ်ဘက်အစိုးရအပေါ် ယုံကြည်လေးစားမှု အပြည့်ရှိရသလို အစိုးရမှလည်း စစ်တပ်အပေါ် တာဝန်ခံ စောင့်ထိန်းပေးရ၏။ ထိုသို. တစ်ယောက်အလုပ်အပေါ် တစ်ယောက် အပြန်အလှန်ယုံကြည်လေးစားမှုများ တည်ဆောက်ခြင်းဖြင့် တိုင်းပြည်မငြိမ်သက်မှုများကြောင့် စစ်တပ်အာဏာသိမ်းမှုများ မဖြစ်ပွားအောင် ရှောင်ရှားကြရမည် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အလွန် သဘောတူညီချက်များအရ စစ်ရှုံးနိုင်ငံများဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ အီတလီတို.မှလွဲ၍ ကျန်နိုင်ငံများမှာ စစ်တပ်အင်အား အနည်းနှင့်အများ ပိုင်ဆိုင်ကြလေသည်။ တချို.နိုင်ငံများသည် မိမိနိုင်ငံကို ကမ္ဘာ.စင်မြင့်ပေါ် ဆွဲတင်လိုသဖြင့် စစ်အင်အားကို ဂုဏ်ကြန်အင်တစ်ရပ်အနေနှင့် အားဖြည့်သုံးစွဲကြ၍ ကမ္ဘာ.ဆင်းရဲမွဲတေမှုစာရင်းများမှာ လျော့ကျမသွား၊ တိုး၍သာ လာသည်။ လူအများ ငတ်ပြီးရင်း ငတ်လာကြချိန်မှာ တချို.နိုင်ငံတို.မှာ နျူးကလီးယားလုပ်သူလုပ်၊ စစ်သုံးလေယာဉ် ၀ယ်သူဝယ်နှင့် အလုပ်ရှုပ်၊ အရှုပ်လုပ်နေကြလေသည်။ ဆင်းရဲမွဲတေမှု၊ ပညာမတတ်မြောက်မှု၊ ရေရှားပါးမှု၊ သဘာဝ ဘေးအန္တရာယ်များ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ သယံဇာတပြတ်လပ်မှု၊ အလုပ်လက်မဲ့ပြဿနာများ၊ တိုင်းပြည် မတိုးတက်မှုပြဿနာတို.ကို ဖြေရှင်းရာတွင်မူ `အလုပ်ဖြစ်´ရုံသာ `အဖြစ်လုပ်´ နေကြသည်ကို တွေ.ရသောအခါ ကမ္ဘာကြီးအပေါ် စိတ်မကောင်းဖြစ်မိ၏။

စတုတ္ထမဏ္ဍိုင်

ကြည်လင်ပွင့်လင်းမှုထောက်တိုင်များကို ရရှိဖို.ရာ အစိုးရနှင့် လွတ်ကင်းသော စတုတ္ထမဏ္ဍိုင်ဟု တင်စားသတ်မှတ်ကြသည့် စာနယ်ဇင်းနှင့် ရုပ်သံ (Free Press/Free Media) လိုအပ်၏။ (E-democracy ပင်ဖြစ်ထွန်းနေသော အခုလို အိုင်တီခေတ်ကြီးတွင် အင်တာနက်ကိုလည်း အရေးပါသော စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်နိုင်သည်) မီဒီယာများမှ လွတ်လပ်စွာ ဖော်ပြချက်၊ လွတ်လပ်စွာ ရေးသားပြောဆိုခြင်းတို.ဖြင့် ပြည်သူလူထု မျက်စိကြီး နားကြီးစေရန် မှန်မှန်ကန်ကန် အသိပေးရမည် ဖြစ်သလို ကိုယ်စားပြုရမည် ဖြစ်သည်။ မီဒီယာတို.မှာ လွတ်လပ်ခွင့် ရှိရမည်ဆိုသော်လည်း အသိနှင့် ယှဉ်သည့် လွတ်လပ်မှုမျိုးကိုသာ အဓိက ရည်ညွှန်းလိုခြင်း ဖြစ်သည်။ တစ်စပ်တည်းမှာပင် နိုင်ငံရေးစကားနပန်းများကို ထုတ်လွှင့်ပြသ ရေးသားခွင့် ပြုပေးမှသာ ပြည်သူတို.မှာ လွတ်လပ်စွာ ရွေးချယ် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ထိုနိုင်ငံရေးဖြစ်စဉ်များ၊ ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ထားရန် လိုအပ်ပြီး အများပြည်သူရှေ. ဖွင့်ချပြသောအခါ တာဝန်ခံမှုများ၊ ကြည်လင်ပွင့်လင်းမှုများကို စောင့်ထိန်းနိုင်ရန် မီဒီယာတို.တွင် တာဝန်ရှိလေသည်။ ထိုမှသာ အစိုးရ၏ အသုံးမကျမှုများ၊ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းမှုများကို သိရှိ နားလည်နိုင်ပြီး နောင် ရွေးကောက်ပွဲ ကျင်းပ၍ မဲပေးကြသောအခါ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်၏။ အစိုးရ၏ လုပ်ရည်ကိုင်ရည် ကောင်းမကောင်း ဆိုသည်မှာ တိုင်းပြည်ပြဿနာတို.ကို မြန်မြန် ဖြေရှင်းနိုင်ခြင်း၊ ဘဏ္ဍာငွေ အများကြီး သုံးပြီး ဖြေရှင်းနိုင်ခြင်းတို.ကို ကြည့်၍ မရဘဲ ရေရှည်အကျိုးဆက်တို.ကို ကြိုတင်တွက်ချက် ဖြေရှင်းနိုင်ခြင်း ရှိမရှိ ၊ အမျိုးသားရေး အကျိုးစီးပွား (Public Interest/ National Interest) ဖြစ်စေခြင်း ရှိမရှိ ၊ လွတ်လပ် ပွင့်လင်း ကြည်လင်မှု (Transparency) တို.၏ အနာဂတ် ကောင်းမကောင်း တို.အပေါ် မူတည်၍ ပြည်သူတို.မှ ချိန်ထိုး ဆုံးဖြတ်တတ်ရမည် ဖြစ်၏။

ထိုသို. ချိန်ထိုး ဆုံးဖြတ်နိုင်ရန် ပြည်သူလူထုကို နိုင်ငံရေး အသိပညာ မျှဝေ ပို.ချပေးနိုင်ရန် လိုအပ်လာသည်။ အမေရိကတွင် ကျောင်းနေကလေးငယ်များကို တိုင်းပြည်အုပ်ချုပ်မှုစနစ်ကိုပါ တွဲဖက်သင်ကြားနိုင်ရန် ကြိုးပမ်းကြသည်။ ထို.ကြောင့် အမေရိကန်ဒီမိုကရေစီ၏ အာဏာခွဲခြားမှု (Separation of Powers) အောင်မြင် အဓွန်.ရှည်ရသည်ဟု ဆိုကြသည်။ ဒီမိုကရေစီနှင့် ကြာရှည်စွာ အသားကျနေပြီ ဖြစ်သော ဥရောပနိုင်ငံတို.အတွက်မူ နောက်ခံသမိုင်းကြောင်းတို.ကိုပါ ထည့်စဉ်းစားရန် လိုအပ်သည်။ မျိုးစုံသော လူမျိုးနွယ်စုတို. နေထိုင်ရာ အာဖရိကတိုက်၏ နယ်နိမိတ်သတ်မှတ်ချက်အများစုကို ၁၈၈၅ ဘာလင်ညီလာခံမှ ချမှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အာဖရိကန်တို.အတွက် မဟုတ်ဘဲ ကိုလိုနီအုပ်ချုပ်သူတို. အဆင်ပြေစေရန်သာ ရည်ရွယ်သည်။ ထိုသို.သော အာဖရိကနိုင်ငံများမှာ အစိုးရအမျိုးမျိုးကြား ပြဿနာမျိုးစုံနှင့် ယနေ.ထိ ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ တချို.အစိုးရများမှာ ဒီမိုကရေစီ အလေ့အထများကို မြေတောင်မြှောက်ပေးသည်များ ရှိသလို ထိုသို. မြေတောင်မြှောက်ပေးခြင်းမှ အကျင့်ပျက် ချစားမှုများ (Corruption/ Bribery)၊ ဘက်လိုက်မှု (Favoritism) များကို ဖြစ်စေတတ်၏။ များသောအားဖြင့် ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သောနိုင်ငံတို.မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အာဏာရှင်တို.၏ အုပ်ချုပ်မှုပုံစံခွက်ထဲမှာပင် ရှိနေတတ်၏။ တစ်ခါတစ်ရံ တိုင်းရင်းသား ပြိုကွဲမှု ပြဿနာများ၊ လူမှုရေးပဠိပက္ခများသည်လည်း အာဏာရှင်စနစ်၏ တင်းကျပ်ဖိနှိပ်မှုများကြောင့် ဖြစ်ပေါ်ရတတ်၏။

ပဉ္စမမြောက် မဏ္ဍိုင်

ပြည်သူလူထုကြီးတစ်ရပ်လုံးကို ပဉ္စမမြောက် မဏ္ဍိုင် ဟု သတ်မှတ်နိုင်လေသည်။ အင်အား အတောင်းတင်းဆုံး မဏ္ဍိုင် ဟုလည်း ဆိုနိုင်သည်။ ပြည်သူလူထု မရှိဘဲ ဒီမိုကရေစီလည်း ရှိစရာအကြောင်း မရှိပေ။ တစ်ဦးချင်းစီ၏ အလေ့အထများကို ပြုပြင်ပြောင်းလဲကာ အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေး-လာဘ်ယူမှုများကို တိုက်ဖျက်နိုင်ရန်နှင့် စဉ်းစား ဆင်ခြင် နှိုင်းချိန်မှုများ ပြုလုပ်တတ်ရန်အလို.ငှာ ပဉ္စမမြောက် မဏ္ဍိုင်ဖြစ်သော ပြည်သူလူထု၏ တာဝန်စောင့်သိမှု အခန်းကဏ္ဍမှာ တစ်မျိုးသားလုံး၏ နောင်ရေးအတွက် လွန်စွာအရေးပါလေသည်။


ကျောရိုး ခိုင်မာရေး

ဒီမိုကရေစီ ကျောရိုးခိုင်ရေးအတွက် လူ.စွမ်းအားအရင်းအမြစ် (Manpower/ Human Resources) ကောင်းစွာ ဖွံ.ဖြိုးရန် လိုအပ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရန်၊ ဖြစ်ထွန်းနိုင်ရန်၊ အားကောင်းခိုင်မာစေရန် အရင်းအမြစ်မျိုးစုံ ဖွံ.ဖြိုးရန် လိုအပ်ပါသည်။

ကြွယ်ဝမှု (Wealth) ။      ။ GDP/Per capita income တို.နှင့် ဒီမိုကရေစီတို.မှာ ကျောရိုးဆက်နွယ်မှု ကြီးမားသည်။
[GDP = Gross Domestic Product = The monetary value of all the goods and services produced by an economy over a specific period = ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုအထွေထွေတို.အပါ် ငွေကြေးဆိုင်ရာ တန်ဖိုး /
Per capita income = Average income of a group, obtained by dividing the group’s total income by its number of members = လူ.အဖွဲ.အစည်းတစ်ခုအတွင်းရှိ လူတစ်ဦးချင်း၏ ပျမ်းမျှ ၀င်ငွေ // Ref: Oxford Dictionary (4th Edition, 2006) of Business and Management] အင်မတန် ချမ်းသာသော နိုင်ငံတို.တွင် အာဏာရှင်စနစ်ထဲ သွတ်သွင်းခံရသည်ဟူ၍ မကြားဖူးသေးပါ။ သို.သော် ဒီမိုကရေစီသည် ကြွယ်ဝခြင်းကို ဖြစ်စေနိုင်သလား၊ ကြွယ်ဝခြင်းက ဒီမိုကရေစီကို ဖြစ်စေသလားဆိုတာ မသေချာသေးပါ။ ဒီမိုကရေစီနှင့် ပတ်သက်၍ စစ်တမ်းများ အမြဲတစေ ပြုလုပ်နေသော Freedom House Think Tank ၏ လေ့လာချက်တစ်ခုအရ စီးပွားရေး လွတ်လပ်မှု (Economic Freedom) သည် GDP/Capita တို.ကို တက်စေပြီး အပြန်အလှန်အားဖြင့် GDP/Capita တိုးတက်မှုကြောင့် စီးပွားရေး လွတ်လပ်မှုကို တိုးတက်စေသလို နိုင်ငံရေး လွတ်လပ်မှု (Political Freedom) ကိုလည်း တိုးတက်စေသည် ဟု ဆိုသည်။ နိုင်ငံရေး လွတ်လပ်မှုကြောင့်တော့ GDP/Capita မတက်နိုင် ဟုလည်း ဆိုသည်။ GDP/Capita တို.ကို Constant ပုံသေထားပါက နိုင်ငံရေး လွတ်လပ်မှုနှင့် စီးပွားရေး လွတ်လပ်မှုကြား တိုက်ရိုက်ဆက်နွယ်မှု လုံးဝမရှိနိုင်တော့ ဟုဆိုသည်။ စီးပွားရေး လွတ်လပ်မှုသည် လူလတ်တန်းစား တိုးပွားမှုကို ဖြစ်ထွန်း အားပေးသည်။ ချုပ်ပြောရရင် တစ်ဦးချင်းစီနှင့် တစ်နိုင်ငံလုံး၏ ကြွယ်ဝချမ်းသာမှု အရေးပါပုံနှင့် ဒီမိုကရေစီ တည်မြဲရေး ဆက်နွယ်မှုပင် ဖြစ်ပါတော့သည်။

ပညာရေး (Education) ။ ။ ကြွယ်ဝမှုသည် ပညာရေးနှင့် ဆက်စပ်သည်ကို အထူးပြောရန် မလို။ ဒီမိုကရေစီ၏ အသက်သည် ပညာတတ်လူတန်းစားတို.အပေါ် ကြီးစွာ မှီခိုအားထားရ၏။ ပညာတတ်တို.မည်သည် လစ်ဘရယ်တန်ဖိုး (Liberal Value) နှင့် ဒီမိုကရေစီတန်ဖိုးတို.ကို ကောင်းစွာ နားလည်နိုင်သူများ မဟုတ်ပါလော။ ပညာမတတ်သူများသော တိုင်းပြည်အနာဂတ်မှာလည်း အာဏာရှင်စနစ်ကို တိမ်းညွတ်ဖြစ်ထွန်းစေနိုင်သည်ကို တွေ.ရသည်။ ထို.ကြောင့် ပြည်သူ.နီတိ (Civics) ကို ကျောင်းများတွင် အလေးထား သင်ကြားသင့်ပေသည်။

သဘာဝ သယံဇာတများ (Natural Resources) ။ ။ အတိုချုံးပြောရလျှင် ရေနံများများ ထွက်လျှင် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (ခေါ်) Gross Domestic Product (GDP) လည်း တက်ကာ ဒီမိုကရေစီ ကျောရိုးများ ခိုင်မာနိုင်သည်။

အရင်းရှင်စနစ် (Capitalism) ။ ။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီကို `အမွှာပူး´ဟု တချို.က သတ်မှတ်ကြ၏။ အခြေခံထားသော အချက်မှာ စနစ်နှစ်ခုစလုံးသည် လွတ်လပ်မှုကို အသားပေးပုံမှာ တူညီကြ၍ ဖြစ်သည်။ အရင်းရှင်စနစ် ထွန်းကားလာမှုသည် ပုဂ္ဂလိက ကဏ္ဍများ၊ ညှိနှိုင်းဆွေးနွေးမှုများ၊ ဥပဒေလေးစားမှုများ၊ အတိုးအလျှော့/အပေးအယူ (Give & Take) လုပ်တတ်မှုများနှင့် ဥပဒေဘောင်အတွင်း သာတူညီမျှ ရှိမှု (Equality before the law) တို.ကို ထွန်းကား တိုးပွားစေသည်။ မာ့က်ခ်ဝါဒီ (Marxists) တို.၏ အဆိုအရ အရင်းရှင်စနစ်သည် ပင်ကိုအားဖြင့် ဒီမိုကရေစီ မဆန်ဟု ပြောဆိုတတ်ကြသည်။ ပုဂ္ဂလိက ငွေရှင် ကြေးရှင် လုပ်ငန်းရှင်တို.ကသာ လက်ဝါးကြီးအုပ်ထားတတ်သော အရင်းရှင်စနစ်သည် “By the people, Of the people, For the people” ဟု ကြွေးကြော်ထားသော ဒီမိုကရေစီနှင့် လားလားမျှ မနီးစပ်ဟု ပြောတတ်ကြ၏။ (မာ့က်ခ်ဝါဒီနှင့် ဆိုရှယ်လစ်ဝါဒီတို.သည် ၀ါဒ ဝေဖန်ခြင်းအလုပ်၌ အင်မတန် ထူးချွန်ကြသူများ ဖြစ်၏။)

လုပ်ပိုင်ခွင့် လွှဲပြောင်းခြင်းနှင့် လွတ်မြောက်မှုတန်ဖိုးများ (Human Empowerment and Emancipative Values) ။ ။

[Human Empowerment = The Giving of increased responsibility and a measure of control to people, based on the view that people need personal satisfaction and fulfillment in their work and life and that responsibility and control increase satisfaction /
Emancipative Values = Accumulated Values of being set free from especially legal, social and political restrictions] (ဘာသာပြန်လျှင် လျော့တိလျော့ရဲ ပေါ့ရွှတ်သွားမှာ စိုး၍ ဒီအတိုင်းပဲ အင်္ဂလိပ်လိုသာ နားလည်ပေးကြပါရန်)

Ronald Inlgehart နှင့် Christian Welzel တို.၏ အဆိုအရ ဒီမိုကရေစီ အသွင်ကူးပြောင်းသော ဖြစ်စဉ်တစ်ရပ်လုံး (Process of Democratization) သည် ကျယ်ပြန်.သော လူသားဖွံ.ဖြိုးမှုဖြစ်စဉ် (Broader Process of Human Development) ဟု ဆိုပြီး ထိုဖြစ်စဉ်သည် အဆင့် ၃ ဆင့်ဖြင့် သာမန်လူထုကို လုပ်ပိုင်ခွင့် လွှဲပြောင်းပေး (Empowerment) လုပ်သည်ဟု ဆိုသည်။

ခေတ်နှင့် အမီ ရင်ဘောင်တန်းရခြင်း (Modernization) ကြောင့် လူသားတို.တွင် အရင်းအမြစ်များ (More Resources) တိုးပွားလာရသည်နှင့်အမျှ လုပ်နိုင်စွမ်းအပေါ် (Capability-wise) မူတည်၍ လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေး (Empowerment) လုပ်ကာ လူတို.အား လွတ်လပ်မှု (Freedom) ကို ကျင့်သုံးလာနိုင်စေသည်။ ထိုအခါ လွတ်လပ်စွာ ထုတ်ဖော်တင်ပြခြင်း (Freedom of Expression) နှင့် အခွင့်အရေး သာတူညီမျှ ရှိစေရေး (Equality of Opportunities) တို.ကို အလေးထား၊ စောင့်ရှောက်သည့် လွတ်မြောက်မှုတန်ဖိုးများ (Emancipative Values) ဖြစ်တည်လာရသည်။ ထိုတန်ဖိုးများသည် စိတ်ဓာတ် စေ့ဆော်မှု (Motivation-wise) အရ လူတို.အား လွတ်လပ်မှု (Freedom) ကို ကျင့်သုံးချင်လာအောင်/ကျင့်သုံးနိုင်လာအောင် Empowerment လုပ်ပေးရပြန်သည်။ Empowerment နှစ်ကြိမ် လုပ်ပြီးသောအခါ တတိယအဆင့် Empowerment တွင် ဒီမိုကရေစီ စတင် အသွင်ကူးပြောင်း၏။ တစ်ဦးချင်းစီ၌ ခံစားပိုင်ခွင့် ရှိသည့်အလျောက် လွတ်လပ်မှု (Freedom) ကို ကျင့်သုံးလာနိုင်ရန် လူတို.ကို တရားဝင် Legal Empowerment လုပ်ပေးခြင်းမှာ တတိယအဆင့် ဖြစ်စဉ် ဖြစ်၏။ အထက်တန်းလွှာတို.ကို စိန်ခေါ်ရာတွင်လည်းကောင်း၊ ဒီမိုကရေစီ ထိန်းသိမ်းခြင်းနှင့် တိုးတက်ရေး (သို.) ထူထောင်ရေးတို. လုပ်ရာတွင်လည်းကောင်း လွတ်မြောက်မှုတန်ဖိုး (Emancipative Values) များမှာ လွန်စွာ အရေးပါလေသည်။

မျိုးနွယ်တူ လူဦးရေများပြားခြင်း (Homogeneous Population) ။ ။ ဂျပန်ကဲ့သို. နိုင်ငံမျိုးကို ရည်ညွှန်းလိုခြင်းဟု ထင်သည်။ လူမျိုးကွဲ၊ ဘာသာကွဲ၊ ဘာသာစကားကွဲ သိပ်မရှိလေ၊ ဒီမိုကရေစီ ထိန်းသိမ်းရ ပိုလွယ်လေ၊ ပိုအောင်မြင်လေ ဟူသော အယူအဆမျိုး ဖြစ်သည်။ သို.သော် ဒီမိုကရေစီနိုင်ငံပင် ဖြစ်သည့် အိန္ဒိယကဲ့သို. လူမျိုးစုံ ဘာသာမျိုးစုံ သောင်းပြောင်းထွေလာ ဖြစ်နေသော နိုင်ငံမျိုးကို ခြွင်းချက် ဥပမာ ထားရမည်။

လူမှုရေးညီမျှချက် (Social Equality) ။ ။ သာတူညီမျှ လူ.အဖွဲ.အစည်း (Egalitarian Society) ကို ပိုင်ဆိုင်ထားပါသည်ဆိုသော စင်ကာပူနိုင်ငံတွင်ပင် ပြည်သူအများ မက်လုံး (Incentive) ရရှိမှုမှာ နည်းလွန်းသဖြင့် နိုင်ငံရေးစနစ် သိပ် အားမကောင်းလှသည်ကို တွေ.ရ၏။ လူမျိုးရေး ခွဲခြားမှုများ ရှိနေဆဲ တောင်အာဖရိကနိုင်ငံသည်လည်း လူမှုညီမျှချက်ပြဿနာ မဆုံးနိုင်သေး။

လူလတ်တန်းစား (Middle Class) ။ ။ လူလတ်တန်းစားများပြားမှုကလည်း ဒီမိုကရေစီကို ခိုင်မာတောင့်တင်းစေသည်။ အကြောင်းမှာ ပညာတတ်အများစုမှာ လူလတ်တန်းစားများ ဖြစ်နေသောကြောင့်ပင်တည်း။ အထက်တန်းစား များလျှင် နိုင်ငံရေး ပါဝါကို အပိုင်စီးမှုများ၊ ၀ါဒဖြန်.မှုများ ဖြစ်ပွားနိုင်သလို အခြေခံလူတန်းစားများလျှင်လည်း သူပုန်ထကြွမှုများ ဖြစ်ပွားနိုင်သည်။ လူလတ်တန်းစားတို.က ထိုအစွန်းနှစ်ဖက်စလုံးကို ထိန်းညှိပေးနိုင်လေသည်။ ပါလီမန်စနစ်နှင့် Representative Democracy ကျင့်သုံးပြီး ၁၉၅၉ ကတည်းက ရွေးကောက်ပွဲတိုင်း အနိုင်ရကာ ယနေ.ထိ PAP (People’s Action Party) ပါတီတစ်ခုတည်းမှသာ အာဏာရယူ၊ အုပ်ချုပ်နေသော စင်ကာပူနိုင်ငံတွင် လူလတ်တန်းစား အားကောင်းသည်ကိုတော့ တွေ.ရ၏။ မဇ္ဈိမပဋိပဒါ သဘောပင် ဖြစ်၍ ဘုရားရှင်ကို လေးစားကြည်ညိုနေရ၏။ [The Economist Magazine ၏ သတ်မှတ်ချက်အရ စင်ကာပူအစိုးရပုံစံသည် Hybrid Regime ဖြစ်သည်။ `ကပြား အစိုးရအုပ်ချုပ်ရေးစနစ်´ ဟု ခေါ်နိုင်ပေမည်။ “Singapura” ဟူသော နာမည်ကိုက မလေး (Malay) ကပြားစကားလုံးဖြစ်သည်။ ဤကား စာကြွင်း]

ဖွံ.ဖြိုးတိုးတက်သော လူ.ဘောင်အဖွဲ.အစည်း (Civil Society) ။ ။ အကျဉ်းချုံးပြောရလျှင် NGO များ၊ သမဂ္ဂများ (Unions)၊ ပညာရပ်ဝန်းများ (Academia)၊ လူ.အခွင့်အရေးဆိုင်ရာ အဖွဲ.အစည်း (Human Rights Organizations) များသည် တိုးတက်သော လူ.အဖွဲ.အစည်း ရှေးရှုရာတွင် လိုအပ်သည်။ လူမှုကွန်ရက် (Social Networks) များ တည်ဆောက်ကြခြင်းဖြင့် နိုင်ငံရေး အသိအမြင် အားကောင်းလာနိုင်ပြီး ဒီမိုကရေစီ ကျောရိုး ခိုင်မာစေရန် ဖြစ်သည်။ Ohio State University မှ လက်ထောက်ပါမောက္ခ Pamela Paxton ၏ လေ့လာတွေ.ရှိချက်အရ လူ.အသိုင်းအ၀ိုင်းနှင့် ချိတ်ဆက်နေသော ကလပ်အသင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ.အစည်းများကို ၀င်ရောက် အဖွဲ.၀င်ထားသူ တိုးပွားလာပါက ဒီမိုကရေစီ ပိုမိုအားကောင်းနိုင်သည်ဟု ဆိုသည်။ အကြောင်းမှာ ဘယ်အဖွဲ.အစည်းတွင်မဆို တိုင်းပြည်တွင်း ဖြစ်ပျက်နေမှုများ၊ နိုင်ငံရေးဖြစ်စဉ်များအပေါ် အဖွဲ.၀င်အချင်းချင်း ပြောဆိုမှုများ အဆက်မပြတ် ရှိနေနိုင်သောကြောင့်ဟု ဆိုသည်။ (Group Membership) အဖွဲ.၀င်ခြင်းနှင့် ဒီမိုကရေစီကြား အပြန်အလှန် ဆက်နွယ်မှု ရှိခြင်းပင် ဖြစ်လေသည်။ တစ်ခုတော့ ရှိပါသည်။ ဒီမိုကရေစီ အားပေးအားမြှောက်ပြုသော အဖွဲ.ဖြစ်ရန်တော့ လိုသေးသည်။ ထိုမှသာ နိုင်ငံတကာ အထောက်အပံ့တို.ကို ရရှိရန် သေချာနိုင်လေသည်။

ယဉ်ကျေးမှု (Culture) နှင့် မြို.ပြယဉ်ကျေးမှု (Civic Culture) ။ ။ အနောက်တိုင်းယဉ်ကျေးမှုစံနှုန်းများသည် ဒီမိုကရေစီနှင့် အသင့်တော်ဆုံး (Best-suited) ဟု ပညာရှင်တို. ၀န်ခံထားကြ၏။ လိုက်လျောညီထွေရှိမှု (Flexibility) နှင့် ကမ္ဘာဆန်မှု (Universality) အားကောင်း၍ ဖြစ်၏။ ဒီမိုကရေစီ မကျင့်သုံးချင်သော (သို.) ကျင့်သုံးသော်လည်း မအောင်မြင်သော အစိုးရများသည် ယဉ်ကျေးမှုစံနှုန်းပြဿနာတို.ကို အကြောင်းပြတတ်ကြ၏။ ကိုယ့်ယဉ်ကျေးမှု ကိုယ်ဗဟိုပြု၍ ဒီမိုကရေစီ ခိုင်မာနေသော အိန္ဒိယ၊ ထိုင်ဝမ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဘော့ဆွာနာ၊ နမ်မီဘီးယား နိုင်ငံများလည်း အထိုက်အလျောက် ရှိနေပါသည်။

ဒီမိုကရေစီနှင့် ယခင်အတွေ.အကြုံရှိဖူးခြင်း၊ မရှိဖူးခြင်း (Previous Experience with Democracy) ။ ။ တချို.ပညာရှင်တို.၏ အဆိုအရ ဒီမိုကရေစီနှင့် ယခင် အတွေ.အကြုံရှိခဲ့ဖူးခြင်းသည်လည်း နောင်တစ်ချိန် အဆင်ပြေနိုင်သည်ဟု ဆိုသည်။ အတွေ.အကြုံမရှိခဲ့ဖူးပါက ရုတ်တရက် ဒီမိုကရေစီ အသွင်ပြောင်းရန်မှာ မဖြစ်နိုင်လောက်အောင်ပင် ခက်ခဲတတ်သော သဘာဝရှိသောကြောင့် ဖြစ်သည်။ သို.သော်လည်း ပါကစ္စတန်ကဲ့သို. အတွေ.အကြုံ ရှိခဲ့ဖူးပါလျက်နှင့် ယနေ.တိုင် မအောင်မြင်သော အနေအထားကိုလည်း ခြွင်းချက် ဥပမာ ထားရမည်။

ပြည်ပမှ ၀င်ရောက်စွက်ဖက်ခြင်း (Foreign Intervention) ။ ။ ဒီမိုကရေစီနှင့် အသားကျနေပြီးသော နိုင်ငံများ၏ ကြားဝင် စွက်ဖက်ပေးမှုဖြင့် အောင်မြင် အဓွန်.ရှည်နိုင်သည် ဟူသော အယူအဆဖြစ်သည်။ သို.သော် ဒီမိုကရေစီ ဆိုသည်မှာ အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်စနစ်တို.ကဲသို. အထက်-အောက် (Top-down) နှင့် ပြင်ပ/ပြည်ပမှ (Outside) ၀င်ရောက်၍ မရ။ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း အစစ်အမှန်သည် အောက်-အထက် (Bottom-Up) နိုင်ငံသားပြည်သူလူထုထံမှသာ လာနိုင်၍ ထိုကြားဝင် စွက်ဖက်သည့်နည်း (Intervention) မှာ ကျရှုံးမှုများနှင့်သာ ရင်ဆိုင်ရနိုင်မည် ဖြစ်ကြောင်းကို အီရတ်၊ အာဖဂန်နစ္စတန်နှင့် ဗီယက်နမ်တို.က သက်သေပြခဲ့ပြီး ဖြစ်သည်။ ထင်ရှားသည့် နောက်ဥပမာတစ်ခုမှာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နှင့် ဂျာမနီတို.၏ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့မှု ဖြစ်သည်။ ကိုလိုနီစနစ်ကလည်း ဖွံ.ဖြိုးဆဲနိုင်ငံတို.ကို တည်ငြိမ်သည့် ဒီမိုကရေစီ ရရှိအောင် မကူးပြောင်းပေးနိုင်ခဲ့ဘဲ လွတ်လပ်ရေး ရပြီးနောက် ထိုနိုင်ငံတို.တွင် အာဏာရှင်စနစ်သာ အမြစ်တွယ်လာခဲ့သည်ကို တွေ.ရ၏။

အသက်အရွယ်ဖြန်.ကျက်မှု (Age Distribution) ။ ။ သက်ကြီးပိုင်းအများစုရှိသော နိုင်ငံများသည် ဒီမိုကရေစီကို ပို၍ ထိန်းသိမ်းနိုင်စွမ်း ရှိသည်ကို တွေ.ရ၏။ (ဥပမာ - ဂျပန်၊ အမေရိကန်) Richard P.Concotta ပြုလုပ်သော စစ်တမ်းအရ အသက် ၂၉ နှင့် အောက် လူငယ်အများစုရှိသော နိုင်ငံသည် ဒီမိုကရေစီ ပုံမှန်လုံခြုံရမည်ထက် ၄၀ ရာခိုင်နှုန်းအောက် လျော့နည်းသည် ဟု ဆိုသည်။

ခွန်းချို

(ဆက်ရန်)

Sunday, November 28, 2010

ဒီမိုကရေစီနှင့် စပ်လျဉ်းသော အရေးအသားများ (အပိုင်း - ၁)

နိဒါန်း (အမှာစာ)


                    ရေးမယ်လို. စိတ်ထဲပျိုးထားတာ ကြာပါပြီ။ အပျင်းကြီးနေတာ အခုတော့ တစ်ပိုင်းပြီး တစ်ပိုင်း ဖြည်းဖြည်းချင်းပဲ ရေးသွားတော့မယ်လို. ဆုံးဖြတ်ထားပါတယ်။ ငွေကြေးကလွဲလို. လူတွေအပါအ၀င် အရာရာကို စိတ်ကုန် ငြီးငွေ. ရိုးအီပြီး ပြည့်သိပ် မွန်းကျပ် အဖျားတက်နေတဲ့ နေ.စဉ်ဘ၀ထဲက ထွက်ပေါက်တစ်ခုအနေနဲ. ရေးဖြစ်ခဲ့တယ်။ ကျွန်တော်ဟာ ဘယ် (နိုင်ငံရေးပါတီဝင်/အသင်းဝင်/အဖွဲ.၀င်/နိုင်ငံ့ဝန်ထမ်း/အစိုးရ၀န်ထမ်း သား/သြဇာခံ/နိုင်ငံရေးသုခမိန်/ပညာရှင်/ကျမ်းပြုဆရာ) ဘာတစ်ခုမှ မဟုတ်သလို တိုင်းပြည်အနာဂတ်ခေါင်းဆောင်ဆိုတဲ့ ခုခေတ်လူငယ်တွေ နိုင်ငံရေးသိပ္ပံမေဂျာဆိုတာ ကြားတောင် မကြားဖူးကြတော့တဲ့ မြန်မာပြည်ကြီးက သာမန် ဗမာလူမျိုး မြန်မာလူငယ်တစ်ယောက်ပါပဲ။ ဒီမှတ်စုတွေဟာ ဖတ်ခဲ့ဖူးသမျှ ဒီမိုကရေစီနဲ. ပတ်သက်တာတွေကို တခြားကြားဖူးနားဝလေးတွေနဲ. ရောသမပြီး ပြန်လည်ဝေမျှချင်တဲ့စိတ်နဲ. နားလည်သလို ပြန်ချရေးထားခြင်းမျိုး ဖြစ်ပြီး ကိုယ်ပိုင်အယူအဆအနည်းငယ်နဲ.အတူ (မြန်မာဘာသာအနေနဲ. ရှိထားသင့်တယ် ယူဆလို.) တိုက်ရိုက်ဘာသာပြန်ဆိုထားတဲ့ စာသားတွေလည်း များစွာရောယှက်ပါဝင်နေသလို ရှောင်လွှဲမရတဲ့ တချို.ဝေါဟာရအသုံးအနှုန်းတွေကလွဲလို. ရိုးရှင်းတဲ့ စကားလုံးတွေကိုသာ တတ်နိုင်သမျှ ရွေးချယ် ရေးသားထားပါတယ်။ အခြေခံဖတ်စာ (Primer) အဆင့်လောက်ပဲ ရှိမယ့်၊ Marginalia လို. သတ်မှတ်ချင်တဲ့ ဒီ မှတ်စုအပိုင်းအစတွေကို ဖတ်ပြီး လွဲချော်နေတဲ့ အယူအဆတွေကို မတည့်မတ်ပေးနိုင်သည့်တိုင် ဖတ်ရချောရင် ရေးပျော်ပါပြီ။ အဆင်မပြေမှုမျိုးစုံကြောင့် ညှိုးနွမ်းမှေးမှိန်နေရတဲ့ ကျွန်တော်တို.တွေမှာ Politically-educated မဖြစ်နိုင်သည့်တိုင်၊ ကိုယ့်တိုင်းပြည်နဲ. လူမျိုးအကျိုးစီးပွားအတွက် လွတ်လပ်စွာ ဆောင်ရွက်ခွင့် မရသေးသည့်တိုင် Political Awareness တော့ အဆင်သင့်ရှိထားကြဖို. အချိန်သင့်နေပါပြီ။ သီးခြားအသွင်အမြင် (အသွင်အပြင် မဟုတ်ဘူးနော်) တွေကို အသိအမှတ်ပြုတဲ့ ဒီမိုကရေစီဟာ ခေတ်ပေါ်လူ.ယဉ်ကျေးမှုစံချိန်စံနှုန်းတွေနဲ. လိုက်လျောညီထွေမှုရှိပြီး လွတ်လပ်၊ တရားမျှတတဲ့ လူ.ဘောင်အဖွဲ.အစည်းတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်တဲ့ အန္တိမနိုင်ငံရေးစနစ်တစ်ခု၊ စံနမူနာတစ်ခုလို. ယုံကြည်တဲ့အတွက် ဒီမှတ်စုတွေကို ရေးဖြစ်ပါတယ်။ တချို.တွေက စိတ်ပြတ်လက်ပြတ်/စိတ်ပျက်လက်ပျက် ပြောကြပါတယ်။ ငါတို.ကတော့ နိုင်ငံရေးကို မသိချင်ဘူး၊ စိတ်မ၀င်စားဘူး၊ မပြောချင်ဘူး၊ မပြောပါရစေနဲ.၊ ရှုပ်ထွေးတယ်၊ ငါတို.နဲ. လုံးဝ မသက်ဆိုင်ဘူးတဲ့။ အဲဒါဆိုရင် ကိုယ်မွေးလာမယ့် သားသမီးတွေက မေးရင် ဘယ်လိုရှင်းပြကြမလဲ၊ သမိုင်းအမှန်တွေကို ဘယ်လို လေးနက် မှတ်သား နားလည်ကြမလဲ၊ ဗဟုသုတအမှန်တွေကို ဘယ်လို သိရှိ မျှဝေ လက်ဆင့်ကမ်းကြမလဲ၊ မင်းမဲ့ဝါဒမဟုတ်တဲ့ နိုင်ငံရေးစနစ်လက်အောက်ခံ ဖွံ.ဖြိုးဆဲလူ.အဖွဲ.အစည်းတစ်ခုအတွင်းမှာ ရှင်သန်နေသရွေ. ကိုယ်နဲ.ဘာမှ မဆိုင်သလို လူစိတ်ကင်းမဲ့စွာ ခပ်တုံးတုံးပဲ နေထိုင်သွားတော့မှာလား။


၁းဝ။       ။ စကားလုံးဖွင့်ဆိုချက်၊ သမိုင်းအနှစ်ချုပ်နှင့် စံသတ်မှတ်ချက်တန်ဖိုးရှင်းတမ်း

၁း၁။       ။ ဒီမိုကရေစီ ဟူသော စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုချက်

             In the case of a word like DEMOCRACY, not only is there no agreed definition, but the attempt to make one is resisted from all sides. It is almost universally felt that when we call a country democratic we are praising it: consequently the defenders of every kind of regime claim that it is a democracy, and fear that they might have to stop using the word if it were tied down to any one meaning. Words of this kind are often used in a consciously dishonest way. That is, the person who uses them has his own private definition, but allows his hearer to think he means something quite different.
— George Orwell, (Politics and the English Language)

             ဂျော့အော်ဝဲလ် ရေးခဲ့တာတွေက အမှန်ပါပဲ။ ဒီမိုကရေစီလို စကားလုံးမျိုးအတွက် ကျစ်လျစ်ပြီး အများသဘောတူမယ့် အဓိပ္ပာယ်မျိုးကို ဖွင့်ဆိုဖို. မလွယ်ကူပါ။ ဒီမှတ်စုမှာတော့ အများလက်ခံနိုင်လောက်တဲ့ အပေါ်ယံဖွင့်ဆိုချက်မျိုးကိုသာ ဘာသာပြန်ပါရစေ။

             ဂရိဘာသာစကားက ဆင်းသက်လာတဲ့ အင်္ဂလိပ်စကားလုံး ဒီမိုကရေစီ (Democracy) ကို တိုက်ရိုက်ဘာသာပြန်ရရင် “Rule by the people” လို. အဓိပ္ပာယ်ရတယ်။ ဂရိလိုတော့ (dēmokratía)  dêmos = people နဲ. krátos = rule or power ဖြစ်ပါတယ်။ အကြမ်းဖျင်း သဘောကိုယ်အားဖြင့် နိုင်ငံရေးအယူအဆတစ်ခု၊ အစိုးရဖွဲ.စည်းပုံစနစ်တစ်ခု ဖြစ်ပြီး မူဝါဒတစ်ခုကို ပုံဖော် တည်ဆောက်တဲ့နေရာမှာ ခံယူချက်တွေ၊ သဘောထားတွေ၊ စေ့ဆော်မှု အသံတွေ ညီတူမျှတူ လွတ်လပ်စွာရရှိရေးကို ပဓာနပြု အခြေခံထားတာ ဒီမိုကရေစီ ဖြစ်ပါတယ်။ များသောအားဖြင့် ပြည်သူက မဲပေး၊ ရွေးကောက်တင်မြှောက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေတစ်ဆင့် ရပ်တည်ချက်အခြေအနေတွေကို ဖွင့်ဟထုတ်ဖော်ကြတဲ့ Representative Democracy ပုံစံအနေနဲ.ပဲ ရှိတတ်ပါတယ်။


၁း၂။         ။ ဒီမိုကရေစီ သမိုင်းအနှစ်ချုပ်


                ရှေးခေတ်ကမ္ဘာမှာ မျိုးစုံသော လူမျိုးနွယ်စုတို.ရဲ. အုပ်စုဖွဲ.ကျက်စားမှုတွေကနေ အသေးစားလူ.အဖွဲ.အစည်း (သို.) ရွာတွေ ဖြစ်လာကြပြီး မျက်နှာစုံညီ စည်းဝေးဆွေးနွေးပွဲတွေ အခါအားလျော်စွာ ကျင်းပကြ၊ ရွာသူကြီး (သို.) လူမျိုးခေါင်းဆောင်ရဲ. ဆုံးဖြတ်ချက်တွေကို သက်ကြီးပိုင်းလူထုက ကိုယ်စားလှယ်သဘောမျိုး အတည်ပြုထောက်ခံ (သို.) ငြင်းဆိုကန်.ကွက်ကြခြင်းဖြင့် Primitive Democracy (ခေါ်) ကမ္ဘာဦးအစ ဒီမိုကရေစီ ပေါ်ထွန်းလာခဲ့တယ်။ အစောပိုင်း ဒီမိုကရေစီပုံစံတွေဟာ ခုခေတ်ပုံစံနဲ. အလှမ်းဝေးပေမယ့် ဒီမိုကရေစ်ီရဲ. အဓိကကျတဲ့ အခြေခံသဘောတရား တည်ဆောက်ပုံ ဆင့်ကဲဖြစ်စဉ်တစ်ရပ်လုံးမှာ  အရေးပါတဲ့ ရှေ.ပြေးအသွင် လူ.အဖွဲ.အစည်းတွေ (Proto-democratic Societies) အနေနဲ. မက်ဆိုပိုတေးမီးယား၊ အိန္ဒိယနဲ. စပါတာ တို.ဟာ သတ်မှတ်ခြင်း ခံရပါတယ်။ ဂရိနိုင်ငံ၊ အေသင်မြို.ကို ဒီမိုကရေစီမွေးဖွားရာဒေသ (Point of Reference) အဖြစ် ဖတ်ဖူးသမျှ တော်တော်များများက ရေးကြတယ်။ အေသင်ဟာ မြို.ဖြစ်ပေမယ့် မြို.ပြနိုင်ငံ (City State) သဘောမျိုးဖြစ်ပါတယ်။ အေသင်မြို.မှာ ပေါ်လို. Athenian Democracy လို. ခေါ်ကြသလို Classical Democracy လို.လည်း သတ်မှတ်ကြတယ်။ သူ.ပုံစံကတော့ တိုင်းရေးပြည်ရေး ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ နိုင်ငံသား ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ရတဲ့ Direct Democracy နိုင်ငံရေးစနစ်မျိုး ဖြစ်ပြီး Pure Democracy လို.လည်း ခေါ်ကြသလို ကြားခံ လွှတ်တော်ကိုယ်စားလှယ်ထားရှိတဲ့ ဒီမိုကရေစီစနစ်တွေနဲ. မတူပါဘူး။

                   ဒီနေရာမှာ (ချန်လှပ်ထားခဲ့လို.မရနိုင်တဲ့) ဒီမိုကရေစီကို အုတ်မြစ်ချပေးခဲ့သူ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို အတိုချုံးပြောချင်ပါတယ်။ သူကတော့ ဂရိပညာရှိ ကဗျာစာဆို ဆလွန် (Solon) ဖြစ်ပါတယ်။ ဘီစီ ၇၀၀ ကျော်လောက်မှာ ပေါ်ထွန်းလာခဲ့တဲ့ အေသင်မြို.ကြီးဟာ အဲဒီခေတ်က တခြား မြို.ပြနိုင်ငံ အများစုလိုပဲ အာဏာရှင် လူချမ်းသာတစ်သိုက်ကပဲ ကြီးစိုးချယ်လှယ်ခံနေရပြီး အာဏာရှင်စနစ်ရဲ. ထုံးစံအတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာပေါင်းမျိုးစုံ ကြုံတွေ.နေရချိန် ဆင်းရဲ၊ ချမ်းသာကွာဟမှုကြား ဆူပူအုံကြွမှုတွေ ရာစုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့တယ်။ အဲဒီအချိန်မှာ ဆလွန်ဟာ အစွန်းလွတ်အောင် ကြားနေဖျန်ဖြေပေးနိုင်ခဲ့လို. အားလုံးရဲ. ထောက်ခံလေးစားမှုကို ရရှိပြီး နောက်ပိုင်းမှာ နိုင်ငံရေးလောကထဲ ၀င်ရောက်ကာ ဥပဒေပြင်ဆင်ထုတ်ပြန်သူ ဖြစ်လာခဲ့တယ်။ သူ.လက်ထက်မှာ အစိုးရဖွဲ.စည်းတည်ဆောက်ပုံတွေ၊ ဆောင်ရွက်လုပ်ကိုင်မှုတွေကို စနစ်တကျ ဘောင်ခတ်ပြီး စည်းကမ်းသတ်မှတ် ပြဌာန်းနိုင်ခဲ့တယ်။ နိုင်ငံသားတိုင်းကို ညီလာခံစည်းဝေးပွဲတွေ တက်ရောက်ခွင့်ရှိစေခဲ့တယ်။ ဥပဒေအတည်ပြုရေးနဲ. အစိုးရအရာရှိခန်.အပ်ရေးကိစ္စတို.မှာ လွတ်လပ်စွာမဲပေးခွင့် ရှိစေခြင်း၊ တရားရုံးတော်တွေရဲ. အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ၊ အယူခံလျှောက်လဲချက်တွေကို ညီလာခံမှာ ကြားနာစေခြင်းတို.ဖြင့် လွှတ်တော်ဟာ အချုပ်အချာအာဏာနယ်မြေတစ်ရပ်လို ဖြစ်လာပြီး ဒီမိုကရေစီဆန်လာခဲ့တော့တယ်။ ဘီစီ ၅၉၄ တစ်ဝိုက်လောက်က ဆလွန်ရဲ. ပြုပြင်ပြောင်းလဲရေးတွေဟာ အေသင်ရဲ. နိမ့်ကျနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့တယ်။

 
ရှေးခေတ်ဂရိပညာရှိ ကဗျာစာဆို နိုင်ငံရေးသမား ဆလွန် (Solon) (ဘီစီ ၆၃၈ - ဘီစီ ၅၅၈)
                                ဆလွန်ဟာ အေသင်မြို.သူမြို.သားအချင်းချင်း ကျွန်ပြုတဲ့စနစ်ကို ဖယ်ရှားပေးနိုင်ခဲ့သလို ငွေရှင်လူကုံထံတွေကိုပဲ အခွင့်သာစေတဲ့ ဥပဒေတချို.ကိုလည်း မျှတအောင် ပြင်ဆင်ပေးနိုင်ခဲ့တယ်။ ဆလွန်ရဲ. ကြိုးပမ်းချက်တချို.ဟာ ကာလတိုအတွင်း ကျရှုံးမှုတွေ ရှိခဲ့ပေမယ့် လက်ရှိခေတ်ဒီမိုကရေစီနဲ. ပထမဆုံးနီးစပ်လာတဲ့ Athenian Democracy ရဲ. အခြေခံအုတ်မြစ်တွေ ချမှတ်ပေးနိုင်ခဲ့တဲ့အတွက် ကဗျာစာဆို ဆလွန်ကို သမိုင်းဝင် ဥပဒေပြုပုဂ္ဂိုလ်တစ်ယောက်အဖြစ် အသိအမှတ်ပြုထားကြရတာပဲ ဖြစ်ပါတယ်။ (အဲဒီတော့ ဒီမိုကရေစီအစ ကဗျာဆရာက လို.ပြောရင် လွန်မယ် မထင်ဘူး)

                    ကာလာမရွာသူရွာသားတို.ကို ရှင်တော်ဂေါတမ (ဘီစီ ၅၆၃ - ဘီစီ ၄၈၃) ဟောကြားတော်မူခဲ့တဲ့ `ကာလာမသုတ်´ ထဲမှာ ဒီမိုကရေစီ အနှစ်သာရတွေကို တွေ.နိုင်ပါတယ်။ မြတ်စွာဘုရားဟာ သူဟောကြားခဲ့တဲ့ တရားလမ်းစဉ်တွေကို မျက်စိစုံမှိတ် မယုံကြည်စေခဲ့၊ မကိုးကွယ်စေခဲ့။ မှန်ရာကိုသာ ဟောကြားခဲ့ပေမယ့် အဝေဖန်ခံသလို ချင့်ချိန်စဉ်းစားပြီးမှ ကျင့်ကြံလိုက်နာစေခဲ့တယ်။ ဒါကိုကပဲ တရားနာသူတို.ကို ဒီမိုကရေစီအခွင့်အရေးပေးခြင်းတစ်မျိုးလို.လည်း သတ်မှတ်နိုင်တယ်။

                     နိုင်ငံရေးဒဿနသမိုင်းကို ရှေးခေတ်၊ အလယ်ခေတ်နဲ. ၁၈ ရာစုမှ လက်ရှိခေတ်ဆိုပြီး ပညာရှင်တွေ သုံးမျိုးပိုင်းထားကြတယ်။ ဒီမိုကရေစီသမိုင်းဖြစ်စဉ်ကို အဲဒီခေတ်သုံးခေတ်နဲ. ကာလ၊ ဒေသ ဆက်စပ်ပြီး တစ်ပိုင်းစီ ရေးသွားပါမယ်။

ရှေးခေတ်

                      ဘီစီ ၆၀၀ - ဘီစီ ၅။          ။ ရှေးခေတ်ဂရိနိုင်ငံမှာ အုပ်ချုပ်မှုပုံစံ အမျိုးမျိုးကြားထဲက တိုက်ရိုက်ဒီမိုကရေစီပုံစံတစ်မျိုးဖြစ်တဲ့ Athenian Democracy ပေါ်ထွန်းလာခဲ့။ စစ်ရေးစွမ်းရည်လေ့ကျင့် ပြီးမြောက်ထားကြတဲ့ အမျိုးသားများသာ မဲပေးခွင့် ရှိစေခဲ့ပြီး အမျိုးသမီး၊ အစေခံ၊ တိုင်းတစ်ပါးသားတွေ မဲပေးခွင့် မရှိခဲ့။

                     ဘီစီ ၅၀၀ - ဘီစီ ၂၇။         ။ ရှေးခေတ်ရောမနိုင်ငံတော်မှာ Representative Democracy စတင် သန္ဓေတည်ခဲ့တယ်။ ဒီနေ.ခေတ်ပုံစံမျိုးတော့ မဟုတ်သေးဘဲ မဲပေးပိုင်ခွင့် ကန်.သတ်ချက်တွေနဲ. ဧကရာဇ်ဘုရင်ရဲ. အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုတွေ ရှိနေဆဲ။

                     ဘီစီ ၆၀၀ - အေဒီ ၄၀၀။       ။ ရှေးခေတ်အိန္ဒိယမှာ ဗုဒ္ဓ၀ါဒထွန်းကားတဲ့ အရပ်ဒေသတွေမှာ ဒီမိုကရေစီမကျတကျပုံစံတွေ ဖြစ်ထွန်းမှု ရှိလာပြီ။ ဆွေးနွေးညီလာခံတွေ၊ စည်းဝေးပွဲတွေ လုပ်လာကြပြီ။ ဇာတ်အနိမ့်အမြင့် အင်မတန်ခွဲခြားတဲ့ အိန္ဒိယရဲ. လူမှုစနစ် (Caste System) ကြောင့် (ခုချိန်မှာ အဲဒီခေတ်ကလောက် မပြင်းထန်၊ မတင်းကျပ်တော့ပေမယ့်) အေသင်ဒီမိုကရေစီနဲ. ရောမစနစ်တို.လိုပဲ ချုပ်ချယ်ကန်.သတ်မှုတွေ ရှိခဲ့ပြီး ခုခေတ်ဒီမိုကရေစီ စံချိန်စံညွှန်းမျိုးတော့ လုံးဝမဟုတ်သေး။

အလယ်ခေတ်

                      ၅ ရာစု - ၁၆ ရာစု ။              ။ ဥရောပတစ်လွှားမှာ ရွေးကောက်ပွဲတွေ၊ ညီလာခံလွှတ်တော် အစည်းအဝေးပွဲတွေ လုပ်လာကြပြီ။

                      ၁၂၁၅ - ၁၆၈၉ ။       ။ ၁၂၁၅၊ အင်္ဂလန်မှာ Magna Carta ပဋိညာဉ်စာတမ်းကို ပြဌာန်းနိုင်ခဲ့ပြီး ဘုရင်တို.ရဲ. လုပ်ပိုင်ခွင့်အမိန်.တွေကို ကန်.သတ် လျှော့ချနိုင်ခဲ့တယ်။ ၁၂၆၅ မှာ ပထမဆုံး ရွေးကောက်ခံပါလီမန်စနစ် စတင်ဖြစ်တည်ခဲ့။ ရွေးကောက်ပွဲတွေဟာ လူအများကို ကိုယ်စားမပြုနိုင်သေး။ သက်ဦးဆံပိုင်ဘုရင်စနစ်ရဲ. ပါလီမန်အပေါ်လွှမ်းမိုးနိုင်စွမ်းတွေ ယုတ်လျော့ မှေးမှိန်လာ။ ၁၆၈၈ ခုနှစ်မှာ ဘုရင် ဂျိမ်းစ် (၂) ကို ဖြုတ်ချနိုင်ခဲ့တဲ့ တော်လှန်ရေးကြောင့် ပိုမိုအားကောင်းတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာခဲ့ပြီး ၁၆၈၉ မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံသားတို.ရဲ. အခြေခံအခွင့်အရေးဆိုင်ရာ ဥပဒေကြောင့် အနည်ထိုင်လာခဲ့။

၁၈ ရာစုမှ လက်ရှိခေတ်ထိ

                     ၁၇၈၈ ။             ။ အမေရိကန်တို. အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ပြီးနောက် ဖွဲ.စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့မှုကြောင့် နိုင်ငံသားအခွင့်အရေးတွေ (လွတ်လပ်ခွင့် + ရပိုင်ခွင့်) ကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ရွေးကောက်တင်မြှောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့။ အမေရိကန်နိုင်ငံကို ကမ္ဘာ.ပထမဆုံး လစ်ဘရယ်ဒီမိုကရေစီနိုင်ငံလို. သတ်မှတ်ကြပေမယ့် အစပိုင်းမှာ ထုံးစံအတိုင်း  လူဖြူအမျိုးသားများသာ မဲပေးပိုင်ခွင့်ရှိတဲ့ ကန်.သတ်ချက်မျိုးတွေ ရှိခဲ့။ အမျိုးးသမီးများနဲ. အာဖရိကလူမျိုးအများစုဖြစ်တဲ့ ငွေဝယ်ကျွန်တို.မှာ လူ.အခွင့်အရေးအပြည့်အ၀ရရှိဖို. ကာလရှည်ကြာ စောင့်စားခဲ့ကြရ။

                     ၁၇၈၉ ။              ။ ကမ္ဘာကျော် ပြင်သစ်တော်လှန်ရေးနဲ. ပြင်သစ်တို. ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားဆိုင်ရာ လူ.အခွင့်အရေး ကြေညာစာတမ်းတို.ဟာ ခုခေတ် နိုင်ငံတကာလူ.အခွင့်အရေးဆိုင်ရာညီလာခံတို.ရဲ. နောင်တော်ကြီးများဖြစ်လာ။ အမျိုးသားများသာ မဲပေးနိုင်ခွင့် ရှိနေသေးပေမယ့် အမေရိကန်နဲ. ပြင်သစ်တို.ဟာ နောက်ပေါ် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများအပေါ် သြဇာလွှမ်းမိုးမှု ရှိခဲ့။

                     ၁၉၁၇ ။             ။ ရုရှားမှာ ဗော်ရှီဗစ်တော်လှန်ရေးဟာ သက်ဦးဆံပိုင် ဇာဘုရင်တို.ကို အပြီးတိုင် ဖြိုချနိုင်ခဲ့။ လူကြိုက်များလာတဲ့ မာခ်စ်-လီနင်တို.ရဲ. အယူဝါဒ ရှေ.တန်းရောက်လာပြီး ဆိုဗီယက်ဒီမိုကရေစီ (Soviet Democracy or Council Democracy) လို.ခေါ်တဲ့ တိုက်ရိုက်ဒီမိုကရေစီတစ်မျိုး ပေါ်ပေါက်လာခဲ့။ သူ.ပုံစံမှာ လုပ်သားပြည်သူတို.က ကောင်စီ(သို.) ဆိုဗီယက်လို. ခေါ်တဲ့ ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ ဒေသအလိုက် လုပ်ပိုင်ခွင့်အာဏာအပ်နှင်း ရွေးချယ်တင်မြှောက်ကြ။ ဒေသတွင်းကိုယ်စားလှယ်မှတဆင့် တစ်နိုင်ငံလုံးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ.၀င်တွေကို စုပေါင်းရွေးချယ် ခန်.အပ်ပေးကြ။ အဲဒီ ဆိုဗီယက်ဒီမိုကရေစီဟာ ပြည်တွင်းစစ်နှင့် ကမ္ဘာစစ်အပါအ၀င် တခြားသောအကြောင်းကြောင်းတို.ကြောင့် ရေတိုအောင်မြင်မှုသာရရှိခဲ့ပြီး နောက်ပိုင်းတွင် ဗျူရိုကရေစီဆန်လာသလို အထက်မှ တိုက်ရိုက်အမိန်.ပေးခြင်းများသာ ဖြစ်လာခဲ့။ စတာလင်ရဲ. အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုပုံစံခွက်ထဲ သက်ဆင်းခဲ့ရသလို ဒီမိုကရေစီဆိုတာ စာရွက်ပေါ်မှာသာ ကျန်ရစ်ခဲ့။ ကွန်မြူနစ်စီးပွားရေးပုံစံ + ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် မှ ကွန်မြူနစ်စီးပွားရေးပုံစံ + အာဏာရှင်စနစ် ဖြစ်လာခဲ့။

                  ဒုတိယကမ္ဘာစစ်ကာလ။              ။ ဥရောပမှာ ဖက်ဆစ်တို.ကို နှိမ်နင်းနိုင်ဖို. မဟာမိတ်တို. စစ်အင်အားတိုးချဲ.ခဲ့ရ။ စစ်ပွဲအပြီးမှာ ဥရောပနိုင်ငံအများစုမှာ အမေရိကန်ရဲ. ကူညီထောက်ခံပေးမှုကြောင့် ဒီမိုကရေစီ ရရှိလာခဲ့ကြ။

                 ဒုတိယကမ္ဘာစစ်အလွန်ကာလ (ဥရောပ)။              ။ ကမ္ဘာစစ်ကြောင့် ဥရောပနိုင်ငံတွေ အားလျော့ချည့်နဲ.လာတာကို အခွင့်ကောင်းယူပြီး တတိယကမ္ဘာမှ ကိုလိုနီလက်အောက်ခံနိုင်ငံတို.ရဲ. လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုတွေ အောင်မြင်လာကြ။ လွတ်လပ်ရေးရပြီးနိုင်ငံတို.ရဲ. ထုံးစံအတိုင်း ဒီမိုကရေစီ ရဖို.ပါ ဆက်လုပ်လာကြ။ သူတို.ရဲ. အပျံသင်စ ဒီမိုကရေစီကြိုးပမ်းချက်အများစုဟာ အောင်မြင်မှု မရရှိကြရှာ။ အဓိကအကြောင်းတစ်ရပ်မှာ ဒီမိုကရေစီအထိုင်ကျပြီးသား အနောက်နိုင်ငံတွေဟာ ပထ၀ီဗဟိုပြု မဟာဗျူဟာ (Geo-strategic Politics) အရ ကမ္ဘာကြီးကို ထိန်းချုပ်လိုတဲ့ အတွက် ဖွံ.ဖြိုးဆဲတတိယကမ္ဘာမှာ အာဏာရှင်စနစ်ကိုသာ ပိုမိုဖြစ်ထွန်းစေလိုကြ လို.ဖြစ်။ ဖြစ်မြောက်လာကြတဲ့ ဒီမိုကရေစီနိုင်ငံတချို.က သူတို.ကိုယ်သူတို. ဆိုဗီယက်သြဇာခံလို. အခိုင်အမာ ထုတ်ဖော်ကြေညာလာကြ။

                 ဒုတိယကမ္ဘာစစ်အလွန်ကာလ (အာဖရိက)။      ။ကမ္ဘာစစ်တွေအပြီး အာဖရိကတိုက်မှာလည်း အကျင့်ပျက်အာဏာရှင်စနစ်သာ ကြီးစိုးနေခဲ့။ အာဖရိကနိုင်ငံပေါင်း ၄၀ ကျော်ဟာ လက်ရှိမှာ ရွေးကောက်ပွဲကျင်းပဖူးကြပြီး ဒီမိုကရေစီသို. လားလိုသော အရိပ်အရောင် ပြနေပေမယ့် စာရွက် (မီဒီယာ) ပေါ်မှာသာ လေကျယ်နေပြီး  စိန်ခေါ်ကျော်လွှားနိုင်ဖို. အများကြီးလိုနေသေးတာ တွေ.ရ။ (ဥပမာ - လေအကျယ်ဆုံး အာဏာရှင်တိုင်းပြည် ဇင်ဘာဘွေနှင့် သမ္မတမူဂါဘီ။

                 ဒုတိယကမ္ဘာစစ်အလွန်ကာလ (အိန္ဒိယ)။         ။ ၁၉၄၇၊ အိန္ဒိယတို. ဗြိတိသျှလက်အောက်မှ လွတ်မြောက်လာပြီး အိန္ဒိယ၊ ပါကစ္စတန်နှင့် အရှေ.ပါကစ္စတန် (အရှေ.ပါကစ္စတန်မှာ နောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာ) ဆိုပြီး သုံးနိုင်ငံအဖြစ် ကွဲထွက်သွား။ အိန္ဒိယဟာ နောင်တွင် ကမ္ဘာ.အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့ပေမယ့် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို.မှာမူ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်ကြား လွန်ဆွဲခြင်း ပြဿနာတွေထဲမှာ ရုန်းကန်လို.မဆုံးနိုင်သေး။

                 ဒုတိယကမ္ဘာစစ်အလွန်ကာလ (လက်တင်အမေရိက)။           ။ ကမ္ဘာစစ်တွေအလွန် လက်တင်အမေရိကနိုင်ငံမှာလည်း အမေရိကန်ပံ့ပိုးထားတဲ့ အာဏာရှင်တို.သာ လွှမ်းမိုးကြီးစိုးထားခဲ့။ လက်ရှိမှာ နိုင်ငံအများစုဟာ ဒီမိုကရေစီ ရရှိပြီးကြပေမယ့် စီးပွားရေးဝိ၀ါဒကွဲပြားမှုတွေနဲ. ရင်ဆိုင်ဖြေရှင်းနေရဆဲ။

                 ဒုတိယကမ္ဘာစစ်အလွန်ကာလ (အာရှ)။          ။ လက်ရှိအချိန်ထိ အာရှနိုင်ငံတချို.မှာ အာဏာရှင်တွေသာ ကြီးစိုးထားကြဆဲ။ တချို.နိုင်ငံတွေကတော့ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲဝင်၊ ကူးပြောင်းလာခဲ့ကြ။


၁း၃။            ။ ဒီမိုကရေစီ စံသတ်မှတ်ချက်တန်ဖိုးရှင်းတမ်း


                အပေါ်မှာ နောက်ခံသမိုင်းကြောင်းတွေကို ကာလ၊ ဒေသအလိုက် (တတ်နိုင်သမျှ) စုံလင်အောင် ရေးပြထားရတာဟာ ဒီမိုကရေစီ ဆိုတာ အနောက်နိုင်ငံတို.ရဲ. တန်ဖိုးမျှသာ မဟုတ်၊ တစ်ကမ္ဘာလုံးနဲ. ဆိုင်တဲ့ စံနှုန်း၊ တန်ဖိုးဖြစ်တယ်ဆိုတာကို ရှင်းလင်းစေချင်လို.ပါပဲ။ ဥရောပ ဗဟိုပြု ကမ္ဘာ.သမိုင်းအမြင်ကတော့ ရှေးခေတ် ဂရိတို.ရဲ. ဒီမိုကရေစီဟာ သိုးဆောင်းတို.ရဲ. ဒီမိုကရေစီသာ ဖြစ်တယ်လို. ဆိုပြီး ဂရိကို ဥရောပတိုက်နဲ. အနောက်ကမ္ဘာတို.ရဲ. တစ်စိတ်တစ်ဒေသအဖြစ် ထည့်သွင်းသတ်မှတ်ထားကြတာ ရှိပေမယ့် ဂျွန်ဟော့ဘ်ဆန် (John Hobson) ရဲ. The Eastern Origins of Western Civilisation စာအုပ်အဆိုအရ ရှေးခေတ် ဂရိနဲ. ရောမနိုင်ငံတို.ဟာ ကမ္ဘာ.အရှေ.အလယ်ပိုင်းရဲ. ယဉ်ကျေးမှုထွန်းကားရာ (အရှေ.ဘက် ပိုယိမ်းတဲ့) ဗဟိုချက်များအဖြစ် သတ်မှတ်ထားကြရာကနေ နှစ်ပေါင်းများစွာကြာမှ အနောက်နိုင်ငံစာရင်းထဲကို သွတ်သွင်းခံခဲ့ကြရတာမျိုး ဖြစ်တယ်လို. ဆိုပါတယ်။ အနောက်ဥရောပနိုင်ငံတွေဟာ ဂရိတို.ရဲ. ဒီမိုကရေစီလမ်းစဉ်ကို ချေးငှားကျင့်သုံးပြီး သူတို.ကပဲ ဒီမိုကရေစီဆိုတာကို မွေးထုတ်ခဲ့သလိုလို လုပ်နေကြတာ၊ အုံကြွလာတဲ့ မွတ်ဆလင်တွေနဲ. ခရူးဆိတ်စစ်ပွဲကြီးတွေ ဖြစ်တော့မှ ကိုယ်ပိုင်လမ်းစဉ်၊ ကိုယ်ပိုင်အယူဝါဒသဘောတရား၊ ကိုယ်ပိုင်လက္ခဏာတွေ တည်ဆောက်မှ ဖြစ်တော့မယ်လို. သဘောပေါက် ခံယူလာကြတယ်။

                       ချုပ်ပြောရရင် ဒီမိုကရေစီဆိုတာ အားလုံးက သိထားသလောက်လေးထက် အများကြီးပိုမိုနက်ရှိုင်းကျယ်ပြန်.တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စ (သို.) ကမ္ဘာ.တန်ဖိုး/အားလုံးရဲ. စံတန်ဖိုး ဖြစ်ပါတယ်။ သမိုင်းပြဌာန်းချက်/သမိုင်းဖတ်စာ ဆိုတိုင်းလည်း အမှန်တွေချည်းပဲလို. ယူဆနားလည်လို. မရဘဲ ၀ါဒဖြန်.ချီရေးအမျိုးမျိုးကြားထဲမှာ သမိုင်းကြောင်းတစ်ခုထဲကိုပဲ အမျိုးမျိုး လိုရာဆွဲယူ ဖန်တီးနိုင်တဲ့ အနေအထား/သဘာဝကို သတိပြု အလေးထားသင့်ပါတယ်။ ဆင်တူယိုးမှားသဘောတရားတွေ၊ ၀ါဒချေးငှားမျိုးပွားမှုတွေ၊ ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊ ယဉ်ကျေးမှု ကူးလူး ရောယှက် ရိုက်ခတ်မှုတွေကိုလည်း (ပုံပြင်ရှည်ကြီးများလို.သာ သဘောထားလို. မရနိုင်ဘဲ) ထည့်စဉ်းစားရမှာ ဖြစ်သလို တချို.တွေက ဒီမိုကရေစီကို ဘာလို. ကြိုးစားပမ်းစား ဆန်.ကျင်တိုက်ခိုက်နေရသလဲ၊ တချို.ကတော့ ကိုယ်နဲ. မဆိုင်သလို ဥပေက္ခာပြုချင်နေရသလဲ၊ တချို.ကျတော့ စွန်.ခြင်းအမျိုးမျိုး (မိသားစုစွန်.၊ ကိုယ်ကျိုးစွန်.၊ အသက်စွန်.) နဲ. တိုက်ပွဲဝင်နေရသလဲ၊ ၀င်ခဲ့ရသလဲ၊ အဲလိုတွေ စတေးခံပြီး တိုက်ပွဲဝင်ဖို. ဒီမိုကရေစီဟာ တကယ်ပဲထိုက်တန်ပါရဲ.လား၊ ထိုက်တန်တယ်ဆိုရင်ကော ဘယ်လိုအကြောင်းတရားများကြောင့်လဲ၊ ဒီမိုကရေစီမှာ ဘာတွေများ ထူးထူးခြားခြား ဆွဲဆောင်နိုင်စွမ်း ရှိနေပါသလဲ ဆိုတာတွေကိုလည်း နားလည်နိုင်ဖို. အများကြီး လေ့လာရပါဦးမယ်။ 

                        ဒီမိုကရေစီနှင့် စပ်လျဉ်းသောအရေးအသားများရဲ. အပိုင်း (၁) ဒီတင် ပြီးပါပြီ။

အဆင်ပြေနိုင်ကြပါစေ။
ခွန်းချို
စက်တင်ဘာ ၁၀ - ၁၂၊ ၂၀၁၀

Saturday, November 27, 2010

ကျွန်တော်နှင့်ရောက်တတ်ရာရာလောက

ငါတို့တွေဟာ
လှေကားတစ်စင်းလို နေ့စဉ်ဖြတ်သန်းခဲ့ကြတယ်
ဒါပေမယ့် ဘဝဟာ စီးစောလောက်ကစားလို့မကောင်းမှန်း
မမြင်ချင်ဟန်ဆောင်နေကြ
ဆောင်ခဲ့ကြ…

ချိတ်ပိတ်ထားသော စာအိတ်တစ်အိတ်
စုတ်ပြဲနေပြီဖြစ်သော ဂျွန်လင်နွန်၏လက်ရေးမူတစ်ခု
ပီကာဆို၏ပန်းချီကားတစ်ချပ်
လူတိုင်းနီးပါးရသော ဘွဲ့လက်မှတ်တစ်ခု
ဘယ်ဟာမှ
ငါ့နှလုံးသားလောက် ဖတ်လို့မကောင်းဘူး…

“မင်းနဲ့ငါ” “ငါနဲ့မင်း”
ငါတို့တွေ စစ်တိုက်ကြရမယ့်အရွယ်တွေ မဟုတ်တော့ဘူး
တစ်ဖက်နဲ့တစ်ဖက်ပေါင်းလိုက်ရင်
တစ်ခါတစ်လေလည်း နှစ်ဖက်မဖြစ်နိုင်တော့ဘူးပေါ့…

အဓ္ဓမပြုကျင့်ခံရတိုင်းလည်း
ပြုကျင့်ခံရတဲ့သူက အလုံးစုံနစ်နာတာမှမဟုတ်ပဲ
တစ်ခါတစ်လေတော့လည်း ငါတို့တွေ
တရားမစီရင်ကတည်းက လက်ဖက်စားသင့်တယ်…

တစ်နဲ့သုညချင်းတူပေမယ့်
နေရာအထားအသိုမှားယွင်းသွားရုံလောက်နဲ့
မျက်လုံးတွေက အကျဉ်းအကျယ် ကွာသွားတယ်…

ခုံနှစ်ခုံရှိတယ် လူနှစ်ယောက်ရှိတယ်
ဒါဆိုရင် ငါတို့အတွက် ငြိမ်းချမ်းဖို့(လမ်းစ)ရှိတယ်
ခုံတစ်လုံးပိုမလာပါစေနဲ့လို့ ငါတို့တွေက ဆုတောင်းရုံသာ….

သရုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း
ဖက်တာကဖက်တာ
နမ်းတာကနမ်းတာပဲလေ
စကားရောဖောရောတွေကို
ကျွန်တော်တို့တွေ အလိုရှိကြသည်
ကျွန်တော်ကတော့ မလိုမရှိပါ….

ပဋိ စ္စသမုပ္ပာဒ်ကိုရပ်တန့်ဖို့အတွက်
ငါတို့တွေ နဖူးကချွေး ခြေမကျတယ်
ပြီးတာ့ မတည့်တာတွေ မုန်းတာတွေ မစားသင့်တာတွေ မချိမဆန့်တွေနဲ့
နောက်တော့လည်း “ သြကာသ သြကာသ”လို့အော်ပြီး
ဒီဃာယုဆေးကိုပဲ အလုအယက်ရှာကြဦးမယ် ။ ။
Metalman

အောင်ဆန်း-အက်တလီစာချုပ်

AungSan-Atlee Agreement

Friday, November 26, 2010

Thursday, November 25, 2010

ရယ်ချင်သူများအတွက် ဖားမင်းဆွေ၏စာတပုဒ်

ဖားမင်းဆွေ ခေါ် ငါးမင်းဆွေမှ The Voice ဂျာနယ်ကိုအိပ်ဖွင့်ပေးစာတဲ့ဗျာ ဒီစာကိုဖတ်ပြီးမှပဲ သူစာတွေကိုအစိုးရသတင်းစာတွေကလွဲရင် ဘယ်မီဒီယာကမှမထည့်တာကို သဘောပေါက်တော့တယ် တော်တော်လည်းရူးကြောင်ကြောင်နိုင်တဲ့ဘဲကြီးဗျာ ဟာသမဟုတ်ပေမဲ့လည်း တော်တော်တော့ရီရပါတယ်





လိုအပ်ချက်နှင့် ကရုဏာ




                              လွန်ခဲ့တဲ့ ၃ လ လောက်က ၀မ်းမြောက် အားတက်ဖွယ်ရာ သတင်းတစ်ပုဒ်ကို ကြားသိခဲ့ရပါတယ်။ အားလုံးလည်း သိကြပြီးသား ဖြစ်မှာပါ။ ကမ္ဘာ.အချမ်းသာဆုံးပုဂ္ဂိုလ် နှစ်ဦး ဖြစ်တဲ့ Warren Buffett နဲ. Bill Gates တို.ရဲ. ဦးစီးလှုံ.ဆော်မှုကြောင့် အမေရိကန် ဘီလျံနာ အယောက် ၄၀ (နယူးယောက် မြို.တော်ဝန် Michael Bloomberg အပါအ၀င်) တို.ဟာ သူတို. ပိုင်ဆိုင်မှုအစုစုရဲ. တစ်ဝက်ထက် မနည်း လှူဒါန်းသွားမယ်လို. ကတိပြုခဲ့ကြတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ.က ၀န်ခံကတိလက်မှတ်တွေ ထိုးခဲ့ကြတယ်။ Warren Buffett က စတော့ရှယ်ယာ ကစားတတ်သူ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သူဌေးကြီး ဖြစ်ပြီး Bill Gates ကတော့ Microsoft တည်ထောင်သူ (နောက်ပိုင်းတွင် Bill & Melinda Gates Foundation တည်ထောင်) သူဌေးကြီး ဖြစ်ပါတယ်။ (စက်တင်ဘာတုန်းက သူတို.နှစ်ဦး တရုတ်ဘီလျံနာတွေဆီ စည်းရုံးရေး ခရီးထွက်ခဲ့ပေမယ့် တရုတ်တို.က အတွေ.မခံခဲ့ဘူး)

               အဲဒီ သူဌေးကြီး နှစ်ဦးဟာ လူမျိုးမရွေး၊ ဘာသာမရွေး ကမ္ဘာအရပ်ရပ်က ဆင်းရဲမွဲတေသူတွေ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ.နေရသူတွေ၊ ရောဂါဘယ အမျိုးမျိုး ခံစားနေရသူတွေ၊ ပညာရေး ချို.တဲ့သူတွေကို ကိုယ်ပိုင်ငွေကြေး ဘီလျံပေါင်းများစွာ လှူဒါန်း ကူညီနေကြသူတွေ ဖြစ်တယ်ဆိုတာ အထူးပြောဖို. လိုမယ် မထင်ပါ။ တခြား သူဌေးတွေပါ လှူဒါန်းလာအောင် လှုံ.ဆော်စည်းရုံးနိုင်ခဲ့တာကလည်း ကျေးဇူးတင်ဖွယ်၊ ချီးကျူးဖွယ်ရာ ကောင်းပါတယ်။ (နိုဘယ်ငြိမ်းချမ်းဆုကို ပူးတွဲ ပေးသင့်ပါတယ်)

               သူတို.လိုပဲ မြန်မာနိုင်ငံမှာလည်း သီတဂူဆရာတော်ကြီး၊ ယောဆရာတော်၊ ကုသိုလ်ဖြစ်ဆေးခန်းများ ဖွင့်လှစ်ကုသပေးနေသော ရွှေပြည်ဟိန်းဆရာတော်၊ မေတ္တာရှင်ဆရာတော်၊ ကိုးဘွဲ.ရဆရာတော် စသဖြင့်…..ကရုဏာရှင် ဆရာတော်တွေ အများကြီး ရှိပါတယ်။ အဲဒီဆရာတော်ကြီးတွေရဲ. ဦးစီး တက်ကြွ ဆောင်ရွက်မှုတို.ကြောင့်ပဲ အလှူရှင်တွေဘက်ကပါ တက်ကြွပါဝင်လာပြီး ကူညီ လှူဒါန်းလာကြ၊ သဒ္ဒါတရား ထက်သန်လာကြတာပဲ ဖြစ်ပါတယ်။

                သီတဂူဆရာတော်ကြီးဆိုရင် စစ်ကိုင်းတောင် တစ်တောင်လုံး ရေရရှိရေးအတွက်သာမက အာယုဒါန ဆေးရုံတွေကိုလည်း ဦးဆောင် တည်ထောင်ပြီး လူနာတွေကို ကယ်တင် စောင့်ရှောက်ပေးလျက် ရှိပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ခံ လေဘေးသင့် ပြည်သူတွေအတွက်လည်း ကုသိုလ်ရှင်တွေကို လှုံ.ဆော်ပြီး ကူညီ လှူဒါန်းခဲ့တာ ကျပ်ငွေ သန်းပေါင်း ၇၇၀၀ (သိန်း မဟုတ်ပါ၊ သန်း ၇၇၀၀) ရှိခဲ့တယ်လို. သိရပါတယ်။ လှူဒါန်းတယ်ဆိုတာလည်း တစ်ပွဲတိုး (ဆန်အိတ်တွေ) လှူဒါန်းရုံနဲ. မပြီးပါ။ တခြား လိုအပ်သေးတဲ့ Infra-structure (အခြေခံ အဆောက်အဦ၊ စာသင်ကျောင်းများ၊ ဆေးရုံများ ဆောက်လုပ် လှူဒါန်းခြင်း) တွေကိုလည်း ဆက်လက် ဆောင်ရွက်နေဆဲပါပဲ။

                 သီတဂူဆရာတော်ကြီးလိုပဲ လူပုဂ္ဂိုလ်တွေထဲမှာ ဆင်းရဲဒုက္ခရောက်နေသူတွေကို တတ်နိုင်သမျှ ကူညီ ထောက်ပံ့ လှူဒါန်းနေတဲ့ ကရုဏာရှင်တွေ ရှိပါတယ်။ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်း ၊ ဦးကျော်သူရဲ. သာရေး နာရေး ကူညီမှု အသင်းများ၊ မင်္ဂလာဗျူဟာ ပရဟိတအဖွဲ.၊ Shine Hope ပရဟိတအဖွဲ.၊ I Love Myanmar ၊ ရတနာ့မေတ္တာ၊ AFXB ၊ Save the Children ၊ ပရဟိတ မိဘမဲ့ ဂေဟာများ၊ ဘုန်းတော်ကြီး စာသင်ကျောင်းများ……စသဖြင့်….အများကြီး ရှိပါတယ်။ လေးစား အားကျ ကျေးဇူးတင်ဖို.လည်း ကောင်းပါတယ်။

                  အဲဒီလို ကရုဏာရှင်တွေကို စံနမူနာထားပြီး မြန်မာနိုင်ငံထဲမှာ နေထိုင်ကာ စီးပွားရေး မျိုးစုံ လုပ်ကိုင် ငွေရှာနေတဲ့ ကြွယ်ဝချမ်းသာ ပြည့်စုံတဲ့ သူဌေးကြီးတွေအနေနဲ. ကိုယ့်နိုင်ငံတွင်း ဆင်းရဲဒုက္ခရောက်နေသူတွေကို ထောက်ပံ့ ကူညီ လှူဒါန်းကြသင့်ပါတယ်။

                 ဂေါတမဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က တစ်နေ. အာဠ၀ီပြည်ကို ကြွတော်မူရာ လမ်းခရီးမှာ ဆာလောင် မွတ်သိပ်နေတဲ့ ဆင်းရဲသား ပုဏ္ဏားတစ်ယောက်ကို တွေ.မြင်တယ်။ ဘုရားရှင်က ပုဏ္ဏားကို ထမင်း အရင် ကျွေးပြီးမှ တရားဟောတယ်။

                 အဲဒီအခါ ရဟန်းတချို.က ကဲ့ရဲ. ပြစ်တင်ကြတော့ ဘုရားက ‘ချစ်သားတို. ၊ ဆာလောင်မွတ်သိပ်နေသူကို တရားဟောသော်လည်း အချည်းနှီးပင်၊ ထို.ကြောင့် ငါသည် မွတ်သိပ်သူကို အစာ အရင် ကျွေးပြီးမှ တရားဟောရခြင်း ဖြစ်သည်။ လောက၌ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်းနှင့် တူသော ရောဂါ မရှိ´ လို. ဆိုဆုံးမတော်မူတယ်တဲ့။

                မန္တလေးမှာ ရေကြီးတုန်းက ထမင်းထုပ် မပေး၊ သောက်ရေ မပေးဘဲ ယူနီဖောင်းနဲ. ဦးထုပ် ဝေငှတယ်ဆိုတာမျိုးဟာ (လုံးဝ) မလုပ်သင့်ပါ။ အခု ဂီရိမုန်တိုင်းကြောင့် သတင်းတချို.ရဲ. အဆိုအရ လူပေါင်း ၁၀၀ ကျော် သေဆုံးတယ်လို. သိရသလို တချို.က ၄၅ ယောက်၊ အစိုးရ သတင်းထုတ်ပြန်ချက်များအရ ၂၇ ယောက် သေဆုံးတယ်လို. အမျိုးမျိုး ကြားသိရပါတယ်။ ဘာပဲပြောပြော သေချာတာကတော့ လူ သောင်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတယ် ဆိုတာပါပဲ။

                မြန်မာနိုင်ငံတွင်းမှာ သာသနာပြုနေကြသူများ၊ ကြွယ်ဝ ချမ်းသာ ပြည့်စုံ ပိုလျှံနေကြသူများ၊ မဲဆွယ်နေကြသူများ အနေနဲ. (အထက်ဖော်ပြပါ) ဘုရားရှင်ရဲ. အဆုံးအမကို ဆင်ခြင် နှလုံးသွင်းပြီး ကူညီ လှူဒါန်းကြသင့်ပါတယ်လို. တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါရစေ။




(ကြုံတုန်း သတင်းကောင်းတစ်ခု ပါးလိုက်ပါရစေ။ တစ်ခေတ်မှာ တစ်ယောက် ပေါ်ထွန်းတယ်လို. ဆိုရမယ့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အဖြစ် သတ်မှတ်ခြင်း ခံရသူ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင် ဥာဏိဿရ၊ အဂ္ဂမဟာပဏ္ဍိတ၊ Ph.D, D.Litt (သက်တော် - ၇၃ နှစ်) ရဲ. ထေရုပတ္တိကို အမျိုးသားစာပေဆုရ စာရေးဆရာကြီး မင်းယုဝေ (အသက် - ၈၂ နှစ်) က ဆရာတော်ကြီးရဲ. ခွင့်ပြုချက်နဲ. ရေးသားခဲ့ရာ အခုအခါ ပြီးဆုံးသွားခဲ့ပြီး လုံးချင်းစာအုပ်အနေနဲ. စာမျက်နှာ ၄၅၀ ကျော် စာအုပ်ကြီးအနေနဲ. မကြာမီ ထွက်ရှိလာပါတော့မယ်ဆိုတဲ့ အကြောင်း…)




(မှီငြမ်း ကိုးကားချက် - မြတ်မင်္ဂလာစာစောင်၊ နိုဝင်ဘာလထုတ်၊ ၂၀၁၀)




(ကြုံတုန်း ပြောချင်သေးတာက သီတဂူဆရာတော်ကြီး ၂၀၁၁ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိရေးအတွက် လွန်ခဲ့တဲ့ တစ်လလောက်က ခေတ်ပြိုင်၊ မဇ္စိုမ၊ ဧရာဝတီ၊ မိုးမခ၊ DVB ၊ Eleven Media Group နဲ. Si Ta Gu Star (သီတဂူကျောင်းတိုက်) တို.ကို အီးမေးလ်တစ်စောင်စီ ရှင်းလင်း ရေးသား ပေးပို.ခဲ့ပေမယ့် အခုထိ ဘာမှ အကြောင်း ပြန်ကြားခြင်း မရှိသေးပါ။ ကျွန်တော့်ထက် အဆက်အသွယ် ကောင်းသူ၊ လှုပ်ရှား ဦးဆောင်နိုင်သူများ အနေနှင့် ကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်)




Khun Cho


နို၊ ၂၀၁၀

လေးစားစရာကောင်းသူများ

အသားလတ်လတ်၊ ကိုယ်ဟန်သွယ်နွဲ့နွဲ့ဖြင့် အသက်၈၀ အရွယ် အမေနု က သူ့ကို ရွှေတွေငွေတွေ ပုံပေးပါစေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ် အဆောက်အအုံကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေလိုသေးသရွေ့ ငှားခြင်း၊ ရောင်းခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောပြသည်။

owner
ဒေါ်အောင်ဆန်းစုကြည်လိုအပ်သရွေ့ NLD ရုံးချုပ် အဆောက်အအုံကို ဆက်လက် ငှားရမ်းနေဦးမည့် အမေချော(ဓာတ်ပုံ - ဧရာဝတီ)
“ဒီနေရာကို ဈေးကောင်းပေးပြီး လာဝယ်ကြတယ်၊ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီးတော့လည်း လာပြောကြတာ ရှိတယ်၊ အမေ မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် နေလိုသရွေ့နေပါစေဆိုတဲ့ သွားလေသူရဲ့စကားလည်း ရှိတယ်၊ အမေကလည်း ကိုယ်
တတ်နိုင်တာလေ၊ ကူညီအားပေးချင်တယ်”ဟု NLD ရုံးနေရာပိုင်ရှင်ဖြစ်သော အမေနုက မှုန်သီသီ မျက်လုံးများဖြင့် ကြည့်ပြီး ဖြည်းဖြည်းခြင်း ပြောသည်။

အမေနု၏ ခင်ပွန်းဖြစ်သူ ဦးထွန်းကြိုင်က သူပိုင်ဆိုင်သော အဆောက်အအုံအား NLD ရုံးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ပိုင်း ကတည်းက စတင်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

NLD ရုံးကို စတင်တည်ထောင်စဉ်က ရုံးချုပ်နေရာမှာ ရွှေဂုံတိုင်တွင်မဟုတ်ဘဲ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ခြံ နှင့် မလှမ်းမကမ်း ခြံဝန်းတခုတည်းတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။

သို့သော်လည်း ၁၉၈၉ ခုနှစ်အတွင်းမှာပင် ထိုခြံရှင်အား စစ်အစိုးရက ဖိအားပေးသောကြောင့် ခြံရှင်မှာ ဆက်မငှားရဲတော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ရုံးခန်းဖွင့်ရန် ရှာဖွေခဲ့ရကြောင်း၊ ထိုကာလမှာပင် ဦးထွန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကသာ သူ့အိမ်ကို လိုချင်တယ်ဟု ပြောလျှင် ငှားပေးပါမည်ဟု ပြောခဲ့သည့်အတွက် NLD ရုံးချုပ်မှာ လက်ရှိ ရုံးချုပ်နေရာ ရွှေဂုံတိုင် တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဦးထွန်းကြိုင် တိမ်းပါးသွားသည့်အခါမှာလည်း အမေနုက ထိုကတိကို ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဦးထွန်းကြိုင်၏ ဆွေမျိုးနီးစပ်သူ အမေချောကလည်း ဒေါ်အောင်ဆန်းစုကြည်က နေချင်သေးသရွေ့တော့ သူတို့ဘက်မှ ကတိကို ပျက်စေမှာ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီအားပေးခြင်းမှာ တိုင်းပြည်ကို ကူညီအားပေးခြင်းသာ ဖြစ်သည်ဟု လက်ခံထားကြောင်း အမေချောက သူ့သဘောထားကို ပြောပြသည်။

“အဖေ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ နေလိုသရွေ့ ဘယ်တော့မှ မဖယ်ခိုင်းပါနဲ့တဲ့၊ ပြီးတော့ ဘာအကြောင်းကြောင့်မှလည်း ဒီကတိကို မပျက်ပါစေနဲ့လို့ တဖွဖွ မှာခဲ့တာပဲ၊ ကြီးကြီးလည်း ကတိပေးခဲ့တယ်၊ တည်စေရမယ် စိတ်ချပါလို့”ဟု အမေချော က ဆိုသည်။ အမေချောက ဦးထွန်းကြိုင်၏ စကားကိုနားထောင်ပြီး ကတိစကားကိုမြဲရန် စောင့်ရှောက်နိုင်ခဲ့သူ ဖြစ်သည်။

သေးသေးသွယ်သွယ် ဖျပ်ဖျပ်လတ်လတ်နှင့် အသက် ၇၀ အရွယ် အမေချောကို စစ်အစိုးရက NLD အား ရုံးခန်း ငှားပေးသည့် အတွက်ဟုဆိုကာ ဒီပဲယင်းအကြမ်းဖက်မှုအပြီး ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး လွန်ခဲ့ သော ၂ နှစ်ခန့်ကလည်း NLD ရုံးကို မငှားတော့ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

“ကြီးကြီးကလည်း ပြောလိုက်တာပေါ့၊ ဒီရုံးကို စငှားခဲ့တာ အဖေက ငှားခဲ့တယ်၊ အဖေက ဒေါ်အောင်ဆန်းစုကြည်နဲ့ငှားခဲ့ စာချုပ် ခဲ့ကြတယ်ဆိုတော့ ဒီစာချုပ်ကို ကျမတို့ဘက်ကတော့ ဖျက်လို့မဖြစ်နိုင်ဘူးလို့။ အဖေက ဖျက်ဆိုမှပဲ ဖျက်နိုင်တော့မယ်လို့ ပြော လိုက်တာပဲ”ဟု အမေချောက ပြောသည်။

အသက် ၈၀ ကျော် အမေနုနှင့် အသက် ၇၀ ၀န်းကျင်အရွယ် အမေချောတို့အား အာဏာပိုင်များက မည်ကဲ့သို့ ဖိအားပေးစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရုံးခန်းဖွင့်နိုင်ရေးအတွက် ဆက်လက်ငှားရမ်းပေးနေဦးမှာပဲ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငှားရမ်း ပေးနေခြင်းမှာ ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း အားပေးကူညီလိုသည့် စိတ်ကြောင့် ဖြစ်ကြောင်း အမေချောက ပြောဆိုသည်။

“အစ်မက  ဒီအိမ်ရှင်တွေရဲ့ ကျေးဇူးကိုအမြဲ အသိအမှတ်ပြုထားတယ်၊ ဒီနေရာက ဈေးသိပ်ကောင်းပါတယ်၊ အမေချောတို့က သူတို့ ပိုင်တာလေးတွေကို ဖဲ့ဖဲ့ရောင်းနေပေမယ့် ဒီနေရာလေးကိုတော့ မရောင်းရှာဘူး၊ ပြီးတော့သူတို့ကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ပြော ဆိုရင်လည်း အမေချောတို့က တင်းခံပြီးနေတာပဲ”ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင်တဦး က ပြောပြသည်။

ရုံးခန်းပိုင်ရှင်များဖြစ်ကြသော အမေနုနှင့် အမေချောအား ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မကြာခင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာပင် သွားရောက် ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြင်မှာ မြင်နေရရင်ကို အမေတို့က ကျေနပ်ဝမ်းသာနေတာပါ၊ အမေတို့ဘက်ကတော့ လုပ် ပေး နိုင်တာ မှန်သမျှ လုပ်ပေးဖို့ပါပဲ”ဟု အမေချောက ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို  တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန် ကြိုးစားနေသူများထဲတွင် အမေနုတို့၊ အမေချောတို့ ကဲ့သို့ ပြည်သူများလည်း ပါဝင်လျက်ရှိသကဲ့သို့ ဒေါ်လှကြည် ကဲ့သို့သော အသက် ၈၀ ကျော် အမယ်အိုကြီးလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။

“ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ နေတော့ နေ့တိုင်း ထောင်ရှေ့ကို သွားကြည့်တယ်၊ မေတ္တာပို့ပေးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ အဘွားက သူ့ကို တွေ့ချင်၊ အားပေးချင်တာ အိပ်မပျော် စားမ၀င်တောင် ဖြစ်တယ်”ဟု ရွှေဂုံတိုင် ရုံးသို့နေ့စဉ် လာစောင့်နေခဲ့သော ဒေါ်လှကြည်က ပြောပြသည်။

ငွေရောင် ဆံပင်၊ မျက်နှာအရေးအကြောင်း တွဲလျက်၊ တလှမ်းခြင်းဖြည်းဖြည်းမျှသာ သွားလာနိုင်တော့သော ဇရာထောင်းနေသည့် အသက် ၈၀ ကျော်အရွယ် အမယ်အို ဒေါ်လှကြည်က ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူ ပြည်သူအများထဲ တိုးဝှေ့ရင်း ရုံးပေါက်ဝ အထိ အရောက်လာကာ ဇွဲကြီးကြီးဖြင့် စောင့်ကြည့်ခဲ့သူ ဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးမှ ထွက်ခါနီး လူအုပ်ထဲမှ ဒေါ်လှကြည်ကို ဖျပ်ခနဲ တွေ့လိုက်သောကြောင့် ဒေါ်လှကြည်အနားအထိ သွားခဲ့ပြီး “အမေ နေကောင်းတယ် နော်”ဟု လက်ကိုဆွဲကာ တရင်းတနှီးနှုတ်ဆက်ခဲ့ကြောင်း ဒေါ်လှကြည် က ပြောပြသည်။

“အဲလို နှုတ်ဆက်တော့ အမေ့မှာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ အမေကို သူ မှတ်မိတယ်၊ မမေ့ဘူးပေါ့နော်” ဟု  စို့လာသော မျက်ရည်တို့ကို သုတ်ရင်း ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်နှင့် ဟိုစဉ် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသမား ဘ၀ကတည်းက ခင်မင်သိကျွမ်းခဲ့ဖူးကြောင်း ဒေါ်လှကြည်က ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းမှာ သခင်အောင်ဆန်း ဘ၀ ကတည်းကပင် ချွေတာခဲ့သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဘ၀မှာလည်း ချွေတာခဲ့ ကြောင်း၊ ခြံထဲရှိ ရေကန်တွင် ကန်စွန်းရွက် စိုက်၊ ဖရုံသီးများ စိုက်ကာ ဟင်းလုပ်စားခဲ့သူ ဖြစ်ကြောင်း ဒေါ်လှကြည်က ရှေးဟောင်း နှောင်းဖြစ်တို့ကို ပြောပြသည်။

“မမကြည်က အစ ပဲရေပွနဲ့ ငါးပိရည်ကို မြေအိုးနဲ့ချက်ပြီးတော့ စားတယ်၊ သူတို့ ဆန်ကောင်းတွေ၊ ဟင်းကောင်းတွေ မစားခဲ့ဘူး။ ပြည်သူတွေ စားသလိုပဲ သူတို့ မိသားစုလည်း စားတယ်၊ ဗိုလ်ချုပ်ဖြစ်တော့တောင် ငစိန်ဆန်ပဲ စားခဲ့ကြတယ်၊ ဟင်းဆိုလည်း ခြံထဲ က ကန်စွန်းရွက်တို့၊ ကင်းမွန်ရွက်တို့နဲ့ စားကြတယ်၊ အမေတို့ ဒါတွေ အကုန်သိခဲ့ မြင်ခဲ့ရတယ်၊ အခုလည်း ဒီကလေးက အမေ အဖေ ရဲ့ ကောင်းမွေတွေ အကုန်ရခဲ့တဲ့ သူတော်ကောင်းမလေး သူ့ကို ထောက်ခံပေးရမယ်”ဟု ဒေါ်လှကြည်က ပြောသည်။

၁၉၈၈ ခုနှစ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့သည့်အတွက် သူတို့ မိသားစုပိုင် လှယမင်းနှင့် မြယမင်း ဆို သော စာပုံနှိပ်စက်တွေကို အစိုးရက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

“အမေတို့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်ကြတယ်၊ အမေတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေလို့တဲ့။ ဒါပေမယ့် အမေ မကြောက်ဘူး၊ ငတ်ချင်လည်း ငတ်တော့လို့ အမေ စိတ်မာတယ်၊ ဒီကလေးကိုတော့ အားပေးရမယ်၊ ထောက်ခံ ရမယ်ပေါ့၊ သူက တိုင်းပြည်ကို ကောင်းတာ လုပ်တာ ဆိုတာ အမေသိတယ်၊ ယုံတယ်လေ”ဟု ဒေါ်လှကြည်က ဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရလျှင်လည်း အိမ်မှာ ကျန်ခဲ့သောသားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေအဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက်တလှည့်စီ NLDရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။

ဧရာဝတီမှကူးယူဖော်ပြပါသည်

Dhamma Guardian: လိင်တူချစ်သူယေရှု

Dhamma Guardian: လိင်တူချစ်သူယေရှု

ဘာကြောင့် အင်္ဂလိပ်စာဟာ Global Language ဖြစ်နေရသလဲ ? ဖြစ်နေဦးမှာလဲ ?

ကျွန်တော် wider picture ကို မရရအောင် ကြည့်လိုက်ပါတယ်။ "ကမ္ဘာ" ဆိုတဲ့ ဂြိုဟ်သေးသေးလေးတစ်ခုထဲမှာပဲ ကြည့်မနေဘဲ စကြာဝဠာ၊ အာကာသထဲထိရောက်အောင် ကြည့်လိုက်ပါတယ်။ ဘာတွေ တွေ.လာရသလဲဆိုတော့ တင်လိုက်ရင် ဘယ်တော့မှ မအောင်မြင်တဲ့ တရုတ်ဂြိုလ်တုယာဉ်ပျံ အစုတ်ပလုတ်တွေ၊ တင်လိုက်တိုင်းလိုလို ပေါက်ကွဲနေတဲ့ ပြည်မကြီးလုပ် အာကာသယာဉ်အစုတ်အပျက်တွေကို တွေ.ရပါတယ်။ အခုနောက်ဆုံး အင်္ဂါဂြိုလ်သွားဖို. Simulation လုပ်ဖို. Mars 500 project ကို ရုရှားက လုပ်ဖို. လျှောက်လွှာခေါ်ယူတဲ့အခါ Requirements ထဲမှာ ပါဝင်တဲ့ အရေးအကြီးဆုံး တစ်ချက်က Knowledge of Russian and English Languages at the professional level ဖြစ်တယ်။ အဲလို အရွေးခံရဖို.ဆိုတာ Computer Science, Mechanics တို.ကို အင်္ဂလိပ်စာနဲ. သင်ယူထားတဲ့လူပဲ အရွေးခံရမှာပါ။ (အာကာသယာဉ်ပေါ်က ခလုတ်တွေအားလုံးကို အင်္ဂလိပ်လို ရေးထားမှာကိုး) နောက်ဆုံး ၆ ယောက် အပြီးသတ်ရွေးချယ်တဲ့အခါမှာ ရုရှားလူမျိုး ၃ ယောက်၊ အီတာလျံ ၁ ယောက်၊ တရုတ် ၁ ယောက်၊ ပြင်သစ် ၁ ယောက် ပါဝင်တယ်။ ရုရှား ၃ ယောက် က ဘိုလို ရုရှားလိုရော ပြောနိုင်တဲ့အတွက် ကျန်တဲ့ ရုရှားလို မပြောနိုင်တဲ့ ၃ ယောက် အဆင်ပြေအောင် အားလုံး အင်္ဂလိပ်လိုပဲ ပြောကြတော့တယ် လို. ဖတ်ရပါတယ်။ အကောင်းတကာ့ အကောင်းဆုံး ဆိုတာတွေ အကုန်လုံးကို ခံစား (သို.) သုံးစွဲချင်ရင်တော့ အင်္ဂလိပ်စာမှာပဲ ရှိပါလိမ့်မယ်။ (အမေရိကန်ဟာ သူတို.သုံးနေတဲ့ တရုတ်ပစ္စည်းတွေကို မကောင်းမှန်းသိပေမယ့် ဈေးပေါလို. သုံးကြတာပါ) တရုတ်စာပေမှာတော့ ကွန်မြူနစ်ကြီးစိုးခဲ့မှုကြောင့် အနုပညာဟာ Art for people's sake ဆိုတဲ့ အင်မတန်ကျဉ်းမြောင်းတဲ့ အယူအဆနဲ. ယဉ်ကျေးမှုအဆင့်အတန်း လွန်စွာ ခေတ်နောက်ကျပြီး နိမ့်ကျပါတယ်။ (ကျွန်တော်ကတော့ တရုတ်စာရေးဆရာဆိုလို. လူရွှန်း (Lu Xun) တစ်ယောက်ပဲ ကြားဖူးပါတယ်)

နောက်ပြီး တစ်ကမ္ဘာလုံးမှာ လုပ်သမျှ သုတသနတွေအားလုံးနီးပါးဟာ အင်္ဂလိပ်စာနဲ. အားလုံးသဘောတူလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ Medical Research, Physics, Astrophysics, Astronomy, Aeronautical Science, Biomedical, Biotechnology, Social biology, Biochemistry, Paleontology, Sociology, Social Science, Management Science, Economic Principles, Communication Sciences, Diplomatic Science, Political Science, IT-related Technological Sciences, Archaeology, Evolutionary Biology, Chemical Engineering, Computer Engineering, Electronics, Mechanical Engineering,...............ပြောရရင် ဆုံးမယ် မထင်ဘူး။ အဲဒီအပေါ်က ကျွန်တော်ရေးပြခဲ့သမျှ စာလုံးတွေကို တရုတ်လို ဒုက္ခရှာပြီး အချိန်ကုန်ခံပြီး နားလည်အောင် ကြိုးစားနေကြမယ့်အစား ဆေးဝါးအသစ်၊ နည်းပညာအသစ်၊ ပစ္စည်းအသစ်တွေပဲ လူတွေ မြန်မြန်အကျိုးရှိဖို.အတွက် တီထွင်နေကြမှာပါ။ Electronics နဲ. Robotics မှာ ဂျပန် အခု တိုးတက်ဖြစ်ထွန်းနေမှုတွေကလည်း အမေရိကန်လူမျိုးတစ်ယောက်က အင်္ဂလိပ်စာနဲ. တီထွင်ခဲ့တဲ့ Fuzzy Logic ကြောင့်ပါပဲ။ နိုဗယ်ဆုတွေ (Peace, Economic Science, Physics, Chemistry, Literature, Medicine) ဆုတွေအများဆုံးရတာလည်း အမေရိကန်နဲ. အင်္ဂလိပ်လူမျိုးက အများစုပါပဲ။

အဲဒီတော့ အနောက်တိုင်းလူမျိုးတွေက တရုတ်စာ သင်ယူကြတယ်ဆိုတာလည်း Second Language အနေနဲ. တရုတ်တွေ.ရင် နှုတ်ဆက်တတ်ရုံလောက်သာ ဖြစ်ပြီး သူတို.ရဲ့ တီထွင်ကြံဆမှုတွေအားလုံးဟာ အင်္ဂလိပ်စာနဲ.ပဲ ရှေ.ဆက်ကြမှာပါ။ နောက်အရေးကြီးတဲ့ တစ်ချက်က အင်္ဂလိပ်ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့တဲ့ အာဖရိကနိုင်ငံတွေမှာလည်း ခုထိ Official Language အဖြစ် အင်္ဂလိပ်စာကိုပဲ သုံးနေကြတာပါ။ India, Pakistan တို.မှာလည်း Official Language က အင်္ဂလိပ်စကားပါပဲ။ အမေရိကန်မှာ စပိန်စကားဟာ Popular ဖြစ်နေတယ်ဆိုပေမယ့် ပြည်နယ်အစိုးရပေါင်း ၃၀ က Official Language အဖြစ် အင်္ဂလိပ်စာကိုပဲ သတ်မှတ်ထားပါတယ်။ (ပြည်နယ် ၅၀ မှာ ၃၀ တောင် အင်္ဂလိပ်လိုချည်းပဲ ပြောကြတယ်ဆိုတော့ စဉ်းစားကြည့်ပါ) ကမ္ဘာ.နိုင်ငံပေါင်း ၃၄ နိုင်ငံက အင်္ဂလိပ်စကားကို Primary Language အဖြစ်ပြောနေကြပြီး တခြားကျန်တဲ့ ၃၅ နိုင်ငံမှာတော့ အင်္ဂလိပ်လို သိပ်မပြောကြပေမယ့် Official Language အဖြစ် သတ်မှတ်ထားပါတယ်။ နောက်ပြီး အင်္ဂလိပ်ကို ဂျာမန်က မုန်းတီးတယ်ဆိုတာက မဖြစ်နိုင်ဘူးလို. ထင်တယ်။ English Language ကိုက West-Germanic Language ဖြစ်နေပြီး English Language Family ထဲမှာ Germanic, West-Germanic ဆိုပြီး ပါဝင်နေတာ တွေ.ရတယ်။

နောက်ထပ်အရေးအကြီးဆုံးလို. ယူဆမိတဲ့တစ်ချက်ကို နောက်ဆုံးအနေနဲ. ပြောလိုပါတယ်။ အဲဒါကတော့ အင်္ဂလိပ်စာကနေ ပွားပြီး ဖြစ်လာတဲ့ ဘာသာစကားတွေ အကြောင်းပါ။ အဲလို ဘာသာစကားမျိုးပေါင်း ရာချီ ရှိပါတယ်။ Dialectic Languages လို.ခေါ်ပါတယ်။ ဥပမာ - အာဖရိကဆိုရင် African English. African English မှာမှ နိုင်ငံအပေါ်လိုက်ပြီး အမျိုးမျိုးရှိသေးတယ်။ South African English, Uganda English, Nigerian English, Cameroon English.......စသဖြင့်။ အာရှမှာဆိုလည်း Singlish or Singapore English, Philippine English, Indian English, Indian English မှာမှ Hinglish, Tamil English, စသဖြင့် အမျိုးမျိုးရှိသေးတယ် .............။ Caribbean, North America, Africa, Oceania, Asia, Central and South America, Europe ကမ္ဘာပေါ်မှာ ရှိသမျှ တိုက်ကြီးအားလုံးမှာ အင်္ဂလိပ်စာဟာ သူ. Standard English အနေနဲ. မဟုတ်ရင်တောင် တခြားပုံစံအမျိုးမျိုးနဲ. နှစ်ပေါင်းများစွာ စီးဝင်နေတုန်းပဲ လို. ကြိမ်းသေကောက်ချက်ချနိုင်ပြီး အင်္ဂလိပ်စာဟာ တစ်သက်လုံး Officially Global Language ဖြစ်သွားမှာပါ လို. (ကြိမ်းသေ) ပြတ်ပြတ်သားသား ထပ်ပြောလိုပါတယ်။ World Language or Global Language ရဲ့ Definition ကိုက

A world language is a language spoken internationally, which is learned by many people as a second language. A world language is not only characterized by the number of its speakers (native or second language speakers), but also by its geographical distribution, and its use in international organizations and in diplomatic relations.

ဆိုတော့ကာ World Language ရဲ့ characteristics နှစ်ချက်စလုံးနဲ. ကိုက်ညီနေပြီးတဲ့အပြင် Universality, Flexibility ဂုဏ်သတ္တိတွေနဲ.ပါ ပြည့်စုံနေတဲ့ အင်္ဂလိပ်စကားဟာ အခုမှ နောက်တက်တရုတ်စာထက် အများကြီး အသာရနေပြီးသား လို.ပြောနိုင်ပါတယ်။

Khun Cho

References or your supposedly-further reading -

http://www.aolnews.com/tag/Mars-simulation/

http://news.bbc.co.uk/2/hi/uk_news/magazine/8711216.stm

http://www.esa.int/SPECIALS/Mars500/

http://en.wikipedia.org/wiki/List_of_countries_where_English_is_an_official_language

http://en.wikipedia.org/wiki/International_English

http://en.wikipedia.org/wiki/World_language

http://en.wikipedia.org/wiki/English_language

http://en.wikipedia.org/wiki/List_of_dialects_of_the_English_language

ငြိမ်းချမ်းရေးသို. အတွေးစများ





စစ်နှင့် ရုပ်ရှင်

                      စစ်နဲ. ပတ်သက်ပြီး တီဗွီဖန်သားပြင်ပေါ်မှာလောက်တော့ တွေ.ဖူးကြလိမ့်မယ်လို. ထင်တယ်။ ဒီနှစ် အော်စကာဆုရ ရုပ်ရှင်ကားကလည်း အီရတ်စစ်ပွဲ အခြေခံထားတဲ့ “The Hurt Locker” ဖြစ်နေတယ်။ “Platoon”, “Born on the fourth of July”, “We were Soldiers”, “Saving Private Ryan”, “Black Hawk Down”, “Letters from Iwojima”…..အစရှိတဲ့ ရုပ်ရှင်ကားတွေကြောင့်လည်း စစ်ရဲ. အနိဌာရုံတွေကို ပိုမို မြင်တွေ. သိရှိလာခဲ့ကြရတယ်။


စစ် ဘာကြောင့် စစ်

                      ကမ္ဘာပေါ်မှာ ဖြစ်ခဲ့သမျှ စစ်ပွဲတွေရဲ. အကြောင်းရင်းကို လေ့လာကြည့်လိုက်ရင် လူတို.ရဲ. နှလုံးသွေး ဆူပွက် အုံကြွမှုကြောင့် (တစ်နည်း) အနုသယကိလေသာ ၆ ပါး (လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဒိဠိ၊ ၀ီစိကိစ္စာ) အစွန်းရောက်လို. စစ်ဖြစ်ကြရတယ်လို.သာ အနှစ်ချုပ်ရမှာပါ။ (မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ `ဒီဘုန်းကြီး အလွန်ဆုံး တရားဟောနိုင်လှ ၁ နာရီ၊ ကိလေသာက ၂၄ နာရီလုံး ဟောနေတာ´ တဲ့) SAT 1 Essay တစ်ပုဒ်မှာ “The end justifies the means.”  “ဘယ်နည်းလမ်း သုံးသုံး အနိုင်ရဖို.သာ ပဓာန” ဆိုတဲ့ Topic တစ်ခုကို စစ်ပွဲနဲ. ဆက်စပ်ပြီး ဆွေးနွေးခိုင်းတာ ကြုံဖူးပါတယ်။ “ဘယ်လိုပဲ အကြောင်းပြပြ၊ တရားမျှတ ကျိုးကြောင်းဆီလျော်တဲ့ စစ်ပွဲဆိုတာ လုံးဝမရှိ” လို.သာ ရေးဖြေခဲ့ပါတယ်။ “No matter what justifications may be offered, in my view, there is absolutely no such thing as a just and correct war.”  ဘယ်စစ်ပွဲမှာမဆို နိုင်တဲ့သူပဲ ဖြစ်ဖြစ်၊ ရှူံးတဲ့သူပဲ ဖြစ်ဖြစ် အသေ အပျောက်တော့ ရှိတာပဲလေ။ တစ်စုံတစ်ယောက် (သို.) လူတချို.ရဲ. အလိုဆန္ဒ ပြည့်ဝစေဖို.ရာ လူ.အသက်ပေါင်းများစွာ စတေးခံခိုင်းတယ်ဆိုတာ လူဆန်တဲ့ အပြုအမူ ဟုတ်ပါသေးရဲ.လား……….။


အတိုက်အခံနှင့် ဒိုင်ယာလော့ဂ် ပြဿနာ


                       ဒီနေရာမှာ အတိုက်အခံနဲ. ပတ်သက်ပြီး နည်းနည်း ပြောကြည့်ချင်ပါတယ်။ အတိုက်အခံလုပ်တာနဲ.ပတ်သက်ပြီး အင်္ဂလိပ်စာမှာ စကားလုံးပေါင်းများစွာရှိနေတာ တွေ.ရတယ်။ Activism, Marches, Strikes, Boycotts, Protests, Demonstrations, Revolutions, Riot, Crisis, Rebellion, Resistance, Revolt, Rallies, Uprising, Disturbances, Insurgency, Insurrections, Antagonism, Opposition…………စသဖြင့် (ဒါတောင် ကျန်ရင် ကျန်ဦးမယ်) ရှိပေမယ့် မြန်မာလိုမှာတော့ `အုံကြွ ဆန္ဒပြ သောင်းကျန်း၊ ဆန်.ကျင် တော်လှန် သပိတ်မှောက်´ လောက်နဲ.တင် စကားလုံး ဖူလုံနေတယ်။ Activism ကို Umbrella Term အဖြစ် သတ်မှတ်လိုပြီး သူ.ထဲမှာ Rallies, Marches, Strikes, Boycotts, Protests …စသဖြင့်….ငြိမ်းချမ်းစွာ အတိုက်အခံလုပ်တာမျိုးတွေ ပါဝင်ပြီး အပြောင်းအလဲတစ်ခု အစပြုဖို.အတွက် လုပ်ဆောင်သမျှသော Activity အားလုံး အကျုံးဝင်ပါတယ်။ Activism လို. သုံးနှုန်းလိုက်တိုင်းလည်း ထောက်ခံတဲ့ Activity ရှိသလို အများစု (အားလုံးနီးပါး) ဟာ ဆန်.ကျင်ဖီလာလှုပ်ရှားမှုတွေသာ ဖြစ်တယ်။ Activism ထဲမှာမှ လက်နက်ကိုင် အတိုက်အခံတွေအဖြစ် Revolution, Rebellion, Resistance, Revolt, Insurgency တို.ကို သတ်မှတ်နိုင်ပါမယ်။ သူတို. ၅ ခုဟာ စစ်ပွဲတွေဆီ တိုက်ရိုက် ဦးတည်နိုင်တဲ့ အလားအလာ ရှိပါတယ်။


ထကြွသောင်းကျန်းမှုပုံစံကွဲများ


(၁)  Mutiny (မိမိအထက်အရာရှိတပ်မှူးကို ဖီဆန်၊ တပ်တွင်းပုန်ကန်မှု)
(၂)  Nonviolent Resistance or Civil Disobedience  (လက်နက်မဲ့ ငြိမ်းချမ်းစွာတော်လှန်မှု၊ Demonstration နဲ.အတူတူပါပဲ)
(၃)  Resistance Movement (ကိုယ့်နိုင်ငံသိမ်းပိုက်ခံရလို. လွတ်လပ်ရေးအတွက်              တိုက်ပွဲဝင်မှု)
(၄)  Revolt (ပြည်လုံးကျွတ်မဟုတ်ဘဲ ကွက်ကြားကြိုကြားထကြွမှု)
(၅)  Revolution (လက်ရှိအစိုးရကို ဖြုတ်ချပစ်ဖို.တော်လှန်ခြင်း၊ Complete Change နဲ. ရှိပြီးသား Constitution ကို modify လုပ်ခြင်း ဆိုပြီး နှစ်မျိုးကွဲတယ်)
(၆)  Subversion (အစိုးရကို လှိုက်စားပျက်စီးစေရန် သူလျှိုများဖြင့် လျှို.၀ှက်စွာကြိုးပမ်းခြင်း)
(၇)  Terrorism (ဘာသာရေး၊ နိုင်ငံရေး၊ စစ်ရေးသွေးကြွအစွန်းရောက်တို.ရဲ့ အကြမ်းဖက်လုပ်ရပ်များ)


(အခု မြ၀တီမှာ DKBA နဲ. အစိုးရတပ်တွေ ပစ်ခတ်နေတာမျိုးဟာ Revolt နဲ. Revolution စပ်ကြားလောက်လို. ထင်တယ်)


                     ဘယ်လို ပဠိပက္ခမျိုးကိုမဆို အသိဥာဏ်ရှိတဲ့ လူသားတွေအနေနဲ. ဆင်ခြင်မှု (Reasoning/ Wisdom) နဲ. ထိန်းထိန်းသိမ်းသိမ်း အပြန်အလှန် ညှိုနှိုင်း ပြောဆိုကြခြင်း (Dialogue) ဖြင့်သာ ဖြေရှင်းကြစေလိုပါတယ်။ နို.မို.ဆို ကြားထဲက ပြည်သူလူထုခမျာ အတိဒုက္ခရောက်၊ ကပ်ဆိုက်ကြရတာပဲ အဖတ်တင်တယ်။ Dialogue အစပြုဖို.ရာ အဓိက ပြဿနာက ကိုယ့်အမြင်သာလျှင် အမှန် (ငါ အမှန်၊ ငါနဲ. မတူ ရန်သူ) လို. ကိုယ်လိုရာ တရားလွန် တရားသေ ဆွဲတွေးလွန်းခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ - မိဘက မိဘလို တွေးပြီး ကလေး ဖြစ်ချင်တာကို နားလည်မပေးဘဲ တဇွတ်ထိုး လုပ်ပစ်တာမျိုးတွေပေါ့။ အဲလိုပဲ သားသမီးကလည်း မိဘနေရာကနေ ဘယ်လိုလုပ် ကိုယ်ချင်းစာ ပေးနိုင်မှာလဲ…။ (တလွဲ အဓိပ္ပာယ် မကောက်စေလိုဘဲ မိဘနှင့် သားသမီး ဥပမာပေးခြင်းမှာ (Figurative) ၀င်္က၀ုတ္တိသဘောများ မပါဝင်ဘဲ မိဘနှင့် သားသမီးလို.သာ ရိုးရိုးရှင်းရှင်း မှတ်ယူကြစေလိုပါသည်)


သမိုင်းနှင့် စစ်

                     သမိုင်းဖတ်စာ ဆိုတာလည်း ကိုယ်လိုရာ ဆွဲပြောပြီး ရေးသား ဖန်တီးထားကြတာမျိုး၊ (ခပ်ကြမ်းကြမ်း ပြောရရင်) Brainwash လုပ်ပစ်ကြတာမျိုး ဖြစ်ပါတယ်။ ဥပမာ - “Christopher Columbus discovered the America.”  ဆိုတဲ့ အရေးအသားမျိုးကို သေချာ လေ့လာကြည့်ပါ။ ဥရောပသားတို.ရဲ. ရှုထောင့်ကနေ ရေးသားချက်မျိုးပါ။ ကိုလံဘတ်စ် မတွေ.ခင်ကတည်းက အမေရိကတိုက်မှာ အမေရိကန်တွေ ရှိနေခဲ့ပြီးသားပါ။ ဒေသခံ အမေရိကန်လူမျိုးတို. အမြင်မှာတော့ “Columbus invaded the America.” လို.ပဲ ဖြစ်မှာပါ။ ကိုလံဘတ်စ်ကို အကြောင်းပြုပြီး နောက်ပိုင်းမှာ “Discovery”  , “Exploration” , “Explorer” ဆိုတဲ့ စကားလုံးတွေကိုပဲ သမိုင်းပညာရှင်တို.ဟာ လှိုင်လှိုင်ကြီး သုံးလာခဲ့ကြပါတော့တယ်။ ဥပမာ - “Magellan” ဟာ တကယ်တော့ “Invader” ကျူးကျော်သူ ဖြစ်ပေမယ့် “Explorer” လို.သာ ဂုဏ်ပြု ရေးသားခြင်း ခံရပါတယ်။ ဒေသခံလူမျိုးစုတို.ရဲ. အသက်သွေးချွေးတွေ၊ တော်လှန်ရေးစစ်ပွဲတွေကိုတော့ လူကြားကောင်းအောင် ရေးထားတဲ့ သမိုင်းဖတ်စာတွေဟာ လျစ်လျူရှုထားခဲ့ကြပါတယ်။ ကိုလိုနီနယ်ချဲ.တို.ရဲ. လိုရာ ဆွဲရေးထားတဲ့ သမိုင်းအမြင်တွေမျှသာ။ မြန်မာ့သမိုင်းမှာလည်း ထိုနည်းလည်းကောင်းတွေ အများကြီးမှ အများကြီး ရှိနေမှာပါ။ (ဆက် မပြောပါရစေနဲ.တော့) ပြင်သစ်သမိုင်းပညာရှင် Jules Michelet ကတော့ “The real heroes of history are ordinary people.” လို.ဆိုပါတယ်။ ရုတ်တရက် ဖတ်ကြည့်လိုက်ရင် ဆိုရှယ်လစ်အမြင်လို. ယူဆနိုင်ဖွယ်ရာ ရှိပေမယ့် သေချာတွေးကြည့်တော့မှ သူက Humanity ရှုထောင့်ကနေ ပြောထားမှန်း သိနားလည်ရပါတယ်။ သမိုင်းကို ဖန်တီးသူတွေဟာ ဗိုလ်ချုပ်တွေလည်း မဟုတ်၊ အာဏာရှင်တွေလည်း မဟုတ်၊ ဓနရှင်တွေလည်း မဟုတ်၊ စစ်ပွဲတွေလည်း မဟုတ်ဘူးတဲ့။ လူကို လူလို ဆက်ဆံတတ်ကြသူတွေ၊ လူသားချင်း စာနာ ထောက်ထားတတ်ကြသူတွေသာ ဖြစ်တယ်လို. သူက ဆိုပါတယ်။ အဲဒီလို လူဆန်တဲ့ လူတွေနဲ. သမိုင်းအသစ်ကို အတူတူ ရေးကြရအောင်လား…….။


တော်လှန်ရေးနှင့် ၂၁ ရာစု ကျက်သရေမင်္ဂလာ


                        တော်လှန်ရေး (Revolution) မှာမှ အမျိုးမျိုး ရှိပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စက်မှုတော်လှန်ရေး၊ (နောင်ဆို စက်ရုပ်တော်လှန်ရေး ဖြစ်လာမလား မသိ) ၊ သိပ္ပံ၊ အနုပညာ တော်လှန်ရေး……စသဖြင့်……….။ ပြင်ပ ဆက်စပ်အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ လူသားတွေကိုက တစ်ကိုယ်ကောင်း အတ္တစိတ်တွေ သိပ်များနေရင်တော့ ကမ္ဘာကြီးလည်း ဘယ်လိုမှ ငြိမ်းချမ်းနိုင်ဖွယ်ရာ လမ်းမမြင်ပါ။ ၁၉၆၃၊ မိန်.ခွန်းတစ်ခုမှာ John F. Kennedy က “Our problems are man-made – therefore, they can be solved by man. And man can be as big as he wants.” လို. ပြောခဲ့ဖူးတယ်။ စစ်ပွဲတွေကို ကျော်လွှား ရှောင်ရှားနိုင်ဖို.ဆိုရင် ကျွန်တော်တို.ရဲ. အတွင်း စိတ်သန္တာန်မှာ အလစ်တိုက်ဖို. ပုန်းလျှိုး ကွယ်လျှိုး ၀ပ်နေတဲ့ တစ်ကိုယ်တော် အတ္တ အခံ ဓာတ်ကလေးတွေကို အရင်ဆုံး အနိုင်ယူ တော်လှန်ရပါလိမ့်မယ်။ ဒုတိယအဆင့်အနေနဲ. လူသားအချင်းချင်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ခင်မင် ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည် ပွင့်လင်းမှု၊ ကြိုဆို အသိအမှတ်ပြုမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တဖြည်းဖြည်းချင်း တည်ဆောက်ကြရပါမယ်။ ဒီနေရာမှာ ပြင်သစ်တွေးခေါ်ပညာရှင် Montaigne ရဲ. သဘောထားကို ကိုးကားလိုပါတယ်။

“No proposition astounds me, no belief offends me, however much opposed it may be to my own. Contradictions of opinion only arouse and exercise my mind.”

                      ဒီစာသားတွေကို ကြည့်ခြင်းဖြင့် Montaigne ဟာ Open-minded/Broad-minded ရှိသူ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ သူဟာ Dialogue ကို ကြိုဆိုပြီး Dialogue ကို အမှန်တရား ရှာဖွေရေး ကိရိယာတစ်မျိုး အဖြစ် လူတွေကို အသုံးပြုစေလိုတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ဒီအတိုင်း ငုပ်တုတ် ထိုင်စောင့်နေရုံနဲ. မိုးပေါ်က ကျလာမှာမှ မဟုတ်တာပဲ…….။

                      တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲ တော်လှန်နိုင်ဖို. ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ သူငယ်ချင်းအိမ် သွားလည်တာ အိမ်တံခါး ခေါက်ဖို.လေးကိုတောင် မ၀ံ့မရဲ ဖြစ်နေလို. ကိုယ့်အိမ်ကိုယ် ပြန်ပြေးလာခဲ့ရတဲ့ George Bernard Shaw ဆိုတာ အဟော အပြောကောင်းသူ တစ်ယောက်ဖြစ်လာခဲ့သလို အဟိသလမ်းစဉ် ပဲ့ကိုင်ရှင်၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ဗိသုကာ ဂန္ဒီ (Mahatma Gandhi) ဆိုတာလည်း ရှေ.နေဘ၀တုန်းက ပထမဆုံးလိုက်တဲ့ အမှုမှာ သူလျှောက်လဲချက် ပေးရမယ့်အလှည့်ရောက်တော့ ရှိုးတိုးရှန်.တန်.နဲ. ကြောက်လန်. တွန်.ဆုတ်နေလို. လျှောက်လဲချက် မပေးတော့ဘဲ တရားခွင်ထဲကနေ အရှက်တကွဲ ထွက်ခွာသွားခဲ့ရဖူးတယ်။ ဒါပေမဲ့ သူတို.တွေဟာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို. အချိန်တန်ပြီလို. လင်းပွင့်ခဲ့ကြတဲ့ အချိန်လေး (Moment of Enlightenment) မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့တဲ့အတွက် ကမ္ဘာကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ ဖြစ်လာခဲ့ကြတာပါပဲ။

                       မြန်မာတို.ဟာ မဟုတ် မခံ၊ မတရားတာ မခံ၊ တော်လှန်စိတ် (Revolutionary-minded) ရှိကြသူတွေ ဖြစ်ပြီး Revolution များနဲ.သာ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်တွေကို တည်ထောင်ခဲ့ကြတယ်ဆိုတာလည်း သမိုင်းသက်သေ အထင်အရှားပါပဲ။ အာဏာရူး ပေါတောတော မင်းဆိုးမင်းညစ်တွေကို ဖြုတ်ချပစ်ခဲ့ကြတဲ့ သမိုင်းအဖြစ်အပျက်တွေဟာလည်း တကယ်ကို အမြောက်အမြားရှိခဲ့တယ်။ ဒါတွေဟာ ဘာကို ပြသလဲဆိုရင် မြန်မာတို.ရဲ. အရေးကြီးရင် `သွေးကြီး´ပုံ၊ `သွေးနီး´ပုံ၊ `သွေးစည်း´ပုံ၊ `သွေးကောင်း´ပုံတွေကို ညွှန်းဆိုနေသလိုပါပဲ။ ဒါပေမဲ့ `သွေးဆွ´တာကို `သွေးရူးသွေးတန်း´နဲ. `သွေးတိုးစမ်း´သလို `သွေးနားထင်ရောက်´ ပြီး `သွေးချင်းသားချင်း´ကို `သွေးခွဲ´မိ၊ `သွေးထွက်သံယို´လုပ်မိ၊ `သွေးဆူဆူ´(သို.)`သွေးဆာဆာ´နဲ. `သွေးဆိုး´မိလို. `သွေးမြေကျ´ရတဲ့ အဖြစ်မျိုးတွေကိုတော့ ရှောင်ရှားနိုင်ဖို. ကျွန်တော်တို.အားလုံး သတိပြုကြရပါမယ်။

                      ၂၁ ရာစုကြီးရဲ. လက်ကျန် နှစ် ၉၀ မှာ စစ်ပွဲတွေ ကင်းစင်ဖို.ရာ လူသားတိုင်း တစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်။




“တစ်လောကလုံး ကျက်သရေ ရှိဖို.ဆိုတာ
တစ်ယောက်ကပဲ စ,ရတာ ဖြစ်လို.
တစ်ယောက်တလေ ကျက်သရေကို သိပြီး
ကျက်သရေ ရှိသွားမယ်ဆိုရင် ကျေနပ်စရာပါ
အဲဒီတစ်ယောက်က စာဖတ်သူကိုယ်တိုင် ဖြစ်မယ်ဆိုရင်တော့
အတိုင်းထက်အလွန်ပေါ့။ ”

                                      (ဓမ္မဘေရီ အရှင်ဝီရိယ)





နို၊ ၂၀၁၀
ခွန်းချို
The Second Coming        (William Butler Yeats)





Turning and turning in the widening gyre
The falcon cannot hear the falconer;
Things fall apart; the centre cannot hold;
Mere anarchy is loosed upon the world
The blood-dimmed tide is loosed, and everywhere
The ceremony of innocence is drowned;
The best lack all conviction, while the worst
Are full of passionate intensity.

Surely some revelation is at hand;
Surely the Second Coming is at hand.
The Second Coming! Hardly are those words out
When a vast image out of Spiritus Mundi
Troubles my sight: somewhere in sands of desert
A shape with lion body and the head of a man,
A gaze blank and pitiless as the sun,
Is moving its slow thighs, while all about it
Reels shadows of indignant desert birds.
The darkness drops again; but now I know
That twenty centuries of stony sleep
Were vexed to nightmare by a rocking cradle,
And what rough beast, its hour come round at last,
Slouches towards Bethlehem to be born?





[အပေါ်က ကဗျာဟာ နိုဘယ်စာပေဆုရ Irish ကဗျာဆရာကြီး W.B.Yeats ရဲ. အကောင်းဆုံးလက်ရာတွေထဲက တစ်ခု (Magnum Opus/ Masterpiece) ဖြစ်ပြီး Modern Poetry ရဲ. ရှေ.ပြေး ကဗျာတစ်ပုဒ်လို.လည်း သတ်မှတ်ထားကြပါတယ်။ အဲလို Grand canon ကြီးကို ကျွန်တော့်လို ကဗျာရူး ငချွတ်လေးက Parody ပုံစံဖြစ်အောင် စမ်းရေးကြည့်ဖြစ်ပါတယ်။ အကြမ်းဖျင်း နားလည်ထားတာကတော့ Parody ဆိုတဲ့ စာပေအမျိုးအစား (Literary Genre) ဟာ သူများ ရေးပြီးသား လေးနက်တဲ့ ပုံစံ/ အထာကျ၊ ခိုင်မာပြီးသား ရေးဟန် (Pronounced rhythm, mood, pattern) ကို တုပ နောက်ပြောင် သရော် ရေးသားချက်တစ်မျိုးပါပဲ။ Comic သဘော၊ Satiric imitation လို.လည်း ခေါ်ကြပါတယ်။ ကျွန်တော်သိထားတာ မှားချင် မှားနိုင်ပါတယ်။ Parody စစ်မစစ် မသိ၊ ဘာမှန်းမသိဘဲ အောက်မှာ စမ်းရေးထားတာလေးကို အပေါ်က ဆရာကြီးရဲ. ကဗျာနဲ. ယှဉ်ပြီး ဖတ်ရှုပေးကြပါဦး။ ဒီပုံစံမျိုး တစ်ခါမှ မရေးဖူးသေးတဲ့အတွက် ဖတ်ရတာ အဆင်မပြေဖြစ်ခဲ့ရင် သည်းခံပေးပါ။ ကော်ပီသီချင်းနဲ.တူတယ်လို.လည်း ပြောလိုက ပြောနိုင်ပါတယ်။ တကယ်တမ်း ရေးချင်တာက Parody စစ်စစ်ပါ။ ရေးရတာ တော်တော် ပျော်စရာကောင်းတာ တွေ.ရပါတယ်။ ရွေးကောက်ပွဲနဲ. မုန်တိုင်းကို ဆက်စပ်ပြီး ကဗျာနာမည်ကိုတော့ “The Second Storming” လို. ပေးချင်ပါတယ်]


      
          The Second Storming





Jamming and jamming in the narrowing gyre
The sheep are not allowed to speak to the shepherds;
Things sum up; the centre can hold (quite easily with fables);
Mere oligarchy is restricted to this little exclusive world.
The bribe-stained tide is loosed, and everywhere
The ceremony of fiddles drinks too much;
The peacocks lack all conditions, while for the bullocks
Mangers are always full of super-standard hay.

Surely stonewalling stereotypes are at hand;
Surely the Second Storming is at hand.
The Second Storming! Fluently or nervously are those words out
When an ominous image out of it
Stings our naked eyes: somewhere on grounds of pastures
A big cheese with swine body and the head of a toad,
A face blank and pitiless as a bulldog,
Can barely move its flabby thighs, (A worthy effort!)
With flocks of starving scavengers
Insatiably hanging around it.
The seeming bright side flogged to death
Having solar eclipses (mostly totally) now and then;
But now it is clear that those twenty years of the marathon “Deadlock”
Have fallen between two stools,
And what pest or pet or China-man, its massage session comes round at last,
Speeds up towards Burma to be happily dead?



(Note - “A big cheese”, “flogged to death” and “fallen between two stools” are idiomatic expressions.)




Khun Cho

October 23, 2010


>>> Yangon under a Cloud >>>

ြူ


Yangon simply started an intro,
“Welcome to the globalized trends!”

Yangon scornfully complained,
“Some arrogant medicos are greasier than eels, so patients have to be patient.
Even buying a costly treatment is like eating cheap coarse-grained meat.
So there, just the most coveted prefix, nothing more? Yet not that worth it too, huh?”

Yangon murmured,
“Loosely-established systems tightly bent and blended by system-establishers themselves.”

Yangon questioned in an observant way,
“Is it up to each own ideals that everyone wants to jump every queue for everything?

Yangon sometimes shrieked out in a toneless voice,
“Bear in mind. It’s just, you know, (so-called) provisional. And then provisionally forever.”

Yangon thanked and complimented,
“Under the auspices of very some reliable representatives,
I seem like a proficient purveyor.”

Yangon cautioned,
“Separate the sheep from the goats.”

Yangon admitted in public,
“I have never heard of a guy called ‘Copyright’. Is he friendly?”

Yangon mourned,
“Life, hope, possession all gone with the fire
Just in time of delay.”

Yangon grumbled at herself,
“Cream rich and thick, crusts far richer and thicker.
So they are always worlds apart.”

Yangon prides herself on always revealing that
“The most beneficial conversation is about cease-or-ease matters of the most basic human needs, i.e., being used to getting contacts with celestial bodies at night.”

Yangon sadly said,
“I feel awful about multitudes of vagrant grainy lives on the streets. What else can I do for them?”

Yangon heralded an announcement,
“One should live in the vicinity of the Napoleons if possible, and offer a few sacrifices to propitiate them in order to do Herculean businesses and to attain a certain degree of viability.”

Yangon groaned with pain,
“The notorious law-breakers can get away with nothing to lose from me so much more easily than Thaksin Shinawatra.”

Yangon wearily surrendered,
“No more desires to demonstrate desires.”

Yangon cleared her view to all,
“I don’t mind about brain drain. I just care about drainage schemes.”

Yangon recommended her people,
“Be self-reliant, be self-reliant!”

Yangon concluded sententiously,
“I should have thought of consequences before I acted like the real Yangon.”



(Dedicated to my home place Yangon & the people of Yangon)



March, 2010.

Khun Cho



(မှတ်ချက် - Napoleon နာမည်ရင်းသည် s မပါ ပါ။ ဒီကဗျာမှာတော့ တမင် Napoleons လုပ်ထားခြင်းကိုသဘောပေါက်လိမ့်မည်ဟုယူဆပါသည်။ ဒီကဗျာဟာ ကိုယ်နေတဲ့မြို.ကြီးကို ကောင်းစေ၊ တိုးတက်စေချင်တဲ့စိတ်နဲ. ရေးဖြစ်ခြင်းမျှသာ။ ရန်ကုန်ကြီးသာ တကယ်တိုးတက်နေရင် ဘယ်သူမှ မိသားစုနဲ.ခွဲပြီး ဘယ်မှထွက်သွားစရာအကြောင်းမရှိပါ။ အားလုံးရဲ့သဘောထားပာာ ဒီနေရာမှာ (မေးစရာမလိုအောင်ကို) ထပ်တူထပ်မျှပါပ။ဲ လိုရာခရီးရောက်နိုင်ကြပါစေ။)